|
|
Related News |
|
•
ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
•
ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ်
• ယေဘုယျသမားနှင့်
အထူးပြုသမား
•
သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ်
• ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ်
•
သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား
•
ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ
•
နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ
•
ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း |
|
Archive News |
[news/left-menu.htm] |
သားသမီးနှင့်တူသော နိုင်ငံရေးသမားဘ၀ ရယူနိုင်ကြပါစေ
တစ်နေ့က ကျွန်တော်သည် နံနက်စောစော
ရပ်ကွက်ထဲ လမ်းထလျှောက်ရင်း အိမ်နှင့်မနီး မဝေးရှိ စာရေးဆရာကြီး
ရွှေဘိုစောလွင် အိမ်သို့ဝင်မိသည်။ သူနှင့်ကျွန်တော်သည် လွန်ခဲ့ သောနှစ်
၃၀ခန့်ကပင် မဂ္ဂဇင်းများ၌ စာအတူရေးရင်း ခင်မင်စွာတွေ့ဆုံမြဲဖြစ်
သော်လည်း သူလည်းပင်စင်စား၊ ကျွန်တော်လည်း ပင်စင်စားဖြစ်သောအခါ၌ အလိုလို
အနေဝေးသွားကြလေသည်။
တစ်နေ့ကသူ့ထံသွားရောက်တွေ့ဆုံရခြင်း မှာလည်း
အကြောင်းတစ်ခုရှိသောကြောင့်ဖြစ်လေ သည်။ ကျွန်တော်၏ မိတ်ဆွေထုတ်
ဝေသူတစ်ဦးသည် ဘာ သာရေးစာပေ၊ ဗုဒ္ဓစာပေများကို ဂရုဓမ္မပြု၍ ထုတ်ဝေ နေသည်။
သူကစာရေးဆရာကြီးဦးလေးမြိုင်၏ စာအုပ် အချို့ကို ပြန် လည်ထုတ်ဝေလိုသဖြင့်
ဆက်သွယ်ပေး ပါရန် မှာကြားထားလေသည်။ ကျွန်တော်ကား ဆရာ ဦးလေးမြိုင်နှင့်
အလွန် ရင်းနှီးခဲ့သော်လည်း အဆက် အသွယ်ပြတ်နေသည်မှာကြာပြီ။
ဆရာဦးလေးမြိုင်သည် အသက် ၈၀ကျော်ပြီ။ ကျီးပေါင်းရောဂါရှိ၍ အိမ်မှာပဲ
နားနေသည်ဟု သိရသည်။ ဆရာရွှေဘိုစောလွင်နှင့် တော့ အဆက်အသွယ်မပြတ်ဟု
သိရသောကြောင့် ကျွန်တော်ဝင် ရောက်သတင်းမေးစနည်းနာခြင်းဖြစ်လေ သည်။
ဆရာဦးလေးမြိုင်ကား အကြိမ်ကြိမ်ပြန်ရိုက် ရသော
“ဗုဒ္ဓ၏ဥပမာတစ်ထောင်“စာအုပ်နှင့် အခြား သော ဗုဒ္ဓစာပေစာအုပ်တို့ကို ရေး
သားခဲ့လေရာ ပြန် ထုတ်လိုသော စာအုပ်ကို ပြောကြားလျှင် သူ့ဆရာဦး
လေးမြိုင်ထံသွားရောက်ခွင့်တောင်းပေးမည်ဟု ရွှေဘို စော လွင်က
ပြောကြားလေသည်။
သူနှင့်ကျွန်တော်သည် လွန်ခဲ့သော နှစ် အတန်ကြာက စာပေလောက အခြေအနေများကို
လက်ဖက်ရည်သောက်ရင်း ပြောဆိုနေမိ ကြသည်။ သူ့ အိမ်ရှေ့ ဧည့်ခန်းမှာ
ဖတ်စရာစာအုပ်တွေနှင့် ပြည့်နေ လေသည်။ ပြီးတော့
ပုံနှိပ်စာလုံးကြီးကြီးဖြင့် ရိုက်နှိပ် ထားသော
နံရံကပ်ပိုစတာကြီးတစ်ခုကို ကျွန်တော် မျက်စိရောက်သွားမိသည်။
အိမ်ထဲဝင်လာသူတိုင်းတွေ့မြင်နိုင်အောင် အိမ်အလယ်တည့်တည့်တွင်
ချိတ်ဆွဲထားခြင်း ဖြစ်လေသည်။ ပိုစတာပါစာလုံးကြီးများမှာ
မြင်သာထင်သာရှိလှ၏။ ဘာများရေး ထားသလဲဆိုလျှင် မိဘနှင့် အချိန် သည်
ဘယ်တော့မှ အစားထိုး၍ မရ}ဟူ၍ ဖြစ်လေသည်။
ကျွန်တော်တို့အမှုမဲ့ အမှတ်မဲ့နေခဲ့ကြ၏။ ဟုတ် ပါရဲ့။ ကွယ်လွန်သွားသော
မိဘများပြန်မရနိုင်တော့။ ကုန်ဆုံးသွားသောအချိန်ကို ပြန်မရနိုင်တော့။
အစား ထိုး၍လည်းမရနိုင်တော့။
ကျွန်တော်၏ မိဘနှစ်ပါးသည် လွန်ခဲ့သော နှစ်အတန်ကြာကပင်
ရှေ့ဆင့်နောက်ဆင့် ကွယ်လွန် သွားကြလေသည်။ ကျွန်တော်သည် တစ်ခါတစ်ခါ
မိဘနှစ်ပါးကို သတိရစွာဖြင့် မိဘကျေးဇူးနှင့် ပတ်သက် ပြီး
တွေးတောစဉ်းစားကြည့်မိလေသည်။
လူတိုင်းလိုပင် မိဘကျေးဇူးကြီးမားလှပါဘိ ဟု ဆိုကြလေသည်။ အမိအဖတို့ကို
လုပ်ကျွေးပြုစု ခြင်းသည်လည်း မင်္ဂလာတစ်ပါးဟု သိကြလေသည်။
ကျေးဇူးကြီးမားလှသော မိဘနှစ်ပါးကို ဗြဟ္မာကြီးတွေ လို့လည်း ခေါ်နိုင်သည်။
လက်ဦးဆရာဟုလည်း ခေါ် နိုင်သည်။ မြတ်တဲ့အလှူခံလို့လဲ ခေါ်နိုင်သည်။
ဒီလိုအင်မတန်ကျေးဇူးကြီးမားသည့်အတွက် ကမ္ဘာမြေကြီးတစ်ခုလုံး မင်းလုပ်၍
အုပ်စိုး၍ပေးသော် လည်း မိဘ၏ကျေးဇူးများဆပ်၍ မကျေသေးဘူးဟုပင်
ဒုကအင်္ဂုတ္တိုရ်မှာ မြတ်စွာဘုရားဟောကြားတော်မူခဲ့ လေသည်။ ဆက်လက်၍
မိဘကျေးဇူးဆပ်လျှင် ဘယ် လိုဆပ်ရမည်ဆိုသည်ကို မြတ်စွာဘုရားက ဟောကြား
ထားသေးသည်။
မိဘနှစ်ပါးကျေးဇူးကို ကျေလည်အောင် ဆပ်ချင်လျှင် သဒ္ဓါတရားမရှိသေးတဲ့
မိဘကို သဒ္ဓါ တရားရှိအောင် လုပ်ပေးရမည်။ ဘုရား၊ တရား၊ သံဃာ
ရတနာမြတ်သုံးပါးကို ရိုသေယုံကြည်လာအောင်လုပ် ပေးရမည်ဟု ဆိုလိုပါသည်။
ကိုယ်ကျင့်တရားမရှိသေး သောမိဘကို ကိုယ်ကျင့်တရားရှိအောင် လုပ်ပေးရမည်။
အလှူဒါနမပြုတဲ့မိဘကို အလှူဒါနပြုချင်အောင် လုပ် ပေးရမည်။ ဤသည်မှာ ဗုဒ္ဓ၏
အလိုတော်အရ တရား မြတ်ပင်ဖြစ်လေသည်။
ဤသို့ပြုလုပ်ခြင်းဖြင့် မိဘကို ကျေးဇူးဆပ် သည်မည်ပါ၏။
မိဘကျေးဇူးဆပ်ရမှန်းမသိသော သားမိုက်၊ သမီးမိုက်များသည်
ဖားဖိုနှင့်တူလေ၏။ ဖားဖိုသည် နှုတ်သီးထဲကလေထွက်သော်လည်း အသက်မရှိသလို
မိဘကျေးဇူးကန်းတဲ့သားမိုက်၊ သမီးမိုက်များသည် နှာ
ခေါင်းကထွက်သက်ဝင်သက်ရှိသော်လည်း အသက် မရှိသောလူသေနှင့်တူနေသည်။
နှစ်ဖြာအကျိုးမတိုး ပွားအောင် လုပ်သူ၊ သူယုတ်ဟု ဘုရားက ဟောခဲ့လေ သည်။
မိဘကျေးဇူးကို တရားနှင့်ဆပ်ရမည်သာ ဖြစ်သည်ဟု တင်ပြခဲ့ပြီးပါပြီ။
မိဘတွေကို သားသမီး တွေက ဘယ်လိုလုပ်ကျွေးပြုစု ရမည်ဆိုသည်ကိုလည်း
တင်ပြလိုပါသည်။ ညအိပ်ရာဝင်သည့်အခါ၊ ခရီးဝေးသွား သည့်အခါ၊ ခရီးဝေးက
ပြန်ရောက်သည့်အခါ မိဘကို ရှိခိုးဝပ်ချရမည်။
အခါခပ်သိမ်းပူဇော်မြတ်နိုးအလေးပြု ရမည်။
မိဘကြိုက်နှစ်သက်သည့် ထမင်း၊ ဟင်း၊ အ၀တ်အရုံ၊ အိပ်ရာနေရာတို့ကို
ပေးရမည်။ ခြေဆုပ် လက်နယ်ပြုရမည်။ သားသမီးများက ဤသို့ဆောင်ရွက်
ပေးနေလျှင် မိဘများအနေဖြင့် ပြုံးရွှင်ကြည်နူးနေမည် သာဖြစ်လေသည်။
မိဘများစိတ်ကြည်နူးချမ်းသာနေ သည်နှင့်အမျှ သားသမီးလုပ်သူမှာ
ဘုန်းကျက်သရေ တိုးလေသည်။
ဤသို့ပင် မိဘများကွယ်လွန်သွားသော အခါ၌လည်း မိဘများအတွက် အလှူဒါနပြုပြီး
အမျှ အတန်းပေးဝေရမည်ဖြစ်လေသည်။ မိဘကျေးဇူးသည် အလွန်ကြီးမားသည်။
မိဘကျေးဇူးသိရန်လိုသည်။
တိုင်းပြည်နိုင်ငံတစ်ခုအနေဖြင့် ကြည့်လျှင် ပြည်သူလူထုသည်
မိဘနှင့်တူလေသည်။ နိုင်ငံရေး လုပ်သူနိုင်ငံရေးအဖွဲ့အစည်းဝင်၊
နိုင်ငံရေးသမားဆိုသူ များကား သားသမီးနှင့် တူလေသည်။
မိဘအကျိုးကို သားသမီးကလိုလားသလို တိုင်းပြည်နိုင်ငံအကျိုးကို
နိုင်ငံရေးလုပ်သူ (၀ါ)နိုင်ငံရေး သမားက လိုလားရန်လိုလေသည်။
ဒီမိုကရေစီသို့ ရှေး ရှုသောနိုင်ငံများအနေဖြင့် မလွဲမသွေ တရားမျှတသော
ရွေးကောက်ပွဲများပြုလုပ်ပေးကြရာ ပြည်သူလူထုသည် ရွေးကောက်ပွဲ၌ မလွဲမသွေ
ပါဝင်၍ တာဝန်ထမ်းဆောင် ရမည်သာ ဖြစ်သည်။
ပြည်သူလူထုအကျိုးလိုလားသော အဖွဲ့ အစည်းလူပုဂ္ဂိုလ်များသည်လည်း
တိုင်းပြည်တာဝန် ထမ်းဆောင်ခွင့်ရရေးကို လူထုထံမှ တောင်းခံရပေမည်။
တစ်နည်းအားဖြင့် မိဘကိုလုပ်ကျွေးပြုစုရန် သားသမီး က တာဝန်ယူရေးကို
ကမ်းလှမ်းခြင်းပင်ဖြစ်သည်။
မိဘကိုသားသမီးက လိုလားနှစ်သက်စွာ ဦးထိပ်ပန်ဆင်သလို၊
အလုပ်အကျွေးပြုသလို နိုင်ငံရေး ဆောင်ရွက်သူများ၊
နိုင်ငံအကျိုးသယ်ပိုးမည့်သူများ အနေဖြင့်
ကောင်းသောနှလုံးသွင်းမှုရှိရန်လိုသည်။
တိုင်းပြည်အကျိုးတကယ်သယ်ပိုးမည်ဆို လျှင် နိုင်ငံရေးအလုပ်သည်
တကယ်မွန်မြတ်သောအလုပ်၊ ကိုယ်ကျိုးစွန့်သောအလုပ်အဖြစ်
ဘ၀မှတ်တိုင်စိုက်ထူ နိုင်မည်ဖြစ်ကြောင်း၊ မိဘသည် ဘယ်သောအခါမျှ
အစားထိုး၍မရနိုင်သလို မိမိတို့တိုင်းပြည်၊ မိမိတို့နိုင်ငံ ကို
ဘယ်နိုင်ငံနှင့်မျှ အစားထိုး၍မရ၊ နှစ်သက်လိုလား ဖွယ်ရာဖြစ်သော
မိမိနိုင်ငံကို ကျေးဇူးသိခြင်းဖြင့် ကျေးဇူး ဆပ်ရန်
နိုင်ငံရေးသမားလုပ်မည့်သူများ အသိရှိရန်လို ကြောင်း
ဆန္ဒပြုတင်ပြလိုက်ရပါ၏။
မြတ်ဆွေ
ရည်ညွှန်း-ဦးနု၏ ပြည်ထောင်စုနီတိ။(၁၉၆၀)
နှစ်ဖက်လှဦးကျော်လွင်
ဗုဒ္ဓဘာသာစွယ်စုံကျမ်း။(၁၉၇၄)
|
|