Local News  World & Asia Ent & life Style Business  Health Science & Technology Politic & O/P View Perspective

Home » Most Popular Articles » ပို့ကုန်ကဏ္ဍကျဆင်းမှု၏ ဆိုးကျိုးတစ်ခု

   

Related News

• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
• ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ်
• ယေဘုယျသမားနှင့် အထူးပြုသမား
• သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ်
• ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ်
• သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား
• ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ
• နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ
• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း

Archive News

Local news
လာမည့်နှစ်မိုးရာတွင် ရေလျှံမှုမရှိစေရန် အင်းလျားကန်ကြီး ပြန်ဆယ်မည်

World & Asia
ပါကစ္စတန်တွင်အရေးပေါ်အခြေအနေထုတ် ပြန်

Entertainment
အနက်ရှိုင်းဆုံး တစ်နေရာ

Life Style
ကိုရီးယားရုပ်ရှင်သရုပ်ဆောင် ဟာဂျီ ၀မ်အား

Health
ကင်ဆာရောဂါကုသရန် အလားအလာ ကောင်းသော ကုထုံးသစ်တွေ့ရ

Culture & Society

Politics & OP/View
ဒေါ် အောင်ဆန်းစုကြည်က တရားဝင်ပြော ကြား

Perspective

 


ပို့ကုန်ကဏ္ဍကျဆင်းမှု၏ ဆိုးကျိုးတစ်ခု
ဝင်းနိုင်ထွန်း


    တစ်ကမ္ဘာလုံး စီးပွားရေး ကျဆင်းနေမှုကြောင့် အာရှနိုင်ငံများတွင် ၂၀၀၉ ခုနှစ်အတွင်း အလုပ်အကိုင် ဆုံးရှုံးမည့်သူဦးရေ ၇ ဒသမ ၂ သန်းခန့် ရှိလာနိုင်သည်ဟု  ခန့်မှန်းထားသည်။ အလုပ်အကိုင် ဆုံးရှုံးမှု ဦးရေ များပြားလာမှုကြောင့် လူမှုရေး မငြိမ်မသက် ဖြစ်ပွားလာနိုင်သည်။ ထိုအလုပ်အကိုင် ဆုံးရှုံးမှုဦးရေ တိုးပွားလာမှုကို ဖြည့်ဆည်းရန်အတွက် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်တွင် အလုပ်အကိုင် အခွင့်အလမ်းသစ် ၅၁ သန်းခန့် လိုအပ်မည်ဟုလည်း ခန့်မှန်းကြသည်။
        ဖွံ့ဖြိုးပြီး နိုင်ငံများရှိ စားသုံးသူများသည် ၎င်းတို့၏ အသုံးစရိတ်များ လျှော့ချ ဖြတ်တောက်ကြ သောကြောင့် လက်လီဖြန့်ချိသူများက အ၀တ်အထည် အမှာစာပေးပို့မှုများ၊ လူသုံးကုန်ပစ္စည်း မှာယူတင်သွင်းမှုများ၊ တရားဝင်အစီအစဉ် ဖျက်သိမ်းကြသည်။ ထို့ကြောင့် စက်ရုံများပိတ်ခြင်းနှင့် အလုပ်သမားများ လျှော့ချမှုများ ဖြစ်ပေါ်လာရသည်။
      ဖိလစ်ပိုင်နိုင်ငံတွင် ငွေကြေးအကျပ်အတည်း ကြုံတွေ့နေရချိန်မှစ၍ ပို့ကုန်အခန်းကဏ္ဍတွင် အများဆုံး အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရာ အမျိုးသမီး အများစုသည် ပို့ကုန်အခန်းကဏ္ဍတွင် အလုပ်လုပ်ကိုင် နေကြသူများ ဖြစ်သဖြင့် အများဆုံး အလုပ်ထုတ်ပစ်ခံ နေကြရသည်။ ထိုပို့ကုန် အခန်းကဏ္ဍတွင် ၈၀ ရာခိုင် နှုန်းသည် အမျိုးသမီးများ အလုပ်လုပ် ကိုင်လျက်ရှိကြ သည်။ အလုပ်အကိုင်မရှိမှုနှင့် ဆင်းရဲမွဲတေမှု ပျံ့နှံ့လာ သည်နှင့်အမျှ ဥပဒေနှင့် ငြိစွန်းမှု လုပ်ရပ်များလည်း မြင့် မားလာဖွယ်ရှိသည်။
      ကမ္ဘောဒီးယားနိုင်ငံ အထည်ချုပ်လုပ်ငန်း ကဏ္ဍသည် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလ အတွင်း အ၀တ်အထည် ချုပ်လုပ်ရန် အမှာစာရရှိမှု ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့သဖြင့် အလုပ်သမား ၅၀၀၀၀ခန့် အလုပ်မှ ထုတ်ပစ်ခဲ့ရသည်။
အိမ်နီးချင်း နိုင်ငံဖြစ်သော ထိုင်းနိုင်ငံအနေ ဖြင့် ၂၀၀၉ ခုနှစ်အတွင်း စီးပွားရေး တိုးတက်မှု တစ်စုံတစ်ရာ မရရှိပါက လူပေါင်း ၁ ဒသမ ၀၇ သန်းတို့မှာ အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ထိုင်းဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလအတွင်း အလုပ်လက်မဲ့ ဦးရေ ၈၈၀၀၀၀ ထိရှိလာသည်။ အလုပ်လက်မဲ့ အများစုသည် အသက် ၁၅နှစ်မှ ၂၄နှစ် အတွင်းရှိကြသည်။ အလုပ်အကိုင်ရှာဖွေကြသည့် လတ်တလော ဘွဲ့ရကြသူ များ ဖြစ်ကြသည်။
     ကမ္ဘာ့စီးပွားရေး အကျပ်အတည်းသည် ထိုင်းနိုင်ငံ၏ ပို့ကုန်ကဏ္ဍကို အမှီပြုရသည့် ကုန်သွယ်ဖက် နိုင်ငံများတွင် များစွာထိခိုက်စေသောကြောင့် ထိုင်းနိုင်ငံပါ ထိုအကျပ်အတည်း၌ ခံစားရခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုင်းနိုင်ငံ စီးပွားရေးတစ်ရပ်လုံး၏ ၇၀ ရာခိုင်နှုန်းမှာ ပို့ကုန် ကဏ္ဍပင်ဖြစ်သည်။ ထိုင်းနိုင်ငံ တွင်သာမက အာရှနိုင်ငံများ၏ စီးပွားရေးသည် ပြည်ပ ပို့ကုန်များအပေါ် မှီခိုနေရခြင်းက အဓိကကျသည့် ပြဿနာ တစ်ရပ်ဖြစ်သည်။ မကြာမီကဖြစ်ပေါ်ခဲ့သည့် စီးပွားရေး အကျပ်အတည်းသည် အဆိုပါအချက်ကို ပိုမိုထင်ရှားစေခဲ့ပြီး အလုပ်လက်မဲ့ ပြဿနာများ၊ ဆင်းရဲ မွဲတေမှု ပြဿနာများ၊ လူမှုရေးမတည်မငြိမ်မှု ပြဿနာ များ အာရှတိုက်တွင် ဖြစ်ပေါ်နိုင်သည်။
     ဂျာမနီနိုင်ငံမှ မဲခေါင်မြစ်ဝှမ်း ဒေသအတွင်း လူကုန်ကူးခြင်းကို တိုက်ဖျက်သည့် ကုလသမဂ္ဂအစီအစဉ် သို့ ယူရိုငွေ ၁၃၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၆၈၀၇၀) မတည်ပြီး မဲခေါင်ဒေသတွင်းရှိ နိုင်ငံများ၏ စီးပွားရေး အကျပ်အတည်းကြောင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများ၊ လူကုန်ကူးမှုများ မြင့်မားလာနေမှုကို ဖြေရှင်းရန်အတွက် အရေးပေါ် စုံစမ်းလေ့လာမှုများ ပြုလုပ်ရန် ထောက်ပံ့ပေးထားသည်။ ကလေးများအား အလုပ်ခိုင်းစေမှု၊ ကျောင်းထွက်ကြရမှု၊ ခေါင်းပုံဖြတ်ခံရသည့် လုပ်ငန်းခွင်^အလုပ်၊ မိဘဆွေမျိုးရပ်ထံ ငွေပြန်လွှဲမှုများ၊ အလုပ်ပွဲစားများ၊ လုံခြုံမှုမရှိသည့် ရွှေ့ပြောင်းသွားလာ နေထိုင်ရမှုများ၊ မိသားစုသက်သာချောင်ချိရေးကိစ္စရပ်များ စသည်တို့ကိုအခြေခံကာ အတွင်းကျကျ လေ့လာမှုများ ပြုလုပ် သွားကြမည်ဖြစ်သည်။ ထို လေ့လာတွေ့ရှိချက်များအပေါ် သင်ခန်းစာဖေါ်ထုတ်ကာ ဒေသအတွင်း ဆောင်ရွက်နေသည့် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာလုပ်ငန်းစီမံချက်ကို များစွာအထောက်အကူပြု စေမည့်အပြင် လူကုန်ကူးခြင်းနှင်၊့ ခေါင်းပုံဖြတ်အမြတ် ထုတ်ခံရနိုင်သည့် လူတန်းစား အသိုင်းအ၀ိုင်းနှင့် ကျေးလက်နေမိသားစုများ၊ ရွှေ့ပြောင်းသွားလာ အလုပ်လုပ် ကိုင်နေသူများအတွက်လည်း ထိရောက်သည့် အကာအကွယ် များရရှိနိုင်သည်။ နိုင်ငံတကာ ကပ်ဆိုးဘေးဆိုးဖြစ်သည့် လူကုန်ကူးမှုသည် ဆင်းရဲချမ်းသာမရွေး နိုင်ငံများတွင် သက်ရောက်မှုရှိသည်။ ထို့ကြောင့် မတွေးတော မကြံစည်တတ်အောင် ဆင်းရဲဒုက္ခရောက်နေကြသည့် မှောင်ခိုလမ်းကြောင်းဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြ သောသူများအား ပိုမို ကာကွယ်ပေးရမည်ဖြစ်သည်။
     ထိုအစီအစဉ်သည် စီးပွားရေးအကျပ်အတည်းကြောင့် အရင်းခံအကြောင်းပြုကာ တိုးတက် ဖြစ်ပွား လာနိုင်သည့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနှင်၊့ လူကုန်ကူးမှုကို ကာကွယ်ရန်ဖြစ်သည်။ ထိုအစီအစဉ်တွင် ကလေးများအား ခိုင်းစေမှု၊ လုပ်အားခေါင်းပုံဖြတ်မှု အခြေအနေများနှင်၊့ ရွှေ့ပြောင်း သွားလာအလုပ်လုပ်ကိုင်မှုတို့ အပေါ် စီးပွားရေးအကျပ်အတည်းအား ဆိုးကျိုးသက် ရောက်မှုရှိသည်ကို စုံစမ်းစစ်ဆေးခြင်းလည်း ပါဝင်သည်။ ထိုလေ့လာစုံစမ်းရရှိချက်များကို အသုံးပြုကာ အကာအကွယ်မဲ့သူများအတွက် ဆိုးကျိုးသက်ရောက်မှု လျှော့ပါးရေး ဆောင်ရွက်နိုင်ကြလိမ့်မည်၊ မည်သည့် နေရာတွင် ပိုမိုအဖြစ်များလာသည်၊ ဘ၀ရပ်တည်ရန် အကာအကွယ်မဲ့သည့် အုပ်စုအသစ်များကို ရှာဖွေသိရှိ နိုင်လိမ့်မည်ဟု ယူဆထားသည်။
အကျိုးအမြတ်၊ အမြတ်အစွန်းများအား လျော့ချ၊ ဖြတ်တောက်ခံနေရသည့် ဖိအားပေးမှုအောက်တွင် လုပ်ကိုင်နေကြသော အလုပ်သမားများသည် တွယ်မိတွယ်ရာသဘော အလုပ်လုပ်ကိုင်နေကြသည့် မိသားစုများ၊ အသိုင်းအ၀ိုင်းများနှင့်မခြား ပိုမိုတူလာကာ ခေါင်းပုံဖြတ် အမြတ်ထုတ်ရန်လည်း အခြေအနေ ပေးနေပေသည်။ ထိုကဲ့သို့ ဖြစ်လာသည့် အခြေအနေကိုက လူကုန်ကူးမှု လုပ်ငန်းရှင်သန် ကြီးပွားနိုင်ရန် ဖန်တီးပေးသကဲ့သို့  ဖြစ်နေသည်။
မဲခေါင်ဒေသအတွင်း နိုင်ငံများဖြစ်သော ဗီယက်နမ်၊ တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင်၊့ မြန်မာနိုင်ငံတို့သည် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ဒဏ်ခံနေကြရသည်။ သို့သော် တူညီသော ပုံစံများဖြင့်တော့မဟုတ်ချေ။ အလုပ်ပြုတ်ခြင်း သို့မဟုတ် ကုမ္ပဏီ များပိတ်ခြင်းတို့ကြောင့် အလုပ် လက်မဲ့အရေအတွက် များပြားလာသော်လည်း အချို့မှာ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကြပြီး ယခုအခါ ပြန်လာနေကြသည်။ ထို့ကြောင့် နေအိမ်သို့ပို့ငွေလွှဲငွေများလည်း မရှိသလောက် နည်းပါးလာကြသည်။ စက်ရုံများပိတ်ခြင်းနှင့် လူများ အလုပ်အတွက် မျှော်လင့်ချက် ပိုမိုကင်းမဲ့လာခြင်းသည် လူကုန်ကူးသူများက ထိုလူတို့၏ငွေကြေး အခက်အခဲ ဖြစ်မှုအပေါ် အခွင့်ကောင်းယူလာနိုင်သည်။ အလုပ်လက်မဲ့များ များပြားလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာခြင်းတို့က မိသားစုနှင့် ၎င်းတို့ကိုယ်တိုင် ရပ်တည်နိုင်ရန်အတွက် အရဲစွန့်လုပ်ကိုင်ရမှုကို မကြောက် မရွံ့ဘဲ လိုလိုလားလား လုပ်ကိုင်ရန် တွန်းအားပေးသ ကဲ့သို့ဖြစ်လာသည်။ ထိုသူများသည် တရားမ၀င်အလုပ် အကိုင်အခွင့်လမ်းရရှိမှုအတွက် လူပွဲစားများကို အားကိုး အားထားပြုလာရပေမည်။ အုပ်စုဖွဲ့ စနစ်တကျကျူးလွန် သည့်ဂိုဏ်းများကလည်း ၎င်းတို့အတွက် အလုပ်အကိုင် အသစ်ရရှိမည့်နေရာများသို့ ကူညီပို့ဆောင်ပေးလာ နိုင်သည်။
     အာရှဒေသတွင် ရွှေ့ပြောင်း သွားလာအလုပ် လုပ်ကိုင်ကြမှု ဖြစ်စဉ်သည် တည်ငြိမ်စွာ ရှိနေခဲ့သည်မှာ နှစ်ပေါင်း ကြာခဲ့သော်လည်း ယခုအခါ ဗြုန်းစားကြီး ရွှေ့ ပြောင်းသွားလာမှု အကျင့်ထုံးစံများ ပြောင်းလဲခဲ့သည်။ ထို့ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသည့်လူများ၊ မိခင်နိုင်ငံသို့ ပြန်လာရသည့် လူများ နိုင်ငံတိုင်း၌ ရှိလာကြသည်။ ခေါင်းပုံဖြတ် အမြတ်ထုတ် လိုသူများအတွက် လူစုဆောင်းရန် ပိုမို၍ လွယ်ကူလာနိုင်သည့် အခြေအနေတွင်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်ရန်အတွက် အလုပ်လက်မဲ့ဖြစ်နေသူများ အရန်သင့် စုဆောင်း ပေးထားသကဲ့သို့ ဖြစ်နေသောကြောင့်ဖြစ်သည်။
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု သတင်းများသာ ထင်ရှားကျော်ကြားနေသော်လည်း နေ့စဉ်အခြေခံ အကြောင်းရင်းများကြောင့် အာရှဒေသတစ်ဝန်းလုံးရှိ စက်ရုံများ၊ ဥယျာဉ်ခြံလုပ်ငန်းများနှင်၊့ ငါးဖမ်းလုပ်ငန်း များတို့တွင် လူကုန်ကူးမှု ဖြစ်ပွားနေကြသည်ဟု ဘန်ကောက် အခြေစိုက်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
    အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်းများလာခြင်းက ကလေးများအား လူကုန်ကူးမှုအန္တရာယ်နှင့် ပိုမိုတွေ့ ကြုံလာနိုင်သည်။ မိဘများဝင်ငွေရရန် မရှာဖွေနိုင်သ ဖြင့် ကလေးများကိုယ်တိုင် ငွေရှာရသည့် အဖြစ်သို့ရောက်ရပြီး အဓမ္မပြည့်တန်ဆာစေခိုင်းခံရခြင်း သို့မဟုတ် ညစ်ညမ်းပုံ ထုတ်လုပ်ဖြန့်ချိရေးတွင် အသုံးချ ခံရခြင်းတို့  ကြုံတွေ့နေကြရသည်။
  ထို့ကြောင့် အလုပ်လက်မဲ့ဖြစ်နေကြသူများ အတွက် မိမိလုပ်ကိုင်နိုင်သည့် စွမ်းရည်ကို ထပ်မံမြှင့်တင်နိုင်မှသာ အလုပ်အကိုင်အသစ် တစ်ဖန်ရှာဖွေနိုင်ပြီး လူကုန်ကူးခံရမှုမှ ကင်းဝေးနိုင်မည်ဖြစ်သည်။
 

Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media · Contact Us • Privacy · Advertisement with us · Help · Site Map
Copyright © Yangon Media 2007

yangonmedia.com

 Total Hit

Powered By: CREATIVE Web Studio