|
|
Related News
|
|
•
ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း •
ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ် • ယေဘုယျသမားနှင့်
အထူးပြုသမား •
သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ် • ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ် •
သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား •
ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ •
နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ •
ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း |
|
Archive News |
|
အဖေ့ဆီကအိပ်မက်များ(၁၄)
ယခင်အပတ်မှအဆက်
အမေ့ဘဏ်က သည်လို မျိုး ကျား/မ ခွဲခြားမဆက်ဆံသင့်ကြောင်း အမေက တွတ်ကို တစ်ကြိမ် ထက်မက ပြောဖူးသည်။ သို့သော် တွတ်က အမေ့မှတ်ချက်ကို ငြင်းပယ် သည်။ လူတစ်ဦးချင်းစီတိုင်းက တစ် ခုခုကို မကျေနပ်စရာရှိနိုင်ကြသည် ဟု အဘွားကပြန်ပြောသည်။ အဘွား က ဘာတစ်ခုမျှ မကျေမနပ်မဖြစ်ပါ။ နံနက်တိုင်း နံနက်ငါးနာရီမှာ အိပ်ရာ ထသည်။ ထို့နောက် အိမ်ခန်းထဲဝတ် နေကျ အောက်သိုးသိုးဝတ်ရုံရှည်ကြီး နှင့် ကိုယ်ဟန်ကျကျ အ၀တ်အစား များနှင့် ဒေါက်မြင့်တို့ကိုလဲဝတ်သည်။ မျက်နှာကို တို့ပတ်ရိုက်သည်။ တင်ပါး တွင် ဗိုက်ချပ်ခါးစည်းသည်။ ခပ်ပါး ပါးဆံပင်တို့ကို တောင့်တင်းအောင် လုပ်သည်။ မြို့ထဲကရုံးသို့ ဘယ်သူမှ မရောက်မီ အရောက်သွားနိုင်အောင် ခြောက်နာရီခွဲဆိုက်သည့် ဘတ်စ်ကား ကို စီးသည်။ အချိန်နှင့်အမျှ အဘွား က အလုပ်အပေါ်မာနထားလာသည်။ ပြီးတော့ စီးပွားရေးသတင်းနောက် ကွယ်က ဇာတ်လမ်းများအကြောင်း ကျွန်တော်တို့ကို မြိန်ရေရှက်ရေပြော တတ်လာသည်။ ကျွန်တော် နည်းနည်း အရွယ်ရလာတော့ အဘွားက အတွင်း စကားတွေ ကျွန်တော့်ကို ပြောလာ သည်။ သူက ခြံတိုင်အဖြူရောင်လေး နှင့် အိမ်တစ်လုံးလိုချင်တာတွေ၊ ပြီး တော့ နေ့ဘက်မှာ မုန့်ဖုတ်ရင်း၊ ဒါမှ မဟုတ် အပျင်းပြေဖဲကစားရင်း၊ ဒါမှ မဟုတ် မြို့စာကြည့်တိုက်ကလေးမှာ စေတနာလုပ်အားပေးသွားလုပ်ရင်း အချိန်ဖြုန်းချင်တာတွေ၊ အဲဒီစိတ်ကူး တွေကို သူ ဘယ်တော့မှမဖျက်ဟု အဘွားက ပြောသည်။ အဘွားက မျှော်မှန်းတာတွေ၊ ၀မ်းနည်းပက်လက် ဖြစ်ရတာတွေကို ထုတ်ဖော်ပြောခဲ့ သဖြင့် သူကအခုလိုပြောသည်ကို ကျွန် တော် အံ့အားသင့်ခဲ့ရသည်။ အဘွား က သူ့ကိုယ်သူစိတ်ကူးခဲ့သည်နှင့် မတူ ခြားနားသော ရာဇ၀င်ကို ဖြစ်စေချင်ခဲ့သည်မှာ ဟုတ်သလား၊ မဟုတ်သလား သေသေချာချာမသိ။ အိမ်အပြင်ထွက်အလုပ်လုပ်ရသည့် ဇနီးသည်တစ်ယောက်၏ အလုပ်မှာ ကြွားလုံးထုတ်စရာတစ်ခုမဟုတ်ခဲ့မှန်း ကျွန်တော် နားလည်သဘော ပေါက်လာရသည်။ သူ့အတွက်ရော၊ ခင်ပွန်းသည် ဂရမ့်စ်အတွက်ရော ကြွားစရာ မဟုတ်ခဲ့။ အချိန်တွေဆုံးရှုံးခဲ့၊ ကတိတွေဖောက်ဖျက်ခဲ့တာတွေပဲ အဖတ်တင်ခဲ့ သည်။ သည်အလုပ်ကိုဆက်လုပ်ခဲ့ရခြင်းမှာ သူ့မြေးတွေအတွက်နှင့် ဘိုးဘွားဘီဘင် တွေ၏ ကြံ့ကြံ့ခိုင်စိတ်ဓာတ်တို့ကြောင့်ဟု အဘွားက ယုံကြည်ခဲ့သည်။ “ကလေးတွေ ကောင်းကောင်းရပ်တည်နိုင်တဲ့အထိပေါ့ကွယ်။ အဲဒါပဲ အရေးကြီးတယ်လေ”ဟု တွတ်က ပြောသည်။
အဲဒါတွေက ကျွန်တော့်အဘိုးအဘွားတွေ ဘယ်လိုနေခဲ့ထိုင်ခဲ့သလဲ ဆိုတာပဲဖြစ်လေသည်။ သူတို့က သူတို့အိမ်ခန်းသို့ ရံဖန်ရံခါ လာလည်တတ်သည့် ဧည့်သည်တွေကို ဆာရှီမီချက်ကျွေးတုန်းပင်။ ဂရမ့်စ်က သူ့အလုပ်ရုံးခန်းသို့ ဟာ ဝေယံရှပ်ကြီးဝတ်သွားတုန်းပင်။ အဘွားကလည်း သူ့ကို တွတ်လို့ခေါ်တာ သဘော ကျတုန်းပင်။ ဟာဝိုင်ယီသို့ သူတို့ယူဆောင်လာခဲ့သည့် ရည်မှန်းချက်များ စီးမျော ပါသွားခဲ့ရသော်လည်း ပုံမှန်ဖြစ်နေသည့် အချိန်ဇယားများနှင့် ဖြတ်သန်းရသော အချိန်များ၊ ရာသီဥတုအကြောင်းများကသာ သူတို့အတွက် အဓိကဖြေသိမ့်စရာ ဖြစ်လာခဲ့လေသည်။
ဂျပန်တွေ ကျွန်းကို ဘယ်လိုသိမ်းပိုက်ခဲ့တာတွေ၊ တရုတ်တွေက ကျွန်း၏ စီးပွားရေးကို ဘယ်လိုအုပ်စိုးထားပုံတွေကိုသာ သူတို့ ပုံမှန်ညည်းတွားတတ်ကြ သည်။ ၀ါးတားဂိတ်အမှုစစ်ဆေးနေစဉ်ကာလအတွင်း နစ်ဆင်ကို မဲပေးခဲ့ကြသည့် သူတွေကို အမေက ကလော်တုတ်ခဲ့သည်။ ကျွန်တော်တို့ ကမ်းခြေသို့ လမ်းလျှောက် အတူမထွက်ဖြစ်တော့ပါ။ ညပိုင်းမှာ ဂရမ့်စ်က တီဗွီကြည့်နေစဉ် တွတ်က လူသတ် လျှို့ဝှက်မှုခင်းစာအုပ်တစ်အုပ်ကို ဖတ်နေတတ်သည်။ အခုတော့ သူတို့အတွက်က ခန်းဆီးစအသစ်တစ်ခု သို့မဟုတ် အေးခဲစက်တစ်စက်က အဓိကစိတ်လှုပ်ရှားစရာ ဖြစ်နေပေပြီ။ အိမ်ထောင်သက် သက်တမ်းတစ်ဝက်အတွင်းမှာရှိသင့်သော စိတ် ကျေနပ်ပျော်ရွှင်စရာတွေကို သူတို့ကွေ့ကျော်ခဲ့ရသလို ဖြစ်နေခဲ့သည်။ ရင့်ကျက်မှု များ ဆုံစည်းရာ၊ အနှစ်သာရပြည့်ဝသောစွမ်းအားများ၊ ပြီးတော့ စိတ်လွတ်လပ် ပေါ့ပါးစရာများဖြစ်စေမည့် ပြီးပြည့်စုံမှုများ။
ကျွန်တော် သူတို့နှင့်ဝေးနေသောကာလများမှာ သူတို့က သူတို့ဆုံးရှုံးမှု တွေကို ဖြတ်တောက်ပစ်ပြီး တစ်စုံတစ်ရာကို ခိုင်မြဲတည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြ သည်။ မျှော်လင့်စရာစခန်းသာတစ်ခုခုကိုမျှ သူတို့မမြင်။
နွေရာသီနီးကပ်လာသည်နှင့်အမျှ ကျောင်းစတက်ရန်အတွက် ကျွန် တော် အနားမနေရတော့ပါ။ ကျွန်တော်ကတော့ ကျွန်တော်နှင့် သက်တူရွယ်တူ အတန်းဖော်များရှာတွေ့ဖို့အရေး အဓိကထားစိတ်ပူနေရသော်လည်း အဘိုးနှင့် အဘွားမှာမူ ပူနာဟိုးအကယ်ဒမီသို့ ကျွန်တော်တက်ရောက်ခွင့်ရရှိလိုက်ခြင်းမှာ တကယ့်ကြီးကျယ်ခမ်းနားမှုတစ်ခုဖြစ်နေပါသည်။ စိတ်ထဲမှာ နာကျင်စွာဖြင့် လူတွေ ကို ပေးသိခဲ့ရသည့် သူတို့၏ မိသားစုအဆင့်အတန်းအတွက် တက်လမ်းတစ်ခုဟု သူတို့ကမြင်နေသည်။ သာသနာပြုမစ်ရှင်များက ၁၈၄၁ခုနှစ်ကတည်းက စတင်တည် ထောင်ခဲ့သော ပူနာဟိုးကျောင်းသည် ကောလိပ်အကြိုကျောင်းအဖြစ် ကြီးထွား လာခဲ့ပြီး ကျွန်း၏လူ့မလိုင်လွှာများကို မွေးထုတ်ပေးရာနေရာဖြစ်လာခဲ့သည်။ ထို ကျောင်း၏ဂုဏ်သတင်းကြောင့်ပင် အမေက ကျွန်တော့်ကို အမေရိကန်ပြည်ထောင်စု သို့ ပြန်ပို့ဖို့ဆုံးဖြတ်ခဲ့သည်။
ဝင်ခွင့်ရဖို့က သိပ်လွယ်လှသည်တော့မဟုတ်ပါ။ စောင့်ဆိုင်းစာရင်းက အရှည်ကြီးရှိသည်ဟု အဘိုးအဘွားတို့က အမေ့ကိုပြောသည်။ နောက်ဆုံးမှာ အဘိုး ၏အလုပ်ရှင်က ထိုကျောင်း၏ ကျောင်းသားဟောင်းဖြစ်ရာ သူ့ကျေးဇူးကြောင့် ကျွန်တော် စဉ်းစားခံခဲ့ရသည်။ ပြီးခဲ့သည့်နွေရာသီမှာ ပူနာဟိုးကျောင်းအုပ်ချုပ်ရေး အရာရှိက ကျွန်တော့်အား ကြိမ်ဖန်များစွာ လူတွေ့စစ်မေးသည်။ ထိုအရာရှိအမျိုး သမီးသည် သွက်လက်ဖျတ်လတ်ပြီး အရည်အချင်းပြည့်သူဖြစ်သည်။ ကျွန်တော့်ကို အင်တာဗျူးပြီးသောအခါ ဂရမ့်စ်နှင့်ကျွန်တော့်ကို ကျောင်းဝင်းအတွင်း လေ့လာ စေသည်။ စိမ်းလန်းသောမြက်ခင်းပြင်ကြီးများနှင့် အရိပ်ရအပင်ကြီးများဖြင့် ၀င်း ကြီးက ဧကများစွာ ကျယ်ဝန်းလှသည်။ အင်္ဂတေဖြင့်ဆောက်ထားသော ကျောင်း ဆောင်ဟောင်းများ၊ ပြီးတော့ ခေတ်မီမှန်နှင့်သံမဏိအဆောက်အအုံများ၊ တင်းနစ် ကစားကွင်းများ၊ ရေကူးကန်များ၊ ဓာတ်ပုံစတူဒီယိုများ၊ တစ်နေရာအရောက်မှာ ကျွန်တော်ချော်လဲမလိုဖြစ်ရာ ဂရမ့်စ်က လက်မောင်းကိုင်ပြီးထိန်းပေးလိုက်ရသည်။
“ဟေး...ဒါက ကျောင်းမှမဟုတ်တာ။ ကောင်းကင်ဘုံကြီးပဲကွ။ မင်းနဲ့ အတူ အဘိုးပါ စာလိုက်သင်ဖို့ခေါ်ပါလား”
စနေညနေခင်းတစ်ခင်းတွင် ကျောင်းဝင်ခွင့် အကြောင်းကြားစာတစ်ထပ် ကြီး ရောက်လာသည်။ တွတ်က သူ့ဘေးနားထားကာစူးစမ်းသည်။ “ပူနာဟိုးမိသားစု က ကြိုဆိုပါသည်”စာတွင် ရေးထားသည်။ ပစ္စည်းသိမ်းအံတစ်အံ ကျွန်တော့်အတွက် သီးခြားရသည်။ စားသောက်မည့်ပုံစံကိုပေးရသည်။ ၀ယ်ရမည့်ပစ္စည်းစာရင်းလည်း ပါသည်။ ယင်းတို့အထဲတွင် ကာယပညာသင်တန်းအတွက် ၀တ်စုံ၊ ကတ်ကြေး၊ ပေတံ၊ နံပါတ်(၂)ခဲတံများ၊ ဂဏန်းပေါင်းစက်(၀ယ်ချင်ဝယ်မ၀ယ်ချင်နေ)။ ဂရမ့်စ်က တော့ တစ်ညနေလုံး ကျောင်းကတ်တလောက်ကြီးကိုဖတ်ပြီး အချိန်ကုန်သွားသည်။ စာအုပ်ကအထူကြီးဖြစ်သည်။ နောက်ခုနစ်နှစ်အတွက် ကောလိပ်အကြိုသင်တန်း များ ဖော်ပြထားသည့် ကျွန်တော့်မျှော်လင့်တက်လမ်းများကို ဖော်ပြထားသည်။ သင်ရိုးညွှန်းတမ်းပြင်ပလှုပ်ရှားမှုများပါသည်။ တစ်ခုစီဖတ်တိုင်း ဂရမ့်စ်တစ်ယောက် ပိုလှုပ်ရှားတက်ကြွလာသည်။ ထိုင်ရာမှ ခဏခဏထသည်။ သူ့ခေါင်းက တွတ်စာဖတ် နေသော အခန်းသို့ ဦးတည်သွားသည်။ ပြီးတော့ အလွန်အံ့အားသင့်သောအသံ ကြီးဖြင့် “မယ်ဒလင်းရေ...။ ကြည့်စမ်းပါဦးကွ”။
ကျောင်းစတက်ရသည့်နေ့မှာ ဂရမ့်စ်က စိတ်လှုပ်ရှားစွာဖြင့် ကျောင်း စောစောအရောက်သွားဖို့ လောသည်။ ငါးတန်းနှင့်ခြောက်တန်းကျောင်းသားများ စာသင်ရမည့် ရဲတိုက်ခန်းမကြီးက ဖွင့်တောင်မဖွင့်သေး။ ကလေးတွေက လေးငါး ခြောက်ယောက်သာရှိသေးသည်။ သူတို့က နွေရာသီသတင်းတွေကိုနားထောင်ရင်း အလုပ်ရှုပ်နေသည်။ ကျွန်တော်တို့က ပိန်ပိန်ပါးပါးနှင့် လည်ပင်းမှာ သွားအလှပြင် ကြိုးချောင်းတွေချည်ထားသော တရုတ်ကျောင်းသားကလေးဘေး ၀င်ထိုင်လိုက် သည်။
“ဟိုင်းဍ ဒါက ဘာရီတဲ့။ အဘက ဘာရီ့အဘိုးနော် မှတ်ထား” ဂရမ့်စ်က ထိုကျောင်းသားလေးကို စပြောလိုက်သည်။ “အဘကို ဂရမ့်စ်လို့ခေါ်နော်”။ သူက တရုတ်ကလေးကို လက်ဆွဲနှုတ်ဆက်သည်။ “ဘာရီကအသစ်”။
“ကျွန်တော်လဲလူသစ်ပါ”ဟု ဖရက်ဒရစ်ဟုခေါ်သော ထိုကျောင်းသား လေးက ပြန်ပြောသည်။ သူတို့နှစ်ယောက်က စကားတပြောပြောဖြစ်သွားကြသည်။ ကျွန်တော်က ရှက်ကိုးရှက်ကန်းဖြင့် ထိုင်နေရသည်။ ထို့နောက် တံခါးမကြီးပွင့်လာ ရာ လှေကားမှတစ်ဆင့် စာသင်ခန်းထဲဝင်ရသည်။ အခန်းတံခါးဝမှာ ဂရမ့်စ်က ကျွန်တော်တို့နှစ်ယောက်စလုံး၏ကျောကိုပုတ်သည်။
“ဘာတစ်ခုမှမလုပ်နဲ့။ အဘိုးလုပ်ပေးမယ်”ဟု ရယ်ကျဲကျဲပြောသည်။
“မင်းအဘိုးကရယ်ရတယ်”ဟု ဖရက်ဒရစ်က ဂရမ့်စ်တစ်ယောက် အတန်း ပိုင်ဆရာမ မစ်ဟက်ဖ်တီထံ သူ့ကိုယ်သူသွားပြီး မိတ်ဆက်နေချိန်မှာ ပြောသည်။
“အေးကွ၊ သူက အဲသလိုပဲ”
ကျွန်တော်တို့နှစ်ယောက် အခြားကလေး လေးယောက်နှင့်အတူ စားပွဲ တစ်ဝိုင်းမှာထိုင်ရသည်။ အဲသည်နောက် တက်တက်ကြွကြွနှင့် သက်လတ်အရွယ် ဆံပင်အညိုရောင်ခပ်တိုတိုနှင့် မစ်ဟက်ဖ်တီက နာမည်တွေအော်ကာ ကျောင်းခေါ် ချိန် စသည်။ သူက ကျွန်တော့်နာမည်အပြည့်အစုံခေါ်လိုက်ချိန်မှာ အတန်းထဲမှ ခပ်အုပ်အုပ်ရယ်သံကြားလိုက်ရသည်။ ဖရက်ဒရစ်က ကျွန်တော့်နားတိုးလာကာ”မင်း နာမည်က ဘာရီလို့ ငါထင်တယ်ဟုတ်လား”ဟုမေးသည်။
“မင်းကို ဆရာမတို့က ဘာရီလို့ခေါ်တာကို ပိုသဘောကျတယ်မဟုတ် လား။ ဘားရတ်ဆိုတာ လှလိုက်တဲ့နာမည်ပါ။ မင်းအဘိုးက ဆရာမကိုပြောတယ်။ မင်းအဖေက ကင်ညာကဆို။ ဆရာမလဲ ကင်ညာမှာနေခဲ့ဖူးတယ်။ မင်းအသက် အရွယ်လောက် ကလေးတွေကိုစာသင်ပေးရတာလေ။ တကယ့်ကို ထည်ဝါခံ့ညား တဲ့ နိုင်ငံပါပဲကွယ်။ မင်းအဖေက ဘယ်အမျိုးနွယ်ကလဲဆိုတာ မင်းသိလား” ဆရာမ က မေးသည်။
ဆရာမစကားသံကြောင့် တခစ်ခစ်ရယ်မောသံတွေ ထပ်ကြားလာရပြန် သည်။ ကျွန်တော်တစ်ခဏသာမျှ ဆွံ့အသွားမိသည်။ “လူယို”ကျွန်တော်က ပြန် ဖြေလိုက်သည်။ ကျွန်တော့်နောက်မှ နီညိုရောင်ဆံပင်နှင့် ကျောင်းသားလေးက ကျွန်တော့်စကားကို မျောက်တစ်ကောင်အသံလို အသံသေးအသံကြောင်ဖြင့် လိုက် ရွတ်သည်။ တစ်တန်းလုံးထိန်းမရတော့။ ဆရာမက ခပ်မာမာသတိပေးမှ ငြိမ်သက် သွားသည်။ ထို့နောက် နောက်ကျောင်းသားတစ်ဦးနာမည်ဆက်ခေါ်ရသည်။
#4153;နေသည်။ အမေ စိတ်အေးလက်အေးဖြစ်သွားရအောင် ကျွန်တော်က ဖြစ်သမျှအကြောင်း အကုန်အစင်ပြန်ပြောပြလိုက်သည်။
ကျွန်တော်နှင့်သူငယ်ချင်းတစ်ဦးတို့ ကားကြုံစီးကာ သူ့ မိသားစုယာခင်းကို သွားကြသည်။ ဟိုရောက်တော့ မိုးက စရွာနေပြီ။ ယာခင်းကလည်း ရွှံ့မြေတွေပြိုကျလောက်အောင် ကြောက်စရာကောင်း လှသည့် နေရာ။ ယာခင်းနယ်နိမိတ်ကိုလည်း သံစူးကြိုးတွေနှင့် ကာထား သေးသည်။ အဲသည်နောက် . . .
(ဆက်လက်ဖော်ပြပါမည်)
ကိုကို(စက်မှုတက္ကသိုလ်)
|
Source: |
Flower News |
|
Category:
|
Most Popular
Articles |
|
Action: |
Printable
Version |
Mail This |
Add favorite |
|
|