Local News  World & Asia Ent & life Style Business  Health Science & Technology Politic & O/P View Perspective

Home » Most Popular Articles » ရွှေများထွက်ရာ ဟဲချိန်ရွာ ဗန်းမောက်နယ်သို့လာ

   

Related News

• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
• ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ်
• ယေဘုယျသမားနှင့် အထူးပြုသမား
• သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ်
• ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ်
• သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား
• ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ
• နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ
• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း

Archive News
[news/left-menu.htm] 


ရွှေများထွက်ရာ ဟဲချိန်ရွာ ဗန်းမောက်နယ်သို့လာ


စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ် သည် ကဒူး၊ ဂဏန်းတိုင်းရင်းသားများနေထိုင်ရာဒေသ တစ်ခုဖြစ်လေသည်။ ကသာခရိုင်တွင် မြို့နယ်ခုနစ်မြို့နယ် ရှိရာတွင် ဗန်းမောက်မြို့နယ်သည် နာမည်ကြီး၍ ရွှေ အများဆုံးထွက်ရှိရာ ဒေသတစ်ခုဖြစ်လေသည်။ ဗန်းမောက်မြို့နယ်သည် ကျေးရွာပေါင်းများစွာရှိပြီး တောင် များ၊ တောများ၊ ချောင်းများ ထူထပ်ပေါများသောဒေသ တစ်ခုဖြစ်ပေသည်။ ကဒူး၊ ဂဏန်း တိုင်းရင်းသားများ အနေဖြင့် ဤဒေသတွင် ရွှေလုပ်ငန်းကို အဓိကထားလုပ် ကိုင်ကြသည်ကို တွေ့ရလေသည်။ ဗန်းမောက်မြို့သည် မီးရထားလမ်းမပေါက်ဘဲ ကားလမ်းတစ်ခုတည်းကိုသာ အားထားသွားလာရသောဒေသတစ်ခုဖြစ်သည်။ ဗန်းမောက်မြို့မှတစ်ဆင့် မန္တလေး၊ မြစ်ကြီးနားအစရှိသည့် ဒေသများသို့ ခရီးသွားလိုလျှင် အင်းတော်မြို့သို့ ကားစီး ပြီး အင်းတော်ဘူတာမှတစ်ဆင့် မီးရထားဖြင့် မိမိလို ရာကို သွားလာနိုင်လေသည်။ ကားလမ်းတစ်ခုတည်း သာ အားထားရသော်လည်း ရွှေများထွက်ရာ ရတနာ နယ်မြေဖြစ်သောကြောင့် အစစအရာရာဖွံ့ဖြိုးတိုးတက် သော ဒေသတစ်ခုဆိုလျှင် မှားမည်မဟုတ်ပေ။ ဗန်းမောက်မြို့နယ်အတွင်း နေရာအနှံ့၌ ရွှေများထွက်ရှိပြီး ရောင်းဝယ်ဖောက်ကားနာမည်ရသောနယ်များ ရှိလေ သည်။ ထိုအထဲတွင်မှ ဟဲချိန်ကျေးရွာသည် ပို၍သတင်း ကျော်စောလေသည်။ ဗန်းမောက်မြို့မှ ဟဲချိန်ကျေးရွာ သည် မိုင်၂၀မျှကွာဝေးသည်။ မိုးရာသီတွင်သွားလာရေး ခက်ခဲသော်လည်း ယခုလို ဆောင်းနှင့်နွေရာသီလိုအချိန် ကာလတွင် အထူးကောင်းမွန်လေသည်။ ဗန်းမောက်မြို့မှ ကား၊ ဆိုင်ကယ်၊ စက်ဘီးတို့ဖြင့် သွားလာနိုင်လေသည်။ ဟဲချိန်ရွာသည် အိမ်မြေ ၃၀မျှသာရှိပြီး ကဒူး၊ ဂဏန်း စသည့် တိုင်းရင်းသားများသာ အများဆုံးနေထိုင်ကြ လေသည်။ ကဒူး၊ ဂဏန်းတိုင်းရင်းသားများမှာ စကား ပြောရာတွင် ပြတ်သားသည်။ စိတ်ရင်းစေတနာကောင်း ပြီး တစ်ဖက်သားကို အလွန်သနားညှာတာတတ်သော တိုင်းရင်းသားများဖြစ်သည်။ ဟဲချိန်ရွာသည် ကုန်းအမြင့်လေးတွင် တောင်ကိုအမှီပြု၍ တည်ဆောက်ထားသည်။ အရှေ့မြောက်တွင် တောင်များကာရံထားပြီး တောင် ဘက်အရပ် အောက်ဘက်တွင်တော့ ချောင်းတစ်ခုစီး ဆင်းလျက်ရှိသည်ကို တွေ့ရလေသည်။
အရှေ့မြောက်ဘက်ရှိတောင်များတွင် ကျောက် မှထွက်ရှိသော ကျောက်ရွှေကျင်းများ လုပ်ကိုင်တူးဖော် ကြသည်ကို တွေ့ရသည်။ ကျောက်ရွှေဆိုသည်မှာ 'ဥ ကျောက်'ဟုခေါ်သော ရွှေများကပ်နေသည့် ကျောက် များကို တူးဖော်စုဆောင်းပြီး အမှုန့်ကြိတ်စက်ဖြင့် အမှုန့် ကြိတ်ကာ ရရှိသောသဲစာများကို အင်များဖြင့်ဝိုင်းရလေ သည်။ ထိုမှ ရွှေများရရှိလေသည်။ ထို့အပြင် အင်ဝိုင်း၍ ပြန်လည်ကျန်ရှိသောသဲစာများကို ချက်ကန်ပြု၍ တစ် ဖန် ချက်ရလေသည်။ အင်ဝိုင်း၍ ရွှေငါးကျပ်သားသဲစာ ထဲမှ ရရှိပါက ထိုသဲစာကိုချက်လျှင် ရွှေသည် ၄၀ကျပ် သား၊ ၄၅ကျပ်သားအထိထွက်ရှိသည်ဟု သိရသည်။ သို့သော်လည်း ကျောက်ရွှေလုပ်ငန်းမှာ လုပ်ငန်းကျွမ်း ကျင်ရန် လိုလေသည်။ သို့မဟုတ်ပါက ကျင်းထောင် သောသူသည် အရှုံးနှင့်ရင်ဆိုင်ရတတ်သည်။
ရွာ၏အောက်ဘက်တွင်ရှိသော ချောင်းတွင် မှုန်ရွှေလုပ်ငန်းများ ချောင်းရိုးတစ်လျှောက် လုပ်ကိုင် နေကြသည်ကိုလည်း တစ်မျှော်တစ်ခေါ် မြင်တွေ့နိုင် သည်။ မှုန်ရွှေလုပ်ငန်းသည်ကား ကျောက်ရွှေလုပ်ငန်း လို မဟုတ်ပေ။ ချောင်းနံဘေးမြေကွက်များတွင် မှုန်စုပ် စက်များဖြင့် မျောဆင်ကာလုပ်ရသောလုပ်ငန်းဖြစ်သည်။ မှုန်လုပ်ငန်းသည်ကား ရွှေမရမရှိသောလုပ်ငန်းဖြစ်သည်။ တစ်နေ့လုပ်ရသောရွှေပမာဏကို ရွှေဝိုင်းပြီးချိန်၊ ကျင်း နားချိန်တွင် ဘယ်ရွေ့ဘယ်မျှရရှိသည်ကို ရွှေလုပ်သား များ သိရှိနိုင်သည်။ ကျင်းများမှာ တစ်ကျင်းနှင့်တစ်ကျင်း အလှမ်းမဝေးလှသော်လည်း ရွှေထွက်နှုန်းမှာ ကွာခြား တတ်လေသည်။ ရွှေကြောမိခြင်း၊ မမိခြင်းပေါ်မူတည် သည်ဟု သိရသည်။ ကျောက်ရွှေလုပ်ငန်းနှင့် မှုန်ရွှေ လုပ်ငန်းကို ဟဲချိန်ရွာနေရာမလပ် လုပ်ကိုင်နိုင်ကြလေ သည်။
ကဒူး၊ ဂဏန်းနယ်ဖြစ်သော ဗန်းမောက်မြို့နယ် ရှိ ကျင်းထောင်သောသူဌေးကို 'ပေါ်လိန်'ဟုခေါ်ဝေါ် ကြလေသည်။ ကျောက်ရွှေလုပ်ငန်းတွင်လုပ်ကိုင်သော ကျင်းထောင်သူပဲဖြစ်ဖြစ်၊ ကျင်းတူးသူပဲဖြစ်ဖြစ် အောင်မြင်ခဲ့လျှင် ရွှေကို ပိဿာချီရတတ်လေသည်။ သို့သော် ကျောက်ရွှေလုပ်ငန်းမှာ အချိန်ပေးပြီးလုပ်ကိုင်ရသော လုပ်ငန်းတစ်ခုဖြစ်သည်။ ဟဲချိန်တောင်ပတ်လည်တိုင်း တွင် ကျောက်ရွှေထွက်သော တောင်များ ၀န်းရံလုပ် ကိုင်နေလျက်ရှိသည်။ မှုန်ရွှေလုပ်ငန်းကတော့ဖြင့် အရှုံး ဆိုသည်မရှိဘဲ အထွက်နည်းခြင်းနှင့်များခြင်းသာ ကွာခြား လေသည်။ ကျောက်ရွှေပဲလုပ်လုပ်၊ မှုန်ရွှေပဲလုပ်လုပ် ရွှေလုပ်ငန်းကိုစိတ်ဝင်စားပါက ဟဲချိန်ရွာတွင် လာရောက် လုပ်ကိုင်နိုင်လေသည်။ ကျင်းထောင်ခြင်း၊ ကျင်းတူးခြင်း ကို စိတ်မ၀င်စားဘဲ ရွှေအရောင်းအ၀ယ်လုပ်ကိုင်လိုကလည်း အတော်ပင် သင့်မြတ်သောဒေသတစ်ခုဖြစ်သည်။ မည်သူမဆို လာရောက်လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံနဲ့ အ၀န်းမှာနေထိုင်ကြသော တိုင်းရင်းသားများကိုဖိတ် ခေါ်၍ တင်ပြလိုက်ရပေသည်။ ။

    သားဘမြင့်(နဘား)







 

Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media · Contact Us • Privacy · Advertisement with us · Help · Site Map
Copyright © Yangon Media 2007

yangonmedia.com

 Total Hit

Powered By: CREATIVE Web Studio