Local News  World & Asia Ent & life Style Business  Health Science & Technology Politic & O/P View Perspective

Home » Most Popular Articles » အဖေ့ဆီကအိပ်မက်များ ၂၁

   

Related News

• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
• ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ်
• ယေဘုယျသမားနှင့် အထူးပြုသမား
• သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ်
• ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ်
• သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား
• ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ
• နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ
• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း

Archive News

[left-menu.htm]

 


ရ ရထား စီးလို့သွား ခရီးတွင်မှာလား
ကိုကို (စက်မှုတက္ကသိုလ်)
၁၂ ၊ ဇန်န၀ါရီ ၊ ၂၀၁၀

ဇန်န၀ါရီ၂၁ရက်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၆)၊အမှတ်(၃)တွင် အဆိုပါ ခေါင်းတပ်ထားသော သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ နေပြည်တော်-မန္တလေးခရီးစဉ်တွင် မြန်မာ့မီးရထားက ခေတ်မီအထက် တန်းတွဲများ တပ်ဆင်ပြေးဆွဲသည့်သတင်းဖြစ်သည်။အဆိုပါသတင်းကို နေ့စဉ်ထုတ်သတင်းစာများတွင် ဖတ် ခဲ့ရသလို ညပိုင်းရုပ်သံသတင်းတွင်လည်း ရထားပို့ဆောင် ရေးဝန်ကြီးက ယင်းတွဲဆိုင်းများမပြေးဆွဲမီ သွားရောက် စစ်ဆေးပုံကိုလည်း လွှင့်ထုတ်သွားခဲ့သည်ကို ကြည့်ဖူး သည်။
ရထားတွဲ တွေက သစ်လွင်သည်၊ အဆင့်အတန်းမြင့်မား သည်ဟုမဆိုသာသော် လည်း ခေတ်မီသည်ဟု ပြောနိုင်သည်။ အလို အလျောက် ဖွင့်ပိတ်တံ ခါးတွေတပ်ထားသည်။သက်သောင့်သက်သာ အိပ်ရာတွေပါသည်။ ရထားစီး ခရီးသွားချင်စိတ်များပင် ပေါ်လာပါသည်။
ယခုအစိုးရလက်ထက်တွင် ရထားလမ်းကွန် ရက်များ အရှေ့မှအနောက်၊ တောင်မှမြောက်၊ ဧရာဝတီ အနောက်ခြမ်း အရှေ့ခြမ်းကူးလူးနွှယ်ယှက် တိုးတက်ခဲ့ သည်မှာ အထင်အရှားဖြစ်ပါသည်။ ရထားလမ်းကွန်ရက် တွေ တိုးချဲ့ပေးခြင်းသည် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းအဆင့်ဖြစ်သည်။ မီးရထားခရီး သွားကဏ္ဍကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် ရထား တွေ သစ်လွင်ခေတ်မီရမည်၊ ၀န်ဆောင်မှုတွေကောင်း ရမည်၊ ရထားလမ်းများကြံ့ခိုင်ရမည်၊ ရထားလမ်းများ ကြံ့ခိုင်သည်နှင့်အမျှ ရထားကို ပိုမြန်မြန်မောင်းနိုင်ကာ ခရီးပိုတွင်မည်။
ကျွန်တော်သည် ခေတ်မီတွဲသစ်ကြီးများဖြင့် နေပြည်တော်ဘူတာမှထွက်ခွာသွားသော ရထားကြီး၏ သတင်းဓာတ်ပုံကိုကြည့်ပြီး ဟိုအရင်က နာမည်ကျော်ခဲ့ သည့် ရွှေမန်းမေသီချင်းကို နားထဲ ပြန်လည်ကြားယောင် လာသည်။ တစ်ခေတ်တစ်ခါတုန်းက ရန်ကုန်-မန္တလေး ရထားကြီးသည် အလွန်လူကြိုက်များခဲ့သည်။ ရွှေမန်းမေ ဟုခေါ်သည်။ သီချင်းထဲတွင်ပင် ထည့်စပ်သည်အထိ ရေပန်းစားခဲ့သည်။ ဟိုခေတ်က အဖြူအမည်းရုပ်ရှင် တွေထဲမှာ ထိုရထားကြီးပါသည်။ ကလောအလွန်တစ် ဘူတာလို ရုပ်ရှင်မျိုးတွင် ကျွန်တော်တို့၏ လှပသော ရထားလမ်းရှုခင်းတွေကို အသားပေးရိုက်သွားသည်။ ရန် ကုန်မှ မန္တလေးခရီးနှင်လျှင် ၁၀နာရီမျှပင် မကြာချင်။ ခေတ်မီတိုးတက်လာသည်နှင့်အမျှ ရထားတွေက ပိုမြန် လာရမည်။ သို့သော် ယခုရွှေမန်းမေလောက်ပင် မမြန် နိုင်သေးဖြစ်နေသည်။
ရထားခရီးသည် လူအများကို အချိန်မြန်မြန်၊ သက်သောင့်သက်သာဖြင့် ပို့ဆောင်နိုင်ဖို့လိုသည်။နိုင်ငံတကာတွင် မြို့ပြရထားများကို MRT ဟုခေါ် သည်။ အပြည့်အစုံမှာMass Rapid Transit ဖြစ် သည်။ အဓိပ္ပာယ်မှာ လူများများကို ခပ်သွက်သွက်ပို့ ဆောင်ပေးသည့်သဘောဖြစ်သည်။ လွန်ခဲ့သည့် လေး နှစ်ခန့်က တိုကျိုရောက်ခဲ့ရာ တိုကျိုမှ ဟီရိုရှီးမားအထိ ကျည်ဆန်ရထားခေါ် အဟုန်ပြင်းရထားစီးခဲ့ဖူးသည်။ထိုရထားသည် တစ်နာရီလျှင် ပျမ်းမျှမိုင်၃၀၀ လောက် ပြေးသည်။ ရန်ကုန်-နေပြည်တော်ကို တစ်နာရီလောက်၊ ရန်ကုန်-မန္တလေးကိုနှစ်နာရီလောက်နှင့်ရောက်သည်။ ဘယ်လောက်များ ကောင်းလိုက်ပါသလဲ။
ရန်ကုန်သည် စီးပွားရေးမြို့တော်၊ နေပြည် တော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အစိုးရရုံးများစိုက်ရာ၊ ပြည်သူ့ကိုယ်စားလှယ်တို့ ဆုံစည်း ဆွေးနွေးရာ လွှတ်တော်တွေရှိမည့် အုပ်ချုပ်ရေးမြို့တော် နှင့်မြို့ပြကြီးဖြစ်လာမည်။ အနာဂတ်တွင် ရန်ကုန်နှင့်နေ ပြည်တော်တို့၏ကူးလူးဆက်ဆံမှုများမှာ အဆပေါင်းများ စွာ ကျယ်ပြန့်တိုးတက်လာမည်။ ယင်းအတွက် နိုင်ငံတ ကာအဆင့်မီ ရထားလမ်းရှိရတော့မည်။ ရထားတွေက အနည်းဆုံး တစ်နာရီခြားတစ်ခါလောက် ဟောတစ်စင်း၊ ဟောတစ်စင်း ထွက်ပေးရတော့မည်။ ယင်းသည် အနာ ဂတ်အတွက် ကျိန်းသေလိုအပ်ချက်တစ်ရပ်ဖြစ်လာသည်။
ရန်ကုန်၊နေပြည်တော်နှင့် မန္တလေးမြို့ပြကြီး သုံးခုသည် အနာဂတ်မြန်မာနိုင်ငံတော်တွင် ပိုမိုအရေး ပါလာမည်။ ရန်ကုန်က စီးပွားရေးမြို့တော်၊ နေပြည် တော်က အုပ်ချုပ်ရေးမြို့တော်၊ မန္တလေးက ယဉ်ကျေး မှုမြို့တော်ကြီးအသွင်ဆောင်လာမည်ဟု ထင်သည်။ယင်းအတွက်ပင် ယခုအခါ ရန်ကုန်-နေပြည်တော်-မန္တ လေး ခြောက်လမ်းသွားအမြန် လမ်းမကြီးကို တည် ဆောက်နေရာ ရန်ကုန်-နေပြည်တော်လမ်းပိုင်းကို အသုံး ပြုနိုင်ခဲ့ကြပြီ။ ယခင်က ရန်ကုန်မှ နေပြည်တော်ကို ရှစ်နာရီနီးပါးမျှကားမောင်း ခဲ့ကြရာမှ ယခုလေးနာရီ ခန့်မျှသာကြာတော့သည်။ အချိန်ထက်ဝက်လျှော့ချ လာနိုင်သည်။ နေပြည် တော်-မန္တလေးလမ်းပိုင်း သာပြီးသွားပါက ကားလမ်း ခရီး အချိန်အတော်ချုံ့နိုင် တော့မည်။
တစ်ဖက်က အမြန်ကားလမ်းမကြီး တည် ဆောက်သလို အဆင့်မြင့်ရထားလမ်းသစ်ကြီးများ ကိုလည်း တည်ဆောက်ပေးဖို့ လိုအပ်လာပါသည်။စိတ် ကူးယဉ်လက်စနှင့် ဆက်ယဉ်ပါရစေ။ ရန်ကုန်-နေပြည် တော်-မန္တလေးကို ကျည်ဆန်ရထားတွေများပြေး ဆွဲနိုင် ပြီဆိုလျှင် ဘယ်လောက်ကောင်းလိုက်မည်လဲ။
သစ်မရခင် ၀ါးဖြင့်ပေါင်းကွပ်ရသည်ဟု ကြား ဖူးပါသည်။ သို့သော် အဆင်ပြေသလို ကြုံရာဝါး တွေ့ရာ ၀ါးဖြင့်ပေါင်းကွပ်သည်ထက် ၀ါးကောင်းဝါးသန့်လေး တွေသုံးနိုင်ရင်တော့ ပိုကောင်းပါသည်။ ကျည်ဆန်ရ ထားတွေမလာခင် ယခုလက်ရှိ ရထားတွေကို ဒီ့ထက်အဆ ပေါင်းများစွာ တိုးတက်ခေတ်မီစေချင်ပါသေးသည်။



 

Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media · Contact Us • Privacy · Advertisement with us · Help · Site Map
Copyright © Yangon Media 2007

yangonmedia.com

 Total Hit

Powered By: CREATIVE Web Studio