|
နာဂစ်ဒဏ်ခံဘ၀များ လှပနိုင်ပါစေ

ကျွန်မတို့ ငယ်ငယ်ကလေးဘ၀တွေကို ပြန်လည်တမ်းတမိပါသည်။
ကျွန်မအသက်က အခု ၅၅နှစ် ဆိုတော့ ခုနစ်နှစ်၊
ရှစ်နှစ်အရွယ်ကလေးဘ၀က ပြန်မရနိုင်တော့သော ဟိုအဝေး ကြီး မှာ
ကျန်ရစ်ခဲ့ပါပြီ။
အတိတ်ဆိုတာ ပြန်လည်တမ်းတစရာ မဟုတ်ပေမယ့် ကျွန်မတို့ငယ်ငယ်က
ကုန်ဈေး နှုန်းက တော့ ပြန်လည်တမ်းတသင့်သော
အိပ်မက်တစ်ခုပဲဖြစ်သည်။
အဖေကကျောင်းသွားရင်မုန့်ဖိုးတစ်မတ်ပေးသည်။သည်တစ်မတ်ကမုန့်ဟင်းခါးတစ်ပွဲအဝ
စားလို့ရသည်။ စမူဆာသုပ်တစ်ပွဲ၊ ဗယာကြော်သုပ်တစ်ပွဲ
ကြိုက်ရာဝယ်စားလို့ရ သည်။ ဖာလူဒါတစ်ပွဲမှ ပြား ၆၀။ ခုခေတ်လူငယ်
တွေကို ပြောပြတော့ ယုံတမ်းပုံပြင်သဖွယ် သာ ဖြစ်ပါတော့မည်။
သူတို့ခေတ်မှာ တစ်မတ်၊ တစ်ကျပ်ဆိုတာ မရှိတော့၊
တစ်ရာတန်ဆိုတာ ဘာမှတန်ဖိုး မရှိ။ မုန့်ဟင်းခါးတစ်ပွဲ ကျပ် ၃၀၀၊
ရှယ် ဆို ကျပ် ၅၀၀ဆိုတဲ့ ခေတ်ကြီးထဲမှာ ငွေ ၁၀၀၀တန် တစ်ရွက်ကို
တစ်နေ့ပဲသုံးလို့ရမည်။ ထမင်းတစ်ပွဲ အ၀စားလျှင်တော့ နယ်မှာ ကျပ်
၅၀၀၊ ၆၀၀၊ ရန်ကုန်မှာ ကျပ် ၁၀၀၀၊ ၁၅၀၀တန်မှ ဗိုက်ဝတော့မည်။
သြော်-
ခေတ်ရေစီးကြောင်းနှင့် ကုန်ဈေးနှုန်းက လူတွေကို
တိုက်ခတ်ဝါးမျိုပစ်လိုက် သည်မှာ နာဂစ်မုန်တိုင်းထက်ပင်
ဆိုးရွားလှသည်။ ကျွန်မ အိမ်ရှင်မဘ၀ကို ရောက်ခါစက
ရွှေဝါဆပ်ပြာတစ်တောင့် နှစ်ကျပ်ခွဲ၊ နောက်
တဖြည်းဖြည်းတက်လာသည်မှာ ယခု ကျပ် ၂၅၀၊ အိမ်ထောင်သက်
နှစ်သုံးဆယ်ကျော်မှာ ကုန်ဈေးနှုန်းက ၁၀နှစ်ရှိတိုင်း
၁၀ဆတက်သည်ဟု မှတ်ယူရပါတော့မည်။
ကျွန်မကြီးတော်ကြီးတစ်ဦးက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က
ဆန်တစ်တင်း ကျပ် ၃၅၀ တဲ့။ ဒေါ်ကြီးလို့ပြောတော့ မဲ့ကာရွဲ့ကာ
“ညည်းတို့ခေတ်ရောက်မှ ဆန်ဈေးတက်ရတယ် လို့ ကြားဖူးပေါင်အေ”လို့
ပြောရှာခဲ့သည်။
ယခု
ဆန်တစ်ပြည်ကို ငွေတစ်ထောင်ပေးဝယ်မှ ဆန်ကောင်းကောင်းစားရမည်
ဆိုတာ ကို အသက်ထင်ရှားမရှိတော့သည့် ဒေါ်ကြီးသာ သိရင်
ဘာများဝေဖန်ဦးမည်လဲ။
ကျွန်မခင်ပွန်းနှင့် ကျွန်မက သဒ္ဓါတရား အကျွေးအမွေး
ရက်ရောခဲ့ကြသူတွေပါ။ အညာ မွေး အညာကြီးမို့
အညာမြို့လေးတစ်မြို့မှာ စီးပွားရေးအခြေချရင်း နေထိုင်ခဲ့ကြရာ
အညာ ဓလေ့ထုံးစံအတိုင်း ဧည့်သည်လာရင် ခင်ပွန်းသည်က
ထမင်းကျွေးစေချင်သည်။ စီးပွား ရေး တစ်ဖက်နှင့်
မအားလပ်သည့်ကြားက ဧည့်သည်ကို ဖွယ်ဖွယ်ရာရာ
ဧည့်ခံကျွေးမွေးရသည်ကို ၀မ်းသာပီတိ ဖြစ်ခဲ့ကြရသည်။
အဲဒီခေတ်က လွန်ခဲ့တဲ့ ၁၀နှစ်လောက်မှာ ကျန်ရစ်ခဲ့ပြီ။ ခုတော့
ဧည့်သည်လာရင် ထမင်းတစ်လုံးချက်ပြီး ဆိုင်က မြန်မာဟင်းလေးတွေ
ပြီးလွယ်အောင် ၀ယ်ကျွေးလိုက်သည်။ ဆီဈေးကြီး တာကိုတွက်ပြီး
ဟင်းလည်း ဖွယ်ဖွယ်ရာရာ မချက်နိုင်တော့ပါ။
မြန်မာပီပီ အကျွေးအမွေး ရက်ရောခဲ့ကြသူတို့မှာ ခုတော့
ခေတ်ကာလအခြေအနေအရ ဧည့်သည်ကိုလည်း မမျှော်ရဲ၊ ကိုယ့်ဝင်ငွေကိုယ်
ပြန်ကြည့်နေရသည်။ ထမင်းကြမ်းခဲကို လွှင့် မပစ် ရက်၊ ခွေး၊
ကြောင်လေးတွေ ကျွေးရသည်၊ ဒါနပြုရသည်။
“စီးတဲ့ရေ ဆည်တဲ့ကန်သင်းနော်၊ ၀င်ငွေနဲ့ ထွက်ငွေ
မျှအောင်ကြည့်သုံးကြ” ဆိုတဲ့ အမေတို့ပြောခဲ့တဲ့စကားတွေကို
ခုတော့ ကျွန်မသားသမီးတွေကို ကျွန်မ ပြောနေရပြီ။ သဒ္ဓါ တရား
ရက်ရောစွာ လှူဒါန်းကျွေးမွေးခဲ့ဖူးသော ကျွန်မသည်
ခေတ်ရေစီးကြောင်း၏ ရွေ့လျား ပြောင်းလဲမှုကြောင့်
ခြိုးခြံချွေတာနေရသူဖြစ်ခဲ့သည်။
ယခုလို
ကုန်ဈေးနှုန်းကြီးမြင့်သည့် ခေတ်ကာလကြီးထဲမှာ
နာဂစ်မုန်တိုင်းဒဏ်သင့်သူ တွေကို ကိုယ်ချင်းစာသနားမိသည်။
မိသားစုဘ၀တွေ၊ စီးပွားရေး အရင်းအနှီးတွေ
ပျောက်ဆုံးပျက်စီးခဲ့ရသော သူတို့အဖို့ ပြန်လည်ထူထောင်ရေးအတွက်
အားသွန်ကြိုးပမ်းကြရမည်။
နာဂစ်မုန်တိုင်းဒဏ်သင့်သူတွေမှာ များပြားစွာ ဒုက္ခခံစားကြရသည်။
မိသားစုတွေ သေကွဲကွဲရသည်။ အိုးအိမ်တွေ၊ အရင်းအနှီးတွေ
ပျက်စီးဆုံးရှုံးကြရသည်။
သေဆုံးသူတွေအတွက် ကြေကွဲဝမ်းနည်းရုံမှတစ်ပါး မတတ်နိုင်ပါ။
အသက်ရှင် ကျန်ရစ်ခဲ့သူတွေကိုတော့ အားလုံးက နားလည်ကြင်နာစွာ
ကူညီဖေးမ စောင့်ရှောက်ကြရမည်။
ကုန်ဈေးနှုန်း အဆမတန်ကြီးမားသော ဒီခေတ်ကြီးထဲမှာ
နာဂစ်ဒုက္ခသည်တွေ၏ မိသားစုဘ၀တွေကို ပြန်လည်နာလန်ထူ
အင်အားတောင့်တင်းရန် အားလုံး ၀ိုင်းဝန်းကြိုးပမ်း ကူညီကြ ရမည်။
ကိုယ်ချင်းစာနာစိတ်ဖြင့် ကိုယ့်ပိုင်ဆိုင်မှုတွေထဲက
ကိုယ်တတ်စွမ်းနိုင်သလောက် တစ် နိုင်တစ်ပိုင်၊
တစ်ဖဲ့တစ်ခြမ်းကိုလည်း ဒုက္ခသည်တွေအတွက် မျှဝေလှူဒါန်း
ကူညီစောင့်ရှောက် ပေးဆပ်ကြစေချင်သည်။
ကာယကံရှင်တွေ ကိုယ်တိုင်ကလည်း စိတ်ဓာတ်စွမ်းအား၊
ကာယစွမ်းအားဖြင့် မိမိဘ၀၊ မိသားစုဘ၀တွေ
ပြန်လည်ရှင်သန်တိုးတက်ရန် ခွန်အားသစ်တွေ မွေးမြူကြရမည်။
ဆုံးရှုံးခဲ့ရတာတွေကို ပူဆွေးသောကနှင့် ငိုကြွေးတမ်းတမနေသင့်ပါ။
မြန်မာ လူမျိုး ပီသစွာ မြတ်ဗုဒ္ဓ၏ တရားဓမ္မနှင့်လည်း
ဖြေသိမ့်ကြရမည်။ အခြားဘာသာဝင်တွေလည်း မိမိတို့ ဘာသာအလျောက်
ပူဆွေးဆုံးရှုံးမှုတွေကို ဖြေသိမ့်ကြရမည်။ အဆိုးထဲကအကောင်းကို
ရှာဖွေ ခံစားကြရမည်။
မုန်တိုင်းစဲသွားလျှင် မိုးကောင်းကင်သည် ကြယ်စင်ငွေလ
လင်းလက်တောက်ပစွာ အလင်းရောင်အလှဖြင့် လောကကြီးက သာယာလှပစမြဲပါ။
နာဂစ်ဒုက္ခသည်တွေသည်လည်း မိမိတို့ဘ၀ သာယာလှပအောင်
ကိုယ်တိုင်လည်း စွမ်း ဆောင်ကြရမည်။
မိမိကျင်လည်ရာ ကျွမ်းကျင်ရာ အသက်မွေးမှုဖြင့် မိမိမိသားစုဘ၀၊
မိမိမြို့ရွာပတ်ဝန်း ကျင်ကို သာယာလှပအောင်
တက်ကုန်ရွက်စုံဖွင့်၍ ဘက်စုံအောင် ရိုးသားစွာ ကြိုးစားရုန်းကန်
ကြရ မည်။ ခွန်အားသစ်တွေ မွေးဖွားကြရမည်။
နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပင်လယ်ကြီးသည်လည်း ဆိုးရွားသော
ဝါးမျိုသိမ်းပိုက်မှု တွေ ပြီးဆုံးသည့်နောက်
မြန်မာ့ရေမြေသဘာဝနှင့်ကိုက်ညီစွာ ကျွေးမွေးစောင့်ရှောက်မှုတွေ
ကို ပြန် လည်ပေးဆပ်သွားပါလိမ့်မည်။
ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မြန်မာလူမျိုး၊ မြန်မာနိုင်ငံကို
လေးစားစွာ၊ ကြင်နာစွာ ၀ိုင်းဝန်းဖေးမ
ကူညီစောင့်ရှောက်ခဲ့ကြသည်မှာ အတိုင်းထက်အလွန် ကျေးဇူးတင်ဖို့
ကောင်းလှ ပါ တော့သည်။
မြန်မာနိုင်ငံမှ နိုင်ငံအကြီးအကဲ အုပ်ချုပ်သူ
ခေါင်းဆောင်ကြီးများ၊ ပညာရှင်ကြီးများ၊ တာဝန်ရှိသူများ၊
ကုမ္ပဏီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်၊
စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ လူမှုဝန်ထမ်း စိတ် ဓာတ်ရှိသူ
ကယ်ဆယ်ရေး ၀ါသနာရှင်ကြီးများ၏ ကူညီဖေးမ
စောင့်ရှောက်ကြင်နာမှုများ ကိုလည်း လေးစားစွာ
အသိအမှတ်ပြုရပါသည်။
ဆိုးရွားလှစွာသော ယှဉ်ပြိုင်မှုတွေ၊ တိုက်ခိုက်မှုတွေ၊
စစ်မက်တွေ၊ မမျှော်လင့်သော သဘာဝဘေးအန္တရာယ်တွေ အားလုံးကို
တားဆီးထိန်းချုပ်နိုင်ကြပြီး လူသားအချင်းချင်း နား လည်
ကြင်နာစွာ ဖေးမကူညီမှုဖြင့် ကမ္ဘာကြီးကို
အဖြူရောင်သန့်သန့်လှပသော ကမ္ဘာကြီး အဖြစ် တီထွင်ဖန်တီး
အလှဆင်နိုင်ကြပါစေဟု ဆန္ဒပြုမိပါတော့သည်။
|