Local News  World & Asia Ent & life Style Business  Health Science & Technology Politic & O/P View Perspective

Home » Most Popular Articles » စည်းကမ်းသည်သာ တိုးတက်ကြီးပွားရာ

 

   

Related News

• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
• ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ်
• ယေဘုယျသမားနှင့် အထူးပြုသမား
• သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ်
• ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ်
• သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား
• ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ
• နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ
• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း

Archive News
[news/left-menu.htm] 


စည်းကမ်းသည်သာ တိုးတက်ကြီးပွားရာ

အဲဒီလို လိုအပ်နေလို့လဲ လူသားတွေဟာ မိုးလင်းကနေ ညမိုးချုပ်တဲ့အချိန်အထိ မနားမနေ အလုပ်တွေ လုပ်နေကြရတာပေါ့။
ဒီလို မနားမနေ ရှာဖွေလုပ်ကိုင်နေကြတာတွေဟာ ကိုယ့်အတွက်ပဲ လားဆိုတော့မဟုတ်ပါဘူး။ ကိုယ့်အတွက်ပြီးတော့ သားသမီး၊
သားသမီးပြီးတော့ ညီအစ်ကိုမောင်နှမ ညီ အစ်ကို မောင်နှမပြီးတော့ ဆွေမျိုးသားချင်းတစ်ဆင့် ပြီး တစ်ဆင့်တက်လာလိုက်တာ
သေသည့်အချိန်အထိ အလုပ်လုပ်သွားကြတာ ဒုနဲ့ဒေးပါပဲ။
အစစအရာရာ ပြီးပြည့်စုံတဲ့ဘ၀ကို ရရှိနိုင် ဖို့အတွက် လူသားတွေဟာ နည်းလမ်းပေါင်းစုံနဲ့ ကြိုး စားခဲ့ကြတာ အားလုံးအသိပါ။
အဲဒီလိုဘ၀ကို ပြည့်စုံ အောင်ကြိုးစားရင်း လမ်းမှားပြီးဘ၀ဆုံးသွားတဲ့သူတွေ မနည်းပါဘူး။ တကယ်တော့မိမိဘ၀တိုးတက်အောင်
မြင်ချမ်းသာဖို့ဆိုတာ အလုပ်တွေလုပ်ရုံနဲ့မဖြစ်လာနိုင် ဘူးဆိုတာ မသိကြတာ စိတ်မကောင်းစရာပါ။
လူတစ်ယောက်အောင်မြင်ချမ်းသာဖို့ဆိုတာ အဲဒီလူက လောကကြီးက သတ်မှတ်ထားတဲ့စည်းကမ်း၊ သဘာဝကြီးက သတ်မှတ်ပေး
ထားတဲ့ စည်းကမ်းချက် တွေနဲ့လူ့လောကက သတ်မှတ်ထားတဲ့စည်းကမ်းတွေ ဘယ်လောက်လိုက်နာမှုရှိတယ်၊ မရှိဘူး ဆိုတာနဲ့
အများ ကြီးသတ်ဆိုင်တယ်လို့တော့ ကျွန်တော်ထင်တယ်။
ကျွန်တော်တို့ဟာ အောင်မြင်ချမ်းသာဖို့ အလုပ်တွေလုပ်ကြရပါတယ်။ ဒီလိုအလုပ်တွေ လုပ် ကြတဲ့နေရာမှာ မိမိအလုပ်က သတ်မှတ်
ပေးထားတဲ့ စည်းကမ်းတွေတောင် မလိုက်နာကြတော့ ကျွန်တော် တို့ အောင်မြင်ချမ်းသာမှုကို ရရှိဖို့ဆိုတာ လေထဲမှာ တိုက်အိမ်
ဆောက်နေသလိုဖြစ်နေတာပေါ့။ အမှန်တော့ ကျွန်တော်တို့တွေ အောင်မြင်ချမ်း သာမှုတွေရရှိစေဖို့ နေရာတိုင်း လုပ်ငန်းတိုင်းက
စည်း ကမ်းချက်တွေ သတ်မှတ် ပေးထားပါတယ်။ ဒီလိုသတ်မှတ် ပေးထားတဲ့စည်းကမ်းချက်တွေကို အပြည့်အ၀မဟုတ် ရင်တောင်
တစ်ဝက်လောက် လိုက်နာမယ် ဆိုရင် ထိုက် သင့်တဲ့အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နံနက်မိုးသောက်
အလင်း ရောက်တာနဲ့လုပ်ငန်းခွင်ဝင်ကြဖို့ အိမ်မှစတင်ထွက်ခွာ ပြီဆိုတာ နဲ့လမ်းစည်းကမ်း တွေနဲ့ စတင်တွေ့ထိရတာ
ဖြစ်ပါတယ်။ သာမန်အနေနဲ့ ကြည့်ရင်တော့ ဒီစည်း ကမ်းက အရေးမကြီးဘူးလို့ ထင်ရပေမယ့် လမ်းစည်း ကမ်းမလိုက်နာတဲ့
သူတစ်ယောက်ရရှိနိုင်တဲ့အရာက အနည်းဆုံးဒုက္ခိတနဲ့ အများဆုံးကတော့ အသက်သေ ဆုံးခြင်း ဆိုတာသိကြမှာပါ။
လမ်းစည်းကမ်းလိုက်နာ လိုက်လို့ ထူးထူးခြားခြားမရှိပေမယ့် မလိုက်နာတဲ့အ တွက်ပေးရမယ့် အရာကတော့ ကြီးမားပါတယ်။ ဒီလို
မလိုက်နာလို့လဲ ယာဉ်တိုက်မှုကြောင့် သေဆုံးမှုတွေ ဟာ နှစ်စဉ်များနေသေးတာ တွေ့နိုင်ပါတယ်။ အဲဒီကမှတစ်ဆင့် လုပ်ငန်းခွင်ကို
ရောက်ရှိ တဲ့အခါမှာ လုပ်ငန်းက သတ်မှတ်ထားတဲ့စည်းကမ်း တွေနဲ့ ထပ်တွေ့ရမှာဖြစ်ပါတယ်။ တခြားစည်းကမ်း တွေက
အရေးမကြီးဘူးလို့ထင်ရင်တောင် မိမိလုပ်ငန်း ခွင်က သတ်မှတ်ထားတဲ့စည်းကမ်းတွေက မိမိဘ၀ တိုးတက်အောင်မြင်မှုနဲ့
ပတ်သက်နေတယ်ဆိုတာ ကျွန်တော်မပြောလဲ သိထားပြီးဖြစ်မှာပါ။ ဘ၀မှာအောင်မြင်ချမ်းသာချင်တယ်ဆိုရင် တော့ လုပ်ငန်းက
သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မဖြစ်မနေ လိုက်နာကြရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ် ရင်တော့ ဘ၀မှာ အောင်မြင်ချမ်းသာမှု
ဆိုတာ မရှိနိုင် ဘူးဆိုတာ မြေကြီးလက်နဲ့ ပုတ်ရင် လွဲချင်လွဲ သွားမယ်။ အဲဒီလူအတွက်ကတော့ အောင်မြင်ချမ်းသာမှုမရှိနိုင်
တာတော့ အသေအချာပါပဲ။ အသေအချာကျွန်တော်တို့ စဉ်းစားကြည့် ရင် စည်းကမ်းဆိုတာထုတ်တဲ့ သူအတွက် ဘာမှမရနိုင် ပေမယ့်
လိုက်နာတဲ့သူအတွက်တော့ ရရှိနိုင်တဲ့အကျိုး ကျေးဇူးတွေက အများကြီး တွေ့ရပါလိမ့်မယ်။ သူ့နေ ရာနဲ့သူရှိနေတဲ့ စည်းကမ်းတွေ
ကို လိုက်နာကြမယ်ဆို ရင် အောင်မြင်ချမ်းသာမှုဆိုတာ အလိုလိုရရှိလာမှာပါ။ ဒီလို လူသားတွေ အောင်မြင်ချမ်းသာဖို့
သတ်မှတ်ပေးထားတဲ့စည်းကမ်းတွေကို အောင်မြင်ချင် ပါတယ်ဆိုတဲ့သူတွေက မလိုက်နာတာ အံ့သြစရာပါ။ တကယ်တမ်းကြတော့
ကျွန်တော်တို့တစ်တွေဟာ မွေး ဖွားပြီးကတည်းက စည်းကမ်းတွေနဲ့ဘ၀ကို စတင်ခဲ့ကြ ရတာဖြစ်ပြီး သေဆုံးတဲ့အထိပါပဲ။
စည်းကမ်းနဲ့ပတ်သက်ပြီး ရှေးလူကြီးတွေ က ဆိုဆုံးမစကားတွေအများကြီးပြောကြားခဲ့ကြဖူး သလို စည်းကမ်းဆိုတာ
လူ့တန်ဖိုးလို့တောင် ပြောခဲ့ကြ တာ သိကြမှာပါ။ စည်းကမ်းမရှိတဲ့သူဟာ ဘယ်တော့ မှ တန်ဖိုးရှိတဲ့ လူတစ်ယောက် မဖြစ်လာ
နိုင်ပါဘူး။ တကယ်လဲ မှန်ပါတယ်။ လက်ရှိအောင်မြင်တဲ့သူတွေ ချမ်းသာအောင် ဘယ်လို့ပဲ ဆောင်ရွက်တာပဲဖြစ်ဖြစ် သူတို့တွေဟာ
လုပ်ငန်းတွေက သတ်မှတ်ထားတဲ့စည်းကမ်းတွေကို တော့ လိုက်နာကြတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါ ကြောင့် အောင်မြင်ချမ်းသာ
ချင်တဲ့သူဟာ သက်ဆိုင် ရာ ဒေသက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရမှာ အသေအချာပါပဲ။ ကျွန်တော်တို့ဟာ
လုပ်ငန်းခွင်တွေမှာတင် စည်းကမ်းရှိရမှာလာဆိုတော့ မဟုတ်ပါဘူး။ အလုပ် လုပ်တဲ့အတွက်ရရှိလာတဲ့ ၀င်ငွေကို သုံးစွဲတဲ့နေရာမှာ
လဲ စည်းကမ်းတကျသုံးစွဲတတ်ဖို့လိုပါတယ်။ ဒါမှာလဲ စည်းကမ်းရှိတဲ့အတွက် ရရှိတဲ့အကျိုးကျေးဇူးကို ခံစား ရမှာပါ။
ဒါကြောင့် လောကမှာ အောင်မြင်ချင်တဲ့ သူဟာ စည်းကမ်းမရှိလို့ မရပါဘူး။ ကြိုးစားမှုကြောင့် အောင်မြင်မှုရရှိခဲ့မယ်ဆိုရင်
အဲဒီအောင်မြင်မှု ထာဝရ တည်တံ့နေဖို့အတွက် စည်းကမ်းဆိုတာ လိုအပ်ပါ တယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့တစ်တွေ
ဟာ မွေးကတည်းက မိဘက သတ်မှတ်ထားတဲ့ စည်း ကမ်းတွေကို လိုက်နာခဲ့ကြရတာပါ။ အခုမှလိုက်နာကြ တာမဟုတ်ပါဘူး။
ကျွန်တော်တို့သာ နေရာတိုင်းမှာရှိတဲ့ စည်း ကမ်းတွေကို လိုက်နာကြမယ်ဆိုရင် ဘေးအန္တရာယ်လဲ ကင်းရှင်းပြီး အောင်မြင်သူ
ဖြစ်လာမှာ ဖြစ်ပါတယ်။ကျွန်တော်စဉ်းစားကြည့်တယ်။ သက်ဆိုင်ရာအဖွဲ့ အစည်းတွေ ဥပဒေတွေထုတ်ပြန်တယ်ဆိုတာ လူတွေ ဟာ
သတ်မှတ်ထားတဲ့ စည်းကမ်းတွေမလိုက်နာလို့ ထုတ်ပြန်တာလို့ ကျွန်တော်ထင်တယ်။ စည်းကမ်းနဲ့ပတ်သက်ပြီး အဖြစ်အပျက်
လေးတစ်ခု ပြောပြချင်ပါတယ်။ လမ်းဖြတ်ကူးသူတစ် ဦးကို ကားတိုက်လို့ ပွဲချင်းပြီး သေဆုံးသွားတဲ့ အဖြစ် အပျက်ဟာ
ဘာကြောင့်လို့ စာဖတ်သူထင်ပါသလဲ။ လမ်းကူ သူရဲ့ နမော်နမဲ့နိုင်မှုကြောင့်လား ဒါမှမဟုတ် ယာဉ်မောင်းရဲ့ ကြမ်းတမ်းစွာ
မောင်းနှင်မှုကြောင့်လား ဆိုတာ စာဖတ်သူတို့ စဉ်းစားကြည့်ပါ။ ဘာကြောင့် အဲဒီလိုဖြစ်သွားတယ်လို့ ထင်ပါသလဲ။ စာဖတ်သူစဉ်း
စားကြည့်ရင် စည်းကမ်းရဲ့တန်ဖိုးကို ထင်ထင်ရှားရှား သိမြင်ကြမှာပါ။






 

 

 

 

 

 

အေးချမ်းမြင့်မြတ်





 

Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media · Contact Us • Privacy · Advertisement with us · Help · Site Map
Copyright © Yangon Media 2007

yangonmedia.com

 Total Hit

Powered By: CREATIVE Web Studio