Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Perspective » ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် နိုင်ငံရေးကာတွန်းများ၏အခန်းကဏ္ဍ

Related News

ခေါင်းတစ်လုံးထက် ခေါင်းနှစ်လုံးပူးပေါင်းစဉ်းစားခြင်းက ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ကိုချမှတ်နိုင်
ပြည်သူကို ဘာတွေ ချပြစည်းရုံးကြမလဲ
စားဖွယ်စုံလင် အလှဆင်(၃၀) -နေမျိုးနိုင်
နိုဝင်ဘာ ၇ သို့ ဦးတည် ပါတီတွေအရှိန်မြင့်ကြပြီ
စားဖွယ်စုံလင်အလှဆင်-(၂၉) -နေ မျိုး နိုင်
တရုတ်နဲ့အိန္ဒိယဆီက ဘာတွေ ကိုယ့်တွက် ကျန်အောင် လုပ်ယူမလဲ
စားဖွယ်စုံလင်အလှဆင် (၂၈) -နေ မျိုး နိုင်

Archive News

Local news
မဲဇာချောင်းရေတိုက်စားမှုနှင့် မြေပြိုကျခြင်းကြောင့် လမ်းမကြီးအချို့ပျက်စီး

World & Asia
ဖမ်းဆီးထားသော အမေရိကန်လူမျိုးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့

Entertainment & Life Style
ရဲတိုက်နှင့် လိုတိုဗျူး

Health
တရုတ်ရိုးရာ ဆေးဝါးထုတ်ကုန်များ စင်ကာပူတွင် လူကြိုက်များလာ

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Politics & OP/View
ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် နိုင်ငံရေးကာတွန်းများ၏အခန်းကဏ္ဍ

ယခုဆိုလျှင် နိုင်ငံရေးပါတီ ၃၃ခု မှတ်ပုံတင်ခွင့်ရရှိခဲ့ပြီ ဖြစ်ပြီး အချို့ပါတီများဆိုလျှင် သူတို့ပါတီများ၏ မူဝါဒလမ်း စဉ်များကိုချပြထားကြသည့်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေ လာသည်ကို တွေ့ရသည်။
အချို့ပါတီများကတော့ သတ်မှတ်ထားသောပါတီဝင် ဦးရေရရှိရန် ပါတီမဲဆွယ်စည်းရုံးရေးများပြုလုပ်လာကြ သည်ကိုတွေ့ရသည်။ လက်ရှိထုတ်ဝေနေသည့် အပတ်စဉ် ထုတ်ဂျာနယ်များတွင်လည်း ပါတီများ၏လက်ရှိအခြေအနေ များကို အများပြည်သူတို့သိရှိနိုင်ရန် သတင်းများ၊ ဆောင်းပါး များ၊ အင်တာဗျူးများဖြင့် ရေးသားဖော်ပြလျက်ရှိကြသည်ကို တွေ့ရသည်။ ယင်းသည် နိုင်ငံရေးရာကိစ္စရပ်များကို ပြည် သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက် ပြီး၊ မှန်မှန်ကန်ကန် တွေးခေါ်ဆုံးဖြတ်နိုင်စေရေးကို တစ်ဖက် တစ်လမ်းမှ ပံ့ပိုးကူညီပေးခြင်း ပင်ဖြစ်ပေသည်။    
ယင်းသို့ရှိရာတွင် စာနယ်ဇင်း သတင်းမီဒီယာများတွင် အကျုံးဝင်သည့် ကာတွန်းများ၊ တစ်နည်းအားဖြင့် နိုင်ငံရေးကာ တွန်းများ၏အခန်းကဏ္ဍ သည်လည်း ပြည်သူများကို အသိအမြင်ပွင့်လင်း၊ ဆုံးဖြတ်တွေးခေါ်မှုကောင်းများရရှိလာစေရန် အချိန်လည်းကျရောက်လာသည့်အလျောက် အရေးပါ လိုအပ်လျက်ရှိနေပြီဖြစ်ကြောင်း ၀ါရင့်သတင်းစာဆရာကြီးများနှင့် ကာတွန်းပညာရှင်များက သုံးသပ်ပြော ဆိုလိုက်သည်။     
သတင်းစာနဲ့ကာတွန်း
ဆရာကြီးဖိုးသောကြာ၏ အမြင်ကို မေးမြန်းကြည့်ရာတွင် ''သတင်းစာနဲ့ သတင်း ကာတွန်းဆိုတာ လင်မယားပဲ။ သတင်း ကာတွန်း မပါတဲ့သတင်းစာဆိုတာ မပြည့်စုံပါဘူး။ မျက်မှောက်တိုင်းပြည်ရဲ့ဖြစ်ပျက် နေတဲ့အရေးကိစ္စတွေကို ကာတွန်းပြ ကွက်မျိုးတွေနဲ့  ပုံဖော်တင်ပြကြရတယ်။ကာတွန်းမှာလည်း သရုပ်ဖော်ရာမှာ လှောင်ပြောင်သရော်တဲ့ ပြကွက်မျိုးတွေ ရှိသလို၊ သင်ခန်းစာပေးတဲ့၊ ပညာပေးတဲ့ ကာတွန်းပြကွက်မျိုးတွေ ကိုလည်းရေးကြတယ်။ ကာတွန်းရုပ်တစ်ရုပ်ရဲ့ပြကွက်တန်ဖိုးဟာ သတင်း ကောင်းတစ်ပုဒ်ရဲ့တန်ဖိုးနဲ့အတူတူပဲ။ ငွေရေးကြေးရေးအရ တန်ဖိုးကို ဆိုလိုတာမဟုတ်ဘူး။ ပြည်သူကိုအကျိုးပြုတယ်ဆို တဲ့တန်ဖိုးကိုဆိုလိုတာ..''ဟုပြောပြသည်။
     ယင်းကဲ့သို့ပင် သတင်းစာဆရာကြီးတစ်ဦးက သူ၏ အမြင်ကိုပြောပြရာတွင်...
''တစ်ကွက်စာ ကာတွန်းပြကွက်ဆိုတာမျိုးက ဆောင်းပါးကြီးတစ်ပုဒ်စာလောက်ထိကို ဖော်ပြပေးနိုင်တယ်။ သတင်း စာဆိုတာ ကာတွန်း ကဏ္ဍမပါမဖြစ်ပါရတဲ့ကဏ္ဍတစ်ခုပဲ။ ပြည် သူ့အကျိုးကိုဖော်ဆောင်ပေးနေတဲ့သတင်းစာမျိုးမှာ ကာ တွန်းကဏ္ဍကလည်း ပြည်သူ့အကျိုးအတွက် ထောက်ပြဝေဖန် ပေးနိုင်တဲ့ ကာတွန်းပြကွက်မျိုးလေးတွေ ဖော်ပြပေးရမယ်'' ဟုဆိုသည်။
ဒီလိုတင်ပြခဲ့ကြ
ကာတွန်းဆရာကြီး ဦးဘဂျမ်း၊ ဦးဟိန်စွန်း၊ ဦးဖေသိန်းတို့လို လူမျိုးတွေအနေနဲ့ ပြည်သူကိုနိမိတ်ပြတဲ့ ပြကွက်မျိုးလေး တွေ၊ စဉ်းစားစရာ၊ တွေးတောစရာ၊ ပညာယူစရာ၊ ပြုပြင်စရာ မျိုးလေးတွေကို ထေ့လုံး၊ ပြက်လုံး၊ သရော်စကားလုံးမျိုးလေး တွေနဲ့သုံးပြီး တစ်ကွက်စာတင်ပြတတ်ကြ တယ်''ဟု ယင်း သတင်းစာဆရာကြီးက ဆိုသည်။
ဆရာကြီးဖိုးသောကြာကလည်း ''ဦးဘဂျမ်းတို့၊ ရွှေတ လေးတို့က စစ်ကြိုခေတ်ကာလတုန်းက မြန်မာ့လွတ်လပ် ရေးကို ကာတွန်းပြကွက်မျိုးတွေနဲ့ အများကြီးအထောက်အကူပေးနိုင်ခဲ့ကြတယ်။ ဒါကြောင့် အဲဒီခေတ်ကာတွန်းဆရာတွေ ဟာ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ကြရာမှာ ပါဝင်ခဲ့တဲ့သူတွေလို့ ဆိုနိုင်တယ်။
ထက်မြက်တဲ့တွေးခေါ်မှု၊ ဖန်တီးမှုပိုင်းအားကောင်းတဲ့ ကာတွန်းဆရာကြီးတွေအနေနဲ့ နိုင်ငံရေးရဲ့အရေးအကြောင်း တွေကို အလှည့်အပြောင်းပြု ပေးနိုင်ခဲ့ကြတယ်။ စစ်ပြီးခေတ် နောက်ပိုင်းမှာဆိုရင်လည်း ကာတွန်းပြကွက်မျိုးတွေဟာ မျက် နှာဖုံးသတင်းတွေအနေနဲ့တောင် ဖော်ပြကြတယ်။ ဦးဘဂျမ်းလို ကာတွန်းဆရာကြီးမျိုးကတော့ ရာစုနှစ်တစ်ခုမှာ စံပြကာ တွန်းဆရာကြီးဖြစ်ခဲ့တယ်။ ဦးဖျောက်ဆိပ်ဆိုတဲ့ ကာတွန်း ဇာတ်ကောင်ကို ဖန်တီးပြီး ပြည်သူတွေရဲ့ အကျိုးကိုဖော်ဆောင် ပေးနိုင်ခဲ့တယ်''ဟုဆိုသည်။
Source: YMG
Category: Perspective
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio