Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Business » ကိုရီးယားကို ဖြတ်သန်းခြင်း

Related News

မြန်မာသည် ကမ္ဘာ့နံပါတ်တစ် ဆန်တင်ပို့သည့်နိုင်ငံ ပြန်ဖြစ်လာနိုင်
မြန်မာ့ပြောင်း တရုတ်သို့ လာမည့်နှစ်ကုန်အထိ ဆက်လက်တင်ပို့နိုင်မည်ဟုဆို
သီရိမင်္ဂလာဈေး ကုန်စိမ်းအ၀င်များလာသော်လည်း အပျက်အစီးများနေဟုဆို
က<ာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံအဖြစ် အမှီအခိုကင်းကင်းဖြင့် တရုတ်ရောက်ရှိလာခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိ
မြန်မာနိုင်ငံအပါအ၀င် CLMV လေးနိုင်ငံသို့ သွားရောက်လည်ပတ်နိုင်မည့် ခရီးစဉ်သစ် မကြာမီစတင် နိုင်တော့မည်
ဆင်းရဲချမ်းသာကွာဟမှုအန္တရာယ်နှင့်ပတ်သက်၍ အာဆီယံခေါင်းဆောင်တို့က သတိပေးပြောကြား
ယွမ်ငွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရေး တရုတ် အရှိန်အဟုန်မြှင့်ဆောင်ရွက်

Archive News

Local news
မိုဘိုင်းစာအုပ်အရောင်းဆိုင်များ စတင်တည်ထောင် မြန်မာနိုင်ငံအနှံ့ လှည့်လည်ရောင်းချမည်ဟုဆို

World & Asia
အောက်စ်ဖို့ဒ် အွန်လိုင်းအဘိဓာန်က ပုံနှိပ်အဘိဓာန်ကို ရပ်တန့်ဖယ်ရှားပစ်ဖွယ်ရှိ

Entertainment & Life Style
ကိုယ်က အနုပညာသမားဆိုတော့ ပြောင်းလဲလာတဲ့ ကာရိုက်တာပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ရတာပေါ့ -မေသန်းနု

Health
စင်ကာပူမှ ဆရာဝန်ပေါက်စများ ကိုယ်ပိုင်ဆေးခန်းမထောင်ကြတော့ဘဲ အုပ်စုဖွဲ့ကုသသော ဆေးခန်းများသို့ ၀င်ရောက်လုပ်ကိုင်လာကြ

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Politics & OP/View
အိုဘားမား၏ သမ္မတခရီးလမ်းက အမေရိက၏ လူမျိုးရေးအစွဲလွန်ကာလသို့ ရောက်ရှိလာစေဟုဆို

Perspective
ဒီတစ်ပတ်တော့ ကြက်သွန်ဖြူဥတစ်လုံးအမြိတ်တက်နဲ့ ပန်းပွင့်ပုံဖော်နည်းကိုတင်ပြမှာဖြစ်ပါတယ်။

ကိုရီးယားကို ဖြတ်သန်းခြင်း

ဧပြီ ၂၉ရက်မှ မေ ၈ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့သို့ ၁၀ရက်တာခရီးရောက်ခဲ့ရသည်။  Bethell Fellowship Invitational Program for Asean Journalists အစီအစဉ်ဖြင့်ဖြစ်သည်။ ယင်းအစီ အစဉ်ကို Korean Culture and Information Service က စီစဉ်ခြင်းဖြစ်သည်။ အာဆီယံ ၁၀နိုင်ငံမှ ဂျာနယ်လစ် ၂၈ဦးပါဝင်သည်။ တစ်နိုင်ငံလျှင် သုံးဦးနှုန်းဖြင့် ဖိတ်ခေါ် ခြင်းဖြစ်သော်လည်း စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့က နှစ် ဦးစီသာတက်သဖြင့် ၂၈ဦးဖြစ်သွားခြင်းဖြစ်သည်။ မြန်မာ နိုင်ငံမှ ဆရာဦးမျိုးမြတ်သူ(MRTV-4)၊ ကိုအောင်ကျော်မိုး (MRTV-4)နှင့် ရန်ကုန်မီဒီယာမှ စာရေးသူတို့သုံးဦးဖြစ် သည်။  
ယင်းအစီအစဉ်နှင့်ပတ်သက်ပြီး ဆိုးလ်ကို ရောက် ရောက်ချင်း သတိပြုမိတာတစ်ခုရှိသည်။ ယင်းမှာ တောင်ကို ရီးယားနိုင်ငံသည် ၂၀၁၀-၂၀၁၂ကို ခရီးသွားနှစ်အဖြစ်ပြု လုပ်နေခြင်းဖြစ်သည်။ နောက်တစ်ခုမှာ ယခုနှစ် နိုဝင်ဘာ တွင် ဂျီ-၂၀ ဆမ်းမစ် (G-20 Seoul Summit 2010 Committee)ကို ဆိုးလ်တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ မည့်အစီအစဉ်ဖြစ်သည်။
ယင်းသို့ဖြစ်သည့်အတွက် ကိုရီးယားတစ်နိုင်ငံလုံး ပြင်ဆင်ထားသည်။ တက်ကြွနေသည်ကို ရောက်သည့်နေ ရာတိုင်းတွင် အထင်အရှား တွေ့မြင်ရသည်။ ကျွန်တော် တို့ အာဆီယံဂျာနယ်လစ်အစီအစဉ်သည်ပင်လျှင် ယင်း တို့နှင့် အချိန်ကိုက် ဖိတ်ခေါ်ကျင်းပခြင်းဖြစ်ပေလိမ့်မည် ဟုသတိပြုမိခဲ့ခြင်း ဖြစ်ပါသည်။
မည်သို့ဆိုစေ၊ တောင်ကိုရီးယားကို လေ့လာခွင့်ရရှိခြင်း သည် တန်ဖိုးရှိသောအတွေ့အကြုံတစ်ခုပင် ဖြစ်ပါသည်။
အာဆီယံပြခန်း (Asean Hall)
ကျွန်တော်တို့  ပထမဆုံးလေ့လာရသည့် နေရာတစ် ခုဖြစ်သည်။ အာဆီယံပြခန်းဟူသည့်အတိုင်း အာဆီယံအ ဖွဲ့ဝင် ၁၀နိုင်ငံ၏ နိုင်ငံကိုယ်စားပြုလက်ရာများကို ပြသ ထားသည့်ပြခန်းများကို ကြည့်ရှုလေ့လာရသည်။ နိုင်ငံတစ် ခုချင်းစီ၏ပြခန်းတစ်ခုစီတွင် သက်ဆိုင်ရာနိုင်ငံ၏ဘာသာ စကားတတ်ကျွမ်းသည့် ကိုရီးယားစကားပြန်(သို့) ယင်းနိုင်ငံ သားတစ်ဦးစီ ထားရှိပေးထားသည်ကို တွေ့ရသည်။ ကျွန် တော်တို့ နိုင်ငံပြခန်းတွင်မူ ကံကောင်းထောက်မစွာ မြန်မာ မလေးတစ်ယောက်ကို အမှတ်မထင်တွေ့ရပါသည်။ တွေ့မယ့် တွေ့ရတော့ သူက ကျွန်တော် တက်ရောက်ခဲ့သည့် ယဉ်ကျေး မှုတက္ကသိုလ်(University of Culture) (ယခု National University of Arts and Culture) တွင် တစ်နှစ်တည်း အတူ တက်ရောက်ခဲ့ကြသည့် မပပဖြစ်နေပါသည်။ သူက ဇာတ်သဘင်အထူးပြုဖြစ်သည်။ ကျွန်တော်က ပန်းချီအထူး ပြုဖြစ်သည်။ သူက ကျွန်တော့်ကိုတွေ့တော့ အံ့သြနေသည်။ ကျွန်တော်လည်း ထို့အတူပင်။ သူက ကိုရီးယားနိုင်ငံအ မျိုးသားတက္ကသိုလ်တွင် ဘွဲ့လွန်အတွက် လေးနှစ်လာတက် နေခြင်းဖြစ်ပြီး၊ ယခု အာဆီယံပြခန်းကအကူအညီတောင်း သဖြင့် လာရောက်ကူညီလုပ်အားပေးနေခြင်းဖြစ်သည်ဟု ပြောပြသည်။ သူ့အပြင် ကျွန်တော်နှင့်လည်းရင်းနှီးသော နောက်တစ်ဦးလည်း ယင်းတက္ကသိုလ်တွင်ရှိသေးကြောင်း၊ သူ့ကိုလည်း ကျွန်တော်နှင့်တွေ့သည့်အကြောင်းပြောပြပေး မည်ဖြစ်ပြီး၊ ကျွန်တော်တို့တည်းခိုသည့် ဟိုတယ်ဖုန်းနံပါတ် တောင်းသဖြင့် ပေးလိုက်သည်။ သူနှင့် ယခုကဲ့သို့ မမျှော်လင့် ဘဲတွေ့ရသလိုပင် ရန်ကုန်လေဆိပ်နှင့် ဗန်ကောက်လေဆိပ် အထိ ကျွန်တော်တို့တက္ကသိုလ် ပါမောက္ခချုပ် ဒေါ်နန္ဒာ မွန်း၊ ကိုဇော်ထက်(ဓီရာမိုရ်)တို့နှင့် ဆုံခဲ့သေးကြောင်း၊ သူ တို့က ဂျပန်တွင်ကျင်းပမည့် ဗုဒ္ဓဂီတပွဲတော်သို့သွားရောက် ခြင်းဖြစ်ကြောင်း ပြောပြလိုက်ပါသည်။ ယင်းနောက် ဆရာမျိုး တို့နှင့် သူ့ကို မိတ်ဆက်ပေးလိုက်သည်။
Source: YMG
Category: Business
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio