Local News  World & Asia Ent & life Style Business  Health Science & Technology Politic & O/P View Perspective

Home » Most Popular Articles » တရုတ်နိုင်ငံတွင် လူအများ သေဆုံးမှု၏ လက်သည် တရားခံမှာ အဖြူလေးဖြစ်

 

   

Related News

• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း
• ဂျင်နရယ်လစ်နှင့် စပယ်ရှယ်လစ် သို့မဟုတ်
• ယေဘုယျသမားနှင့် အထူးပြုသမား
• သတိရှိရှိ အသိရှိရှိ ကြိုတင်ကာကွယ်
• ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ရိုက်ခတ်မှု အန္တရာယ်
• သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ သစ်လွင်ဖို့ လိုပြီလား
• ကမ္ဘာတည်သရွေ့မှာမေ့မရသော အာဇာနည်နေ့ပါ
• နာဂစ်ကိုအာခံ ဇွဲမာန်မလျှော့ လယ်ယာ လုပ်ငန်းခွင် ပြန်ကျော့ပြီ
• ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် ပြည်သူ့ဝန်ထမ်း

Archive News
[news/left-menu.htm] 


တရုတ်နိုင်ငံတွင် လူအများ သေဆုံးမှု၏ လက်သည် တရားခံမှာ
အဖြူလေးဖြစ်

 

တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိကျေးရွာများမှ အသက် အရွယ်မရွေး လူများမှာ နှစ်စဉ်မိုးရာသီကာလသို့ ရောက်လာပါက
ရုတ်တရက် နှလုံးရပ်သေဆုံးခဲ့ကြသည်ကို တွေ့ရှိရသည်ဟုဆိုသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုအတွင်း လူ ၄၀၀ခန့်
သေဆုံးခဲ့သည့်တိုင် မည်သည့်အတွက်ကြောင့်သေဆုံးသည်ကို အဖြေရှာမရခဲ့ဟု သိရ သည်။ ထိုကဲ့သို့ သေဆုံးမှုများနှင့်
ပတ်သက်၍ တရုတ်နိုင်ငံ ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန(CDC)မှနေ၍ ငါးနှစ်ကြာလေ့လာ စမ်းသပ်ခဲ့ပြီးနောက်
တွင်မူ အဖြူလေးဟူ၍ လူအများသိထားသည့် မှိုကြောင့်ဟူ၍ ကောက်ချက်ချခဲ့ကြောင်း သိရသည်။
ယခင်က မှိုစားသုံးခြင်းဖြင့် ဘေးဥပဒ်မဖြစ်ဟု ယူဆထားခဲ့ သော်လည်း ယန်နန်ခရိုင်တွင်ဖြစ်ပွားနေသော သေဆုံးမှုများနှင့်ပတ်
သက်၍ စုံစမ်းစစ်ဆေးသူတို့က ရွာသူရွာသားတို့၏ ရုတ်တရက်သေ ဆုံးမှု၏ လက်သည်တရားခံကိုရှာဖွေရန် ယန်နန်ခရိုင်သို့
ရောက်ရှိ လာခဲ့ကြသည်။ ၎င်းင်းတို့ကြားရသမျှဇာတ်လမ်းများမှ အလွန်အံ့အား သင့်စရာ ကောင်းလှပြီး သေဆုံးသူများမှာ
စကားပြောဆိုနေရင်းမှ ရုတ်တရက်လဲကျသေဆုံးခဲ့ကြခြင်းဖြစ်သည်ဟု နှလုံးရောဂါကုဆရာ ၀န် ကျန်ရှုကပြောကြားခဲ့သည်။
လေ့လာစုံစမ်းရေးအဖွဲ့နှင့်အတူ အမေရိကန်မှ ကူးစက်ရောဂါဆိုင်ရာပညာရှင် ရောဘတ်ဖွန်တိန်သည် လည်း လိုက်ပါကူညီ
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၀၄ခုနှစ်တွင် ဒေသခံကျန်းမာရေးအရာရှိတို့က သေဆုံးမှု များနှင့်ပတ်သက်၍ အစိုးရထံမှ ကူညီပံ့ပိုးပေးပါရန် ပန်ကြားခဲ့သည့်
အတွက် အစိုးရက CDCမှ ဆေးကုသမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
လအတန်ကြာစုံစမ်းစစ်ဆေးမှုအပြီးတွင်မူ သေဆုံးသူအများစု သည် စိတ်ဖိစီးမှုရှိပြီး မှိုများစားသုံးထားသူများဖြစ်ကြောင်း တွေ့ရှိခဲ့
ရသည်။ ၂၀၀၅ခုနှစ်တွင်မူ စုံစမ်းစစ်ဆေးသူတို့က ကျေးရွာသူရွာသား တို့အား မှိုဖြူများကိုစားသုံးခြင်းမပြုရန် သတိပေးခဲ့သည်။
စင်စစ် ယန် နန်ခရိုင်တွင် မှိုများနှင့်ပတ်သက်၍ တားမြစ်ရန်ခက်ခဲမှုရှိနေပြီး မှိုများ မှာ ဈေးကောင်းရသည့်အတွက် နွေရာသီကာလ
တွင် မိသားစုလိုက် မှိုရှာထွက်တတ်ကြသည်ဟု ဆိုသည်။ ၂၀၀၈ခုနှစ်တွင်မူ စုံစမ်းစစ်ဆေး သူများသည် လူအများသေဆုံးရသည့်
လက်သည်တရားခံမှာ ဒေသ အခေါ် အဖြူလေး သို့မဟုတ် လိပ်ပြာမှိုဟုသိသည့် Trogia မှိုများ ဖြစ်ကြောင်း ကောက်ချက်ချ
နိုင်ခဲ့သည်။ ထိုမှိုဖြူများမှာ အလွန်သေး ငယ်သည့်အတွက် ဈေးကွက်တွင် ရောင်းချလေ့မရှိကြောင်း သိရ သည်။
စုံစမ်းစစ်ဆေးသူတို့၏ မှိုဖြူလေးများစားသုံးခြင်းကို လူအများ နားလည်သဘောပေါက်စေရန် ပညာပေးစည်းရုံးမှုကြောင့် အသေ
အပျောက်အရေအတွက် လျော့နည်းလာခဲ့သည်။ လွန်ခဲ့သည့်နှစ်နှစ် ခန့်က သေပျောက်မှုအနည်းငယ်ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ
အသေ အပျောက် မရှိသလောက်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ပြဿနာမှာ အတိအကျအဖြေရှာနိုင်သေးခြင်း မရှိဘဲ မှိုတွင်
အဆိပ်အတောက်ပါရှိသော်လည်း ထိုအဆိပ်မှာ သေ လောက်သည်အထိ ပြင်းထန်ခြင်းမရှိဟုသိရသည်။ တရုတ်သိပ္ပံပညာ ရှင်တို့က
မှိုဖြူတွင်ပါဝင်သောအဆိပ်အား နှလုံးရပ်စေခြင်း ရှိမရှိ သီးသန့်စစ်ဆေးခဲ့ကြသည်။ မှိုအဆိပ်သင့်သူအများစုတွင် ဗေရီယမ် ဒြပ်စင်
ပမာဏ မြင့်မားစွာပါရှိနေပြီး ထိုသတ္တုဓာတ်သည် မှိုပေါက် ရောက်ရာ မြေကြီးထဲတွင် စိမ့်ဝင်နေခြင်းဖြစ်သည်။
မိမိတို့အနေဖြင့် ဓာတ်ခွဲစမ်းသပ်မှုကို ဆက်လက်၍ အသေး စိတ် စမ်းသပ်စစ်ဆေးရန်လိုအပ်မည်ဖြစ်ကြောင်း ဒေါက်တာဖွန်တိန် က
ပြောကြားလိုက်သည်။ အဆိပ်သင့်မှိုများနှင့်ပတ်သက်သော ပြဿနာမှာ အာရှတစ်လွှားတွင် ဖြစ်ရိုးဖြစ်စဉ်ပြဿနာတစ်ရပ်ဖြစ်
သည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ ဒေသခံ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ ထို့ပြင်
လူများအနေဖြင့် စား၍ရသည့်မှိုနှင့် စား၍မရသည့်မှိုကို ခွဲခြားသိထားသင့်ကြောင်း၊ တစ်ခါတစ်ရံတွင် အမှတ်တမဲ့ဖြစ်ရပ်များလည်း
ဖြစ်ပွားနိုင်ကြောင်း ပြောကြားခဲ့သည်။










 

 

 

 

 

 







 

Source: Flower News
Category: Most Popular Articles
Action:  Printable Version  |  Mail This  |    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media · Contact Us • Privacy · Advertisement with us · Help · Site Map
Copyright © Yangon Media 2007

yangonmedia.com

 Total Hit

Powered By: CREATIVE Web Studio