Home / Contact us / Site Map
Create my Yangonmedia Account or Login

 

Home » Entertainment News » အနက်ရှိုင်းဆုံး တစ်နေရာ

 

Make Yangon Media Your Home page

Local news
လာမည့်နှစ်မိုးရာတွင် ရေလျှံမှုမရှိစေရန် အင်းလျားကန်ကြီး ပြန်ဆယ်မည်

World & Asia
ပါကစ္စတန်တွင်အရေးပေါ်အခြေအနေထုတ် ပြန်

Entertainment
အနက်ရှိုင်းဆုံး တစ်နေရာ

Life Style
ကိုရီးယားရုပ်ရှင်သရုပ်ဆောင် ဟာဂျီ ၀မ်အား

Health
ကင်ဆာရောဂါကုသရန် အလားအလာ ကောင်းသော ကုထုံးသစ်တွေ့ရ

Culture & Society

Politics & OP/View
ဒေါ် အောင်ဆန်းစုကြည်က တရားဝင်ပြော ကြား

Perspective

အနက်ရှိုင်းဆုံး တစ်နေရာ

အင်းလျားရေပြင်ကို ငေးမော ရင်း အတွေးနယ်ချဲ့နေမိတဲ့ ကောင် လေးတစ်ယောက်က ဒီနေရာကို အ လွမ်း ပြေကြည့်ရှုနေပါတယ်။ မျက် ၀န်းတွေထဲ စိတ်ကူးတွေဘောင်ဘင် ခတ်နေပြီး အတိတ်ကို ဆွေးတမြည့် မြည့်ဖြစ်နေတာကြည့်ရင်း လူငယ် တွေရဲ့ နှလုံးသားပြဿနာပဲ ဖြစ်လိမ့် မယ်လို့ တွေးမိပါရဲ့။ တိုက်ဆိုင်စွာပဲ ကောင်မလေးတစ်ယောက်ကလည်း ချိန်းဆိုထားခြင်းမရှိဘဲ ရောက်ရှိလာ ပြန်တော့ မျက်ဝန်းတွေမှာ အံ့သြမှု ကိုယ်စီနဲ့ပါ။ ပြန်ဆုံတွေ့ကြတဲ့ချစ်သူ နှစ်ဦးရဲ့ဆုံတွေ့မှုဟာ ပျော်ရွှင်ရမယ့် အစား အလွမ်းတွေပွေ့ ပိုက်လို့ မဆုံ နိုင်တဲ့လမ်းတစ်ခုကို ကိုယ်စီ ကျော ခိုင်းရတော့မယ့်အဖြစ်ဟာ ချစ်လျက် နဲ့ဝေးရတဲ့ အချစ် ဇာတ်လမ်းတွေထဲ က အလွမ်းဇာတ်တစ်ပုဒ်ပါပဲ။


ရန်ကုန်တက္ကသိုလ်မှာ ကျောင်း တက်ရင်းဆုံကြတဲ့ တက္ကသိုလ်နောက် ခံဇာတ်လမ်းတစ်ပုဒ်ပါပဲ။ တက္ကသိုလ် တက်ရင်း သံယောဇဉ်ဖြစ်ခဲ့ကြတဲ့ကံ့ ကော်တောက အလွမ်းဇာတ်တစ်ခု ကို ဖွင့်ကြည့်ရရင် နေသွေးနဲ့မိုးပွင့် ငယ်ဆိုတဲ့ ဇာတ်ကောင်နှစ်ဦးရဲ့ ရင် တွင်းအချစ်တွေကို ကိုယ်စီသိမ်းထား ရင်း ကျောင်းကြီးပိတ်ပြီး အနေဝေး နေကြပါတော့တယ်။ တိုက်ဆိုင်လွန်း စွာနဲ့ပဲ လိုက်ရှာကြတာ နှစ်ဦးသား ပြန်မဆုံကြတော့ပါဘူး။ မတွေ့တာ ကြာရင်းနှစ်ဦးလုံးမှာ နှစ်ဖက်မိဘ တွေက လူကြီးချင်းသဘောတူထား တဲ့ လူကိုယ်စီနဲ့ဖြစ်နေကြတာမို့ ပိုမို ဝေးကွာစေပါတယ်။

မိုးပွင့်ငယ်က လုပ်ငန်းတာဝန်နဲ့ နိုင်ငံခြားသွားတော့မှာဖြစ်ပြီး နေသွေး ကလည်း လမင်းကြည်ပြာနဲ့လက်ထပ် ရတော့မှာပါ။ သူတို့ဆုံခဲ့တဲ့အင်းလျား ကို အလွမ်းပြေကြည့်ရင်း ပြန်ဆုံမိကြ တာပါ။ နောက်ဆုံးခွဲခွာရပြီး မထင် မှတ်ဘဲ ကံကြမ္မာက ပြောင်းလဲသွားပါ တော့တယ်။ ဇာတ်လမ်းက လူငယ် ကြိုက် ဖန်စီဇာတ်လမ်းဖြစ်ပြီးပေါ့ပေါ့ ပါးပါးကြည့်ချင်သူတွေအတွက် သင့် တော်ပါတယ်။ လူငယ်တွေရဲ့ရင်တွင်း ခံစားမှုဇာတ်လမ်းဖြစ်ပြီး ရိုမက်တစ် ဆန်ဆန်ဖွဲ့နွဲ့ပြထားပါတယ်။ အိမ် တွင်းဖျော်ဖြေရေးအတွက် သင့်တော် မယ့်ဇာတ်ကားတစ်ကားဆိုရင် မမှား ပါဘူး။

‘အနက်ရှိုင်းဆုံးတစ်နေရာ’ အ မည်ပေးထားတဲ့ ဗီဒီယိုဇာတ်ကားမှာ ဟိန်းဝေယံ၊ ပုလဲဝင်း၊ ခိုင်နှင်းဝေတို့ ပါဝင်ပြီး ဒါရိုက်တာနေမင်းမြတ်ရိုက် ကူးတာပါ။ ဇာတ်လမ်း မစန်းစန်း ၀င်း (မော်လမြိုင်)၊ ဇာတ်ညွှန်း ညို မင်းခေါင်ဖြစ်ပြီး မာန်ထက်ချီဗီဒီယို ထုတ်လုပ်ရေးက စီစဉ်တာဖြစ်ပါ တယ်။ ဇာတ်လမ်း၊ ဇာတ်အိမ် သိပ် မတည်ထားဘဲ တက္ကသိုလ်နောက်ခံ အချစ်ဇာတ်လမ်း တစ်ပုဒ်ဖြစ်တာ ကြောင့် လူငယ်ပရိသတ်ကတော့ နှစ်သက်မယ်ထင်ပါတယ်။ မင်းသား၊ မင်းသမီးတို့နဲ့ အေးအေးဆေးဆေး ကြည့်ချင်သူတွေအတွက်ကတော့ အံ ကိုက်ပါပဲလို့ ပြောပါရစေ။
 
Source: Yangon Times Journal
Category: Entertainment News
Action:  Printable Version  |  Mail This  |    Add favorite

 
     

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map
Copyright © Yangon Media 2007.

yangonmedia.com

Total Hits: web page hit counter

Powered By: CREATIVE Web Studio