Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Perspective » လိပ်ပြာတွေ ရစ်ဝဲနေသည့် စိမ်းလန်းမြေ

Related News

ခေါင်းတစ်လုံးထက် ခေါင်းနှစ်လုံးပူးပေါင်းစဉ်းစားခြင်းက ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ကိုချမှတ်နိုင်
ပြည်သူကို ဘာတွေ ချပြစည်းရုံးကြမလဲ
စားဖွယ်စုံလင် အလှဆင်(၃၀) -နေမျိုးနိုင်
နိုဝင်ဘာ ၇ သို့ ဦးတည် ပါတီတွေအရှိန်မြင့်ကြပြီ
စားဖွယ်စုံလင်အလှဆင်-(၂၉) -နေ မျိုး နိုင်
တရုတ်နဲ့အိန္ဒိယဆီက ဘာတွေ ကိုယ့်တွက် ကျန်အောင် လုပ်ယူမလဲ
စားဖွယ်စုံလင်အလှဆင် (၂၈) -နေ မျိုး နိုင်

Archive News

Local news
မဲဇာချောင်းရေတိုက်စားမှုနှင့် မြေပြိုကျခြင်းကြောင့် လမ်းမကြီးအချို့ပျက်စီး

World & Asia
ဖမ်းဆီးထားသော အမေရိကန်လူမျိုးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့

Entertainment & Life Style
ရဲတိုက်နှင့် လိုတိုဗျူး

Health
တရုတ်ရိုးရာ ဆေးဝါးထုတ်ကုန်များ စင်ကာပူတွင် လူကြိုက်များလာ

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Politics & OP/View
ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)

လိပ်ပြာတွေ ရစ်ဝဲနေသည့် စိမ်းလန်းမြေ

မေလ၅ရက်နေ့အစီအစဉ်က နံနက်၈နာရီတွင် LOTTE ဟိုတယ်မှ Check-out လုပ်ပြီး Hampyeong EXPO Park၊ ဟန်မ်ပြောင်လိပ်ပြာပွဲတော် Hampy-eong Butterfly Festival  နှင့် ဆန်ချွန်းဆောင် ဂွမ်ဆာ ဘုန်းတော်ကြီးကျောင်း (Suncheon Song-gwangsa Temple) သို့သွားရောက်လေ့လာရမည့်အစီအစဉ်ဖြစ်သည်။
ပထမဦးဆုံး ဟိုတယ်မှထွက်ပြီး ယုန်ဆန်ဘူတာ (Yongsan Station) သို့ ကားဖြင့်။ ထိုမှ ဟန်မ်ပြောင်ဘူတာ (Hampyeong Station) သို့ မီးရထားဖြင့် ခရီးဆက်ကာ ဟန်မ်ပြောင်ဘူတာတွင် ခရီးတစ်ထောက်ဆင်း။ ထိုမှတစ် ဖန်ကားဖြင့် ထပ်မံခရီးဆက်ကြရလေသည်။
ယုန်ဆန်ဘူတာမှ ဟန်မ်ပြောင်သို့ ရထားစီးရချိန်က သုံးနာရီခန့်စီးရပါသည်။ ယင်းသည် ဆိုးလ်ရောက်ကတည်း က ခရီးဝေးထွက်ရခြင်းဖြစ်သည်။ ကျွန်တော်တို့စီးရသည့် ရထားက KTX 405 ။ ဟန်မ်ပြောင်သည် ကျေးလက်မြို့ လေးတစ်မြို့ တစ်နည်းအားဖြင့် ကျေးလက်ဒေသတစ်ခု ဖြစ်သည်။ ရထားတစ်တွဲလုံး ကျွန်တော်တို့ တစ်ဖွဲ့တည်းချည်း သက်သက်စီစဉ်ပေးထားသည်။ စုစုပေါင်း ၃၀ကျော်မည်။ ရထားပေါ်တွင် ရေသန့်၊ ကုတ်အချိုရည်နှင့် ဘီစကွတ်ကဲ့ သို့သော Snack များ အခမဲ့စီစဉ်ပေးထားသည်။ အင်တာ နက်သုံးရန် Password နံပါတ်ရိုက်နှိပ်ထားသည့် ကတ် ကလေးများပါ လိုက်ဝေပေးထားသည်။ ရထားပေါ်က အင်တာနက်လိုင်းကတော့ ကျွန်တော်တို့ဆီမှာလိုပင် တကယ့် ဘုရားစူးအင်တာနက်ဖြစ်သည်။ လေးသမှ တော်တော် ကြာမှ လိုင်းပွင့်သည်။ ဆိုးလ်မှာတော့ ဘာမြန်သလဲမမေး နှင့်။ သုံးလို့ကောင်းပါသည်။ သို့သော် ကျွန်တော်တို့က ဗမာ ပီပီ ခိုးသုံးကြပါသည်။ တစ်ညက ကျွန်တော်တို့ ဟိုတယ် Lobby တွင် ဖိလစ်ပိုင်မှ ဂျာနယ်လစ်ဘတ်ဒီက ကျွန်တော် တို့ကိုသင်ပြပေးသွားသည်။ သူတို့လည်း ဒီလိုပဲသုံးကြ သည်။ ဟိုတယ်ထဲတွင် ထိုသို့မသုံးလို့ကမဖြစ်။ အင်တာ နက်သုံးစွဲခက တစ်နာရီဝမ်တစ်သောင်းဖြစ်သည်။
ရထားက အကြာကြီးစီးရမှာဆိုတော့ ငှားရမ်းလာ သည့် Notebook ကလေးနှင့် ကလိရသည်။ ဒီရောက်မှပဲ ၀ိုင်ဖိုင်သုံးဖူးတော့သည်။ အစောပိုင်းက ဆရာမျိုးသုံးနေ သေးသည်။ အင်တာနက်လိုင်းက Delay ဖြစ်နေလို့လားမသိ။ စိတ်မရှည်ဖြစ်ပြီး လက်လျှော့ကာ အိပ်ပျော်သွားသည်။ ကျွန်တော်လည်း ကြာကြာမသုံးဖြစ်ပါ။ ဘေးဘီဝဲယာ ငေး ရင်းမောရင်း မှေးရင်းငိုက်ရင်းဖြင့် လိုက်ပါလာခဲ့သည်။
Source: YMG
Category: Perspective
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio