Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Political Time » နိုင်ငံရေးပါတီများနှင့် မဲဆွယ်စည်းရုံးလှုပ်ရှားရေး

Related News

ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)
ကျွန်ုပ်တို့၏ရန်ကုန်(၁) -ဦးကြင်နာ
စနစ်အပြောင်းအလဲတစ်ခုမှာ ကိုယ်တိုင်ပါဝင် မဲထည့်ရတဲ့ ကြည်နူးမှုကို ခံစားကြပါ - နိုင်ငွေသိန်း+ဒေါက်တာမင်းနွယ်စိုး
အသက်(၂၀)အရွယ် တက္ကသိုလ်ကျောင်းသား သြစတြေးလျရွေးကောက်ပွဲတွင် အငယ်ဆုံးပါလီမန်အဖွဲ့ဝင်ဖြစ်လာနိုင်
(၇၁)နှစ်ပြည့် ဒုတိယကမ္ဘာစစ်အား အသစ်အမြင်ဖြင့် ပြန်ကြည့်ခြင်း
လှချင်သူတွေ လှပါစေ
ပန်းတိုင်ကို ဘာကြောင့် မရောက်ခဲ့သနည်း -မောင်ဝံသ

Archive News

Local news
မဲဇာချောင်းရေတိုက်စားမှုနှင့် မြေပြိုကျခြင်းကြောင့် လမ်းမကြီးအချို့ပျက်စီး

World & Asia
ဖမ်းဆီးထားသော အမေရိကန်လူမျိုးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့

Entertainment & Life Style
ရဲတိုက်နှင့် လိုတိုဗျူး

Health
တရုတ်ရိုးရာ ဆေးဝါးထုတ်ကုန်များ စင်ကာပူတွင် လူကြိုက်များလာ

Politics & OP/View
ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)

Perspective
ခေါင်းတစ်လုံးထက် ခေါင်းနှစ်လုံးပူးပေါင်းစဉ်းစားခြင်းက ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ကိုချမှတ်နိုင်

နိုင်ငံရေးပါတီများနှင့် မဲဆွယ်စည်းရုံးလှုပ်ရှားရေး

ယခုအခါ နိုင်ငံရေးပါတီဖွဲ့စည်းထူထောင်ခွင့်လျှောက်ထား သည့်ပါတီ ၄၂ပါတီနှင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိပြီး ဖြစ်သည့် ပါတီ ၃၃ပါတီရှိပြီဖြစ်ကြောင်း ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်၏ ဇွန် ၄ရက်ထုတ်ပြန်ချက်အရသိရ၏။
နိုင်ငံရေးလုပ်ရန် သို့မဟုတ် တိုင်းပြည်နှင့်လူမျိုးအကျိုးစီး ပွားကိုသယ်ပိုးရွက်ဆောင်ရန် ဆန္ဒရှိသူမနည်းကြောင်းသိရ၍ ကျေ နပ်အားရပါသည်။ ၀မ်းလည်းသာပါသည်။ သို့ရာတွင်ရွေးကောက် ပွဲဝင်မည့်ပါတီများနေပါက မဲပြန့်သွားသဖြင့် ပြတ်ပြတ်သားသား အနိုင်ရသူမရှိတတ်ဘဲ အနိုင်အရှုံးအခြေအနေမှာ မတိမ်းမယိမ်း ဖြစ်နေတတ်သည်။ သို့မဟုတ်ပါကလည်း ညွန့်ပေါင်း အစိုးရဖွဲ့ရ တတ်သည်။ ညွန့်ပေါင်းအစိုးရသည် တစ်ပါတီက ပြတ်ပြတ်သား သားအနိုင်ရရှိပြီး အစိုးရဖွဲ့ သည်လောက်ကျစ်လျစ်သိပ်သည်းမှု မရှိဖြစ်တတ်သည်။ ထို့ပြင် ညွန့်ပေါင်းအစိုးရဖွဲ့သောအခါ အာ ဏာခွဲဝေမှုနှင့် ရာထူးနေရာခွဲဝေမှုတွင် အဆင်မပြေဖြစ်တတ် သည်။ သို့ဖြစ်၍ နိုင်ငံရေးပါတီများကို သဘောထားမူဝါဒချင်း၊ အမြင်ချင်း၊ ဦးတည်ရည်မှန်းချက်ချင်း၊ ခံယူချက်ချင်းတူသော ပါတီများပေါင်းပြီး အင်အားတောင့်တင်းသော ပါတီကြီးအဖြစ် ဖွဲ့စည်းထူထောင်နိုင်လျှင် ပို၍ကောင်းမည်ထင်၏။
နိုင်ငံရေးဆိုသည်မှာ နိုင်ငံ၏အရေးကိစ္စဖြစ်၏။ နိုင်ငံရေး တွင် နိုင်ငံအတွင်းရှိ နိုင်ငံသူနိုင်ငံသားတစ်ဦးချင်းစီ၏အရေးကိစ္စများ စုပေါင်းပါဝင်နေ၏။ နိုင်ငံရေးသည် နိုင်ငံသူ နိုင်ငံသားအားလုံး၏ အရေးကိစ္စပေါင်းချုပ်ကြီးဖြစ်၏။ ထို့ပြင် နိုင်ငံတစ်နိုင်ငံသည် တစ်ဦးတည်း အထီးတည်းနေ၍ ရကောင်းသည်မဟုတ်ရကား တခြားနိုင်ငံများ နှင့် လည်း ဆက်ဆံနေရရာနိုင်ငံတကာအရေးကိစ္စများလည်းရှိနေ ၏။ ထို့ကြောင့် နိုင်ငံရေးသည် အလွန်ကျယ်ပြန့်သော၊ အလွန်ကိစ္စ မြားမြောင်သော၊ ခက်ခဲနက်နဲရှုပ်ထွေးသော မဟာအရေးကိစ္စကြီး ဖြစ်၏။
အလွန်ကျယ်ပြန့်သော၊ အလွန်ကိစ္စမြားမြောင်သော၊ ခက်ခဲ နက်နဲရှုပ်ထွေးသောနိုင်ငံရေးအလုပ်ကိုလုပ်လိုသူသည် ပေါ့ပေါ့ တန်တန်လုပ်၍မဖြစ်။ သာမန်ကာလျှံကာ လုပ်၍မဖြစ်။ ပါတီစုံဒီမို
ကရေစီကျင့်စဉ်နှင့် အဆက်ပြတ်အလှမ်းဝေးခဲ့သောကြောင့် နှောင်းလူတို့ ပါတီစုံဒီမိုကရေစီအတွေ့အကြုံမရှိနိုင်။ ဤအတွက် အပြစ်ဆိုဖွယ်မရှိ။ သို့သော် နိုင်ငံရေးပုံစံအမျိုးမျိုး၊ နိုင်ငံရေးကျင့် စဉ်အမျိုးမျိုးနှင့်ပတ်သက်၍ ကိုယ်တွေ့ကိုယ်ကြုံမရှိလင့်ကစား အ တွေ့အကြုံတော့ရှိထားရမည်။ လက်တွေ့မရှိသော်လည်း စာတွေ့ ဖြင့် ထိုက်သင့်သလောက် နိုင်ငံရေးရင့်ကျက်မှုရှိထားဖို့ လိုအပ်၏။ နိုင်ငံရေးသည် ငှက်ပျောသီးအခွံနွှာစားရသလောက်လွယ်သည် ဟူ၍ကား သဘောမထားအပ်။ နိုင်ငံရေးသည် ကျယ်ပြန့်သည်၊ ခက်ခဲသည်၊ နက်နဲသည်၊ ရှုပ်ထွေးသည်။ အပြောင်းအလဲမြန်တတ် ၏။ တော်ကြာတစ်မျိုး ခုတစ်မျိုးလည်းဖြစ်တတ်၏။ သို့ဖြစ်၍ နိုင်ငံရေးလုပ်မည့်သူသည် နိုင်ငံရေးဗဟုသုတအထိုက်အလျောက် ရှိထားဖို့လိုသည်။ နိုင်ငံရေးဝမ်းစာအထိုက်အလျောက်ရှိထားဖို့ လိုသည်။
Source: YMG
Category: Political Time
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio