|
လာမည့်နှစ်မိုးရာတွင် ရေလျှံမှုမရှိစေရန် အင်းလျားကန်ကြီး
ပြန်ဆယ်မည်
လာမည့်နှစ်မိုးရာသီတွင်အင်းလျားကန်ရေလျှံမှုမရှိစေရန်အတွက်ယခုပွင့်လင်းရာသီတွင်
အင်းလျားကန်ကြီး ကို တူးဖော်ဆယ်ထား မည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး
ကပြောသည်။
အင်းလျားကန်သည်
နှစ်ကာလကြာရှည်ပြီဖြစ်သောကြောင့်တဖြည်းဖြည်းတိမ်ကောလာပြီဖြစ်ကြောင်း
သိရ သည်။ ယင်းကြောင့်ကန်ရေများမှာ နှစ်စဉ်လိုလို
ရေလျှံမှုဖြစ်လျက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ ရေလျှံ
မှုမဖြစ်စေရန် ယခုပွင့်လင်းရာသီကတည်းက ကန်ရေကို
လျှော့ချထားခြင်း၊ တူးဖော်ခြင်းတို့ကို ဆောင်ရွက် သွားမည်ဟု
သိရသည်။
"အရင်ကကမာရွတ်ချောင်းဆိုတာလှိုင်မြစ်ကနေအင်းလျားကန်ပေါင်ကိုရောက်အောင်လှေစီးပြီးလာလို့ရတယ်။
အရောင်းအ၀ယ်လုပ်တဲ့လှေတွေအားလုံးအဲဒီမှာပဲဆိုက်ကပ်ကြတယ်။အခုတော့အဲဒီချောင်းတွေကောကုန်ပြီ။
ဒါကြောင့်ကန်ထွက်ပေါက်ချောင်းတွေပိတ်ဆို့ပြီးကန်ရေလျှံမှုတွေဖြစ်တာပါ}}ဟု
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
ယခုအခါတွင် အင်းလျားကန်ရေလျှံမဖြစ်ပွားအောင်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများသည်
စီမံချက်များရေးဆွဲဆောင် ရွက်နေပြီ ဖြစ်သည်။ အင်းလျားကန်ကို
၁၈၈၄ခုနှစ်တွင် စတင်တူးဖော်ခဲ့ပြီး အကျယ်အ၀န်း
၁.၅စတုရန်းမိုင်ရှိကြောင်း သိရသည်။
|
Source: |
Yangon Times
Journal |
|
Category: |
Latest News |
|
Action: |
Printable
Version |
Mail This |
Add favorite |
|
|