Local News  World & Asia Ent & life Style Business  Health Science & Technology Politic & O/P View Perspective

Home » Most Popular Articles » ဆိ ပ် ခွ န် ရွာ သ မို င်း ၀ င် အင်ကြင်းတော စေတီတော်

 

   

Related News

• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
• ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ်
• ယေဘုယျသမားနှင့် အထူးပြုသမား
• သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ်
• ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ်
• သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား
• ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ
• နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ
• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း

Archive News
[news/left-menu.htm] 


ဆိ ပ် ခွ န် ရွာ သ မို င်း ၀ င် အင်ကြင်းတော စေတီတော်

 



စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နာမည်ကျော် ဆိပ်ခွန်ကျေးရွာ ကြီးရှိ အင်းကြင်းတောစေတီတော်မြတ်ကြီးသည် သာသနာတော်
သက္က ရာဇ် ၂၂၄ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးတည်တော်မူခဲ့သော စေတီ ပေါင်း ရှစ်သောင်းလေးထောင်တွင် တစ်ဆူ
အပါအ၀င်ဖြစ်ပါသည်။ လကို ရာဟုဖမ်းသောနေ့၊ လကို ရာဟုဖမ်းချိန်အတွင်း စေတီအားလုံးကို တစ်ပြိုင် တည်းပြီးစီးအောင်
တည်စေ၍ တည်ပြီးချိန်တွင် ရှစ်သောင်းလေးထောင် သော အရပ်ဌာနမှ မာဂဓဘာသာဖြင့် 'မုဋ္ဌော'၊ မြန်မာလို 'လွတ်ပြီ'ဟု
ပြိုင်တူကြွေးကြော်ခဲ့သည်ကို အစွဲပြုကာ 'မုဋ္ဌောစေတီ'ဟု ခေါ်တွင်ခဲ့ကြ ကြောင်း မှတ်သားရပါသည်။
အင်ကြင်းတော မုဋ္ဌောစေတီ၏ မူလÓဏ်တော်အမြင့်မှာ ငါးတောင်နှင့် ထီးတော်ငါးဆင့်ပါရှိကြောင်း သိရသည်။
မြန်မာသက္ကရာဇ် ၅၄၅ခုနှစ်တွင် ပုဂံမင်းဆက် ၄၇ ဆက်မြောက် နရပတိစည်သူမင်းကြီး တိုင်းခန်းလှည့်လည်ရာတွင်ဆိပ်ခွန်ရွာသို့
ရောက်ရှိခဲ့ပြီး 'မုဋ္ဌောစေ တီတော်'ကို Óဏ်တော်အမြင့်အတောင် လေးဆယ် ခန့်အထိ တိုးမြှင့်၍ မွမ်းမံပြင်ဆင်ခဲ့ကြောင်း၊ စေတီ
တော်အနီးတွင်လည်း သိမ်၊ အုတ်ဂူဘုရား၊ ကျောက် တိုင်များ၊ ၀တ်မြေများ၊ အစောင့်နေလူများကိုလည်း လှူဒါန်းခဲ့ကြောင်း၊
ထိုစဉ်က စေတီတော်အနီးတွင် အင်ကြင်းပင်ဆယ်ပင်နှင့် ညောင်ပင်ကြီးတစ်ပင်ရှိ ကြောင်း သိရသည်။ ထိုစဉ်က
'ရွှေမုဋ္ဌော'ဘွဲ့အမည် ဖြင့် ထင်ရှားခဲ့သော်လည်း နောက်ပိုင်းတွင် စေတီ တော်ပတ်ဝန်းကျင်၌ အင်ကြင်းပင်များ တောဖြစ်
အောင်ပေါက်နေသောကြောင့် 'အင်းကြင်တောစေတီ' ဟု ယခုတိုင် ထင်ပေါ်လျက်ရှိသည်။
မြန်မာသက္ကရာဇ် ၁၂၁၅ခုနှစ်တွင် မင်းတုန်း မင်းတရားကြီးက ရွှေသင်္ကန်းကပ်လှူတော်မူခဲ့သည်။ တည်တောဗိုလ်၏သား
ကြောင်သင်းဗိုလ်သည် မရှောင် လွှဲသာသော စစ်ရေးကိစ္စကြောင့် အင်ကြင်းတော ဘုရားကြီး၏ရင်ပြင်တော်တွင် မြင်းဆွဲသွားမိသည့်
အပြစ်ကျေစေရန် ရည်သန်လျက် ရင်ပြင်တော်အပြည့် ကျောက်ပြားများ ခင်းလှူခဲ့သည်။ အလှူရှင်အသီးသီး ကလည်း
ခေတ်အဆက်ဆက်ပြုပြင်မွမ်းမံခြင်း၊ စေတီ၊ မုခ်၊ ဇရပ်၊ တန်ဆောင်းအသစ်များ တည်ဆောက် လှူဒါန်းခဲ့ကြသည်။
လက်ရှိအင်ကြင်းတောစေတီမှာ ဖိနပ်တော် အတောင်နှစ်ရာ၊ ဥာဏ်တော် ၆၈တောင် အမြင့်ရှိကြောင်း သိရသည်။
'အကျင့်ဆုံးသီလုံး'ဟု နာမည်ရကျော်ကြား ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၂၂ခုနှစ်တွင် စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူခဲ့သော
သီလုံးဆရာတော်ကြီး ဦးစန္ဒိ မာက အင်ကြင်းတောစေတီ၏ အင်္ဂါထောင့်တွင် ဂေါတမမြတ်စွာဘုရား၏ နှလုံးသည်းပွတ်မှဖြစ်သော
ဓာတ်တော်များ ကိန်းဝပ်တော်မူသဖြင့် စေတီတော် အား အင်္ဂါထောင့်မှ ဖူးမြော်ပါက စိတ်နှလုံးကို အထူး ချမ်းမြေ့စေနိုင်သည်ဟု
မိန့်ကြားတော်မူခဲ့ပါသည်။
အင်ကြင်းတောစေတီတော်မှ ဆိပ်ခွန်ကျေး ရွာအထိ သွားရောက်ရာ လမ်းတစ်လျှောက်တွင် နေ အပူနှင့် မိုးရေစိုခြင်းတို့မှ
ကင်းလွတ်စေနိုင်သော စောင်း တန်းရှည်ကြီးများကို တစ်မျှော်တစ်ခေါ်မြင်တွေ့ နိုင်ပါသည်။ အင်ကြင်းတောစေတီတော် အရှေ့မုခ်
အုတ်လှေကား၏ တောင်ဘက်ဖိနပ်တော်အုတ်ခုံနှင့် ကပ်လျက် လုံးပတ်ကိုးတောင်ခန့်ရှိ ထူးဆန်းအံ့သြဖွယ် ရာ အင်ကြင်းပင်ကြီး
တစ်ပင်ရှိခဲ့ပါသည်။ ၎င်းင်းအင် ကြင်ပင်ကြီး၏ စနေထောင့်ဘက်ထွက်သော (တောင် ဘက်မုခ်ပြာသာဒ်တည့်တည့်)အကိုင်းတွင်
အင်ကြင်း ပန်းအငုံများအကြား ကျပ်ပြားဝိုင်းအရွယ်ရှိ ဘေးပွင့် ဖတ်အ၀ါရောင်ဖျော့ဖျော့ အလယ်ဝတ်ဆံအပြည့်ပါ သော ပျဉ်းပွင့်များ
ရောထွေးပွင့်သည့် ပန်းခိုင်ကြီးများ ကို မြင်တွေ့ခဲ့ကြရကြောင်း၊ ထိုအချိန်မှစကာ 'အင် ကြင်းတစ်ကိုင်း ပျဉ်းတစ်ကိုင်း'ဟု
ဘိုးစဉ်ဘောင်ဆက် ပြောဆိုမှတ်သားထင်ရှားခဲ့သည်။
သက်တမ်းအလွန်ကြီးရင့်ပြီဖြစ်သော ၎င်းင်း အင်ကြင်းပင်ကြီးမှာ ၁၃၄၄ခုနှစ် နယုန်လဆန်း ၁၀ ရက် ညသန်းခေါင်ယံအချိန်တွင် အပင်ခြေရင်းမှ ပြတ် ၍ လဲပြိုကျခဲ့သည်။ လဲပြိုကျသော ပင်စည်ကြီး၏ လုံးပတ်မှာ ကိုးတောင်ခန့်ရှိပြီး အလျားမှာ ၃၇တောင် ခန့်
ရှည်လျားသည်။ လဲပြိုကျသော နေရာကွက်လပ် ၏ အနေအထားအရ နီးကပ်စွာ ရှိနေသော ဘေးဝဲ ယာရှိ အဆောက်အအုံများကို
ထိခိုက်စေနိုင်သော် လည်း ကြီးမားသော ကျိုးပဲ့ပျက်စီးမှုမရှိခြင်း၊ ပုရွက် ဆိတ်၊ ခြစသည့် ပိုးမွှားများနှင့် ရာသီဥတုဒဏ်ကြောင့်
ဆွေးမြည့်ပြိုလဲခြင်းမဟုတ်ဘဲ ပင်စည်ဖွဲ့စည်းတည် ဆောက်မှုမှာလည်း ကျစ်လျစ်သိပ်သည်းစွာဖြင့် ကျောက်ဖြစ်ရုပ်ကြွင်း အသွင်
ဖြစ်ပေါ်နေသည်ကို မြင် တွေ့ကြရပါသည်။ ယခုအခါ စေတီတော်ရင်ပြင်တွင် တန်ဆောင်းအခိုင်အမာဆောက်လုပ်၍ အင်ကြင်းပင်
စည်တုံးကြီးအား ထိန်းသိမ်းပြသထားရှိသည်။
အင်ကြင်းတောဘုရားပွဲတော်ကို ရှေးမြန်မာ မင်းများ လက်ထက်မှစကာ ကိုလိုနီခေတ်အပါအ၀င် ယခုအချိန်အထိ နှစ်စဉ်နှစ်တိုင်း
တန်ခူးလဆန်း ၁၀ ရက်မှ တန်ခူးလပြည့်နေ့အထိ ကျင်းပခဲ့ကြပါသည်။ ပွဲတော်ရက်အတွင်း ရပ်ဝေးရပ်နီးကျေးရွာများမှ လှည်း
အုပ်ကြီးများဖြင့် ညအိပ်ညနေလာရောက်ကာ လှည်း ၀ိုင်းကြီးများဖွဲ့၍ အထူးစည်ကားလှစွာ ဆင်နွှဲကြပါ သည်။ စာရေးသူ၏
ဖခင်ဇာတိမှာ ဆိပ်ခွန်ရွာမြောက် ဘက် ငါးမိုင်ခန့်အကွာ နှမစားရစ်ကျေးရွာ ဖြစ်ပါ သည်။ နှစ်စဉ်နှစ်တိုင်း နွေရာသီ
ကျောင်းပိတ်ရက်များ မှာ နတ်မောက်မြို့မှနေ၍ ရွှေဘို၊ ဆိပ်ခွန်၊ နှမစားရစ် ရှိ ဆွေမျိုးများထံသို့ အလည်အပတ်သွားကြပါသည်။
ထိုအခါ အင်ကြင်းတောဘုရားပွဲရက်နှင့် ကြုံကြိုက် သဖြင့် နှစ်စဉ်လိုလို ဘုရားပွဲသို့ ရောက်ကြရပါသည်။ ရွှေဘိုနယ်ရှိ ကျေးရွာများ၏
ချစ်စရာဓလေ့တစ်ခုမှာ ဆိပ်ခွန်အင်ကြင်းတော ဘုရားပွဲသို့ဖြစ်စေ၊ ရွှေဘို မြို့ ဒေါင့်စေတီ(မောဓောမြင်သာ)ဘုရားပွဲသို့ဖြစ်စေ၊ သူ့ရွာ
နှင့်သူ၊ သူ့ရက်နှင့်သူ သတ်သတ်မှတ်မှတ်ဖြင့် ရွာလုံး ကျွတ်သွားကြခြင်း ဖြစ်ပါသည်။ စာရေးသူတို့ နှမစား ရစ်ရွာမှ အင်ကြင်းတော
ဘုရားပွဲသို့ တန်ခူးလဆန်း ၁၃ရက်နေ့တိုင်း ရွာလုံးကျွတ် နွာလှည်းများဖြင့် သွား ကြသည်မှာ လွန်စွာပျော်စရာကောင်းလှပါသည်။
ရှေးခေတ်အခါမှစ၍ ယခုအချိန်အထိ အင်ကြင်းတော ဘုရားပွဲဈေးရောင်းကုန်များအနက် ထူးခြားမှုမှာ တောင်သူလယ်ယာသုံး
လုပ်ငန်းတွင် မရှိ မဖြစ်လိုအပ်သော နှင်တံ(နွားရိုက်တုတ်၊ ၀ါး၊ ကြိမ် စသည်)ကအစ လှည်းတစ်စီးလုံးစာ ပစ္စည်းအစုံအလင် ကို
အလျှံအပယ် လိုသလောက် ၀ယ်ယူ၍ရနိုင်ခြင်း ဖြစ်သည်။ ထို့ပြင် နွားတပ်မောင်းရုံ အဆင်သင့်ဖြစ်နေ သော ဆင်ပြီးသား
လှည်းအစီးလိုက်များကို ရောင်းချ ခြင်းများလည်း ရှိပါသည်။ တစ်နယ်လုံးက ဆွမ်းဆန် စိမ်းလောင်း ကုသိုလ်ပြုကြခြင်း၊
တပျော်တပါး အား ထားရသော ဘုရားပွဲတော်ကြီးအဖြစ် ထင်ရှားလှပါ သည်။ မြတ်စွာဘုရားရှင် ပွင့်တော်မမူမီ နုစဉ်ဘ၀ က
အဇဓဇမည်သော ရသေ့ဘ၀မှာ သီတင်းသုံးနေ ထိုင်ခဲ့ဖူးသည်ကို အကြောင်းပြု၍ ဆိတ်တခွန်အမည် မှ ဆင်းသက်လာသည်ဟု
ယူဆထားပြီး ဆီခွန်၊ ဆည် ခွန်မှ ဆိပ်ခွန်အမည်ဖြင့် လက်ရှိထင်ရှားလျက်ရှိသော ဆိပ်ခွန်ရွာကြီးတွင် ဘုန်းတော်ကြီးကျောင်းပေါင်း
၂၃ ကျောင်းရှိသည်ကို သိရ၍ ဒေသနေများ၏ ဘာသာ ရေးကိုးကွယ်ယုံကြည်မှု၊ သဒ္ဓါတရား ထက်သန်မှုကို လေးစားပီတိ
ဖြစ်ရပါသည်။
ရှေးခေတ်မျိုးချစ်ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့ ခြင်း၊ စပါး၊ ဂျုံစသည့် ကောက်ပဲသီးနှံများ ဖြစ်ထွန်း ခြင်း၊ သာသနာ့အာဇာနည်
မဟာစည်ဆရာတော်ကြီး အသျှင်သောဘန၏ ဇာတိမြေဖြစ်ခြင်း၊ နာမည်ကျော် ရိုးရာရက်ကန်းလုပ်ငန်းများရှိခြင်း စသည်ဖြင့် ကျော်
ကြားမှုများပြားသော ဆိပ်ခွန်ရွာသို့ အလည်တစ်ခေါက် လာရောက်ရင်း စေတီရံပေါင်း ၁၅၈ဆူဖြင့် သပ္ပာယ်စွာ တည်ရှိနေသည့်
သမိုင်းဝင် အင်ကြင်းတော စေတီ တော်မြတ်ကြီးအား လာရောက် ဖူးမြော်လှည့်ပါဦးဟု ဖိတ်ခေါ်ပါရစေ။ ။









 

 

 

 

 

 







 

Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media · Contact Us • Privacy · Advertisement with us · Help · Site Map
Copyright © Yangon Media 2007

yangonmedia.com

 Total Hit

Powered By: CREATIVE Web Studio