Local News  World & Asia Ent & life Style Business  Health Science & Technology Politic & O/P View Perspective

Home » Most Popular Articles » ရှားပါးမျိုးနွယ် လင်းပိုင်တစ်ကောင် ကမ်းခြေတွင် လာရောက်သေဆုံး

 

   

Related News

• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
• ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ်
• ယေဘုယျသမားနှင့် အထူးပြုသမား
• သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ်
• ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ်
• သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား
• ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ
• နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ
• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း

Archive News
[news/left-menu.htm] 


ရှားပါးမျိုးနွယ် လင်းပိုင်တစ်ကောင် ကမ်းခြေတွင် လာရောက်သေဆုံး

 



ရှားပါးမျိုးသုဉ်းလုနီးပါးဖြစ်နေသည့် လင်းပိုင် တစ်ကောင် ကမ်းခြေရေတိမ်ပိုင်းသို့ ရောက်ရှိသေဆုံး နေသည်ကိုတွေ့ရ၍
ရေလုပ်သားများက ယူဆောင်ပြီး စစ်တွေခရိုင် ငါးလုပ်ငန်းဦးစီးဌာနသို့ လာရောက်အပ် နှံခဲ့ကြောင်း သိရသည်။ အဆိုပါလင်းပိုင်မှာ
အလျား (၆ပေ ၅လက်မ)၊ လုံးပတ် (၃-ပေ၃လက်မ)ရှိသည်။
''လင်းပိုင်က ကမ်းပါးသို့လာရောက်နေတာ ကိုတွေ့လို့ ဖမ်းယူပြီး ရေနက်ပိုင်းကိုပြန်လွှတ်ပေးခဲ့ပါ တယ်။ ဒါပေမဲ့ လင်းပိုင်ဟာ
ကမ်းနားသို့ပြန်လာခဲ့ပြီး ကမ်းနားမှာ သေဆုံးနေတာကိုတွေ့ရတဲ့အတွက် သယ် ယူပြီး ငါးလုပ်ငန်းဦးစီးဌာနသို့ ပို့ပေးခဲ့တာ
ဖြစ်ပါတယ်'' ဟု ရေလုပ်သားတစ်ဦးက ရှင်းပြသည်။
လင်းပိုင်ကို ရခိုင်ဒေသခံများက လင်းရှူးဟု ခေါ်ကြပြီး ရေလုပ်သားများ၏မိတ်ဆွေငါးအဖြစ်သတ် မှတ်ကြကာ ဖမ်းဆီးခြင်း၊
သတ်ဖြတ်ခြင်း မပြုလုပ်ကြ ကြောင်းဖြင့်လည်း သိရသည်။ လင်းပိုင်များမှာ ကမ်းဦး ရေတိမ်ပိုင်းတွင် သွားလာကျက်စား နေတတ်ကြ
ပြီး ရခိုင်ကမ်းရိုးတမ်းတွင် အမြောက်အမြား တွေ့ခဲ့ရဖူး ကြောင်း သိရသည်။
''လင်းပိုင်တွေဟာ ပင်လယ်ထဲမှာ ဒုက္ခရောက် နေတဲ့ လူတွေကိုတွေ့ရင် ငါးမန်းအန္တရာယ်ကာကွယ် ပေးတဲ့အပြင် သူတို့ရဲ့ နှုတ်သီးနဲ့
တွန်းပြီး ရေမမြုပ်အောင် ကူညီကြသလို ကမ်းသို့ရောက်အောင်ပို့ပေးတတ်ကြ ပါတယ်''ဟု ရေလုပ်သားတစ်ဦးက ဆိုသည်။
လင်းပိုင်များကို စစ်တွေကမ်းခြေနှင့် ကုလားတန်မြစ်ကြောင်းတွင် တွေ့ရတတ်ပြီး ကုလားတန်မြစ်ဝမှအထက်ပိုင်း၊ မိုင် ၃၀ခန့်
အကွာနေရာများထိ ၀င်ရောက်တတ်ကြ ကြောင်း သိရသည်။ ပုဏ္ဏားကျွန်းမြို့အနီးနှင့် မြောက်ဦးသွား ရေလမ်းကြောင်းများ၊
ပေါက်တောမြစ်ပြင် နှင့် ကမ်းရိုးတန်းဒေသအတွင်း လှေသင်္ဘောများ နောက်သို့လိုက်၍ မြူးထူးနေတတ်ကြ သည်ကို တွေ့ရကြောင်း
လည်း ဆိုကြသည်။
သို့ရာတွင် ယခုအခါ လင်းပိုင်များကို တွေ့ရနည်းပါးလာကြောင်း ဒေသခံများက ဆိုသည်။ လင်းပိုင်မှာ ရေနေသတ္တ၀ါများအနက်
မျိုးသုဉ်းပျောက်ကွယ်လုနီးပါးရှိနေပြီဖြစ်သည့် ရေသတ္တ၀ါများဖြစ်ကာ ငါးလုပ်ငန်းဦးစီးဌာနမှဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းမပြုရန်
တားမြစ်ထားသည့် ရေသတ္တ၀ါများဖြစ်သည်။ လင်းပိုင်များကို ဘင်္ဂ လားဒေ့ရှ်ကမ်းခြေတွင်လည်း အမြောက်အမြား တွေ့ ရကြောင်း
မသမာသူများက လင်းပိုင်များကို ဖမ်းဆီး သတ်ဖြတ်ပြီး ငါးမန်းမျှားရာတွင်အသုံးပြုခဲ့ကြကြောင်း သိရသည်။







 

 

 

 

 

 

ေ က သ ရီး





 

Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media · Contact Us • Privacy · Advertisement with us · Help · Site Map
Copyright © Yangon Media 2007

yangonmedia.com

 Total Hit

Powered By: CREATIVE Web Studio