Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Political Time » ဟီရိသြတ္တပ္ပ တရားများဖြင့်သာ . . .

Related News

ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)
ကျွန်ုပ်တို့၏ရန်ကုန်(၁) -ဦးကြင်နာ
စနစ်အပြောင်းအလဲတစ်ခုမှာ ကိုယ်တိုင်ပါဝင် မဲထည့်ရတဲ့ ကြည်နူးမှုကို ခံစားကြပါ - နိုင်ငွေသိန်း+ဒေါက်တာမင်းနွယ်စိုး
အသက်(၂၀)အရွယ် တက္ကသိုလ်ကျောင်းသား သြစတြေးလျရွေးကောက်ပွဲတွင် အငယ်ဆုံးပါလီမန်အဖွဲ့ဝင်ဖြစ်လာနိုင်
(၇၁)နှစ်ပြည့် ဒုတိယကမ္ဘာစစ်အား အသစ်အမြင်ဖြင့် ပြန်ကြည့်ခြင်း
လှချင်သူတွေ လှပါစေ
ပန်းတိုင်ကို ဘာကြောင့် မရောက်ခဲ့သနည်း -မောင်ဝံသ

Archive News

Local news
မဲဇာချောင်းရေတိုက်စားမှုနှင့် မြေပြိုကျခြင်းကြောင့် လမ်းမကြီးအချို့ပျက်စီး

World & Asia
ဖမ်းဆီးထားသော အမေရိကန်လူမျိုးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့

Entertainment & Life Style
ရဲတိုက်နှင့် လိုတိုဗျူး

Health
တရုတ်ရိုးရာ ဆေးဝါးထုတ်ကုန်များ စင်ကာပူတွင် လူကြိုက်များလာ

Politics & OP/View
ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)

Perspective
ခေါင်းတစ်လုံးထက် ခေါင်းနှစ်လုံးပူးပေါင်းစဉ်းစားခြင်းက ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ကိုချမှတ်နိုင်

ဟီရိသြတ္တပ္ပ တရားများဖြင့်သာ . . .

ယခုအခါ နိုင်ငံရေးပါတီများနှင့်မိတ်ဆက်ပေးသည်ကိုလည်းကောင်း၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံမေးမြန်းသည်များကိုလည်းကောင်း၊ ပြည်သူလူထုအတွင်း၊ အလွှာအသီးသီးမှ လူကြီး၊ လူငယ် လူရွယ်များနှင့် ပြည်သူတို့၏ဆန္ဒနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းသည်ကိုလည်းကောင်း ဂျာနယ်များတွင် ဖတ်ရှုနေရ၏။
တွေ့ဆုံမေးမြန်းရာ၌ နိုင်ငံရေးပါတီများကလည်း ပြည်သူလူထုစားဝတ်နေရေးအဆင်ပြေစေရေးနှင့် တိုင်းပြည်နှင့် လူမျိုးဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးရန်ဆိုသည်ကိုသာ အလေးပေးဖြေကြားထားကြသည်ကို အများအားဖြင့် တွေ့ရ၏။ ပြည်သူလူထုဘက်ကလည်း အလားတူပင် စားဝတ်နေရေးအဆင်ပြေရန်ကိုပင် အဓိက လိုလားသည်ကို တွေ့ရ၏။
ပြည်သူလူထုစားဝတ်နေရေးအဆင်ပြေအောင် ဆောင်ရွက်ပေးလိုသည့် နိုင်ငံရေးသမားတို့၏ စိတ်စေ တနာကိုသိခွင့်ရ၍ အလွန်အားရ၀မ်းသာဖြစ်ရ၏။ ပြည်သူလူထုတစ်ရပ်လုံးကလည်း အလားတူပင်ဖြစ်ပေ လိမ့်မည်။ စင်စစ် စားဝတ်နေရေးဆိုသည်မှာ လူ့အခြေခံလိုအပ်ချက်ကြီး သုံးရပ်ပင်မဟုတ်ပါလော။ အပြောနှင့် အလုပ်သာ တစ်ထပ်တည်းကျပါစေဟူ၍သာ ပြည်သူလူထုက ဆုတောင်းနေရပေသည်။
နိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကဆိုလျှင် စီးပွားရေးပိတ်ဆို့အရေးယူမှုပြုသည်များကို ဆန့်ကျင်သည်ဟုဆိုသည်။ ''စီးပွားရေးပိတ်ဆို့မှုရှိရင် ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်မယ်။ အလုပ်အကိုင် ရှားပါးမယ်။ အလုပ်မရှိရင် စားဝတ်နေရေးကျပ်တည်းမယ်။ စားဝတ်နေရေးကျပ်တည်းလို့ ငတ်မွတ်ခေါင်းပါး မယ်။ အကျင့်ပျက်လာမယ်။ နောက်ဆုံး ငတ်ပြတ်ပြီးသေတဲ့အထိ ဖြစ်လာနိုင်တယ်။ ဒါကြောင့် စီးပွားရေး ပိတ်ဆို့မှုကိုလက်မခံဘူး။ ဒါဟာ လူကို ညှဉ်းဆဲသတ်ဖြတ်တဲ့လူသတ်မှုလို့ ကျွန်တော်တို့ အဓိပ္ပာယ်ဖွင့်တယ်'' ဟု ဆိုလေသည်။
နိုင်ငံရေးသမားများအနေဖြင့် ပြည်သူလူထုစားဝတ်နေရေးပြေလည်အောင်ဆောင်ရွက်ပေးရန် စိတ်ရည် သန်လျက်ရှိရုံမျှမက စားဝတ်နေရေးကိုထိခိုက်ကာ အကျပ်အတည်းဖြစ်စေပြီး အငတ်ဘေးကြုံစေမည့် ပြည် တွင်းပြည်ပမှ မည်သည့်အပြုအမူမျိုးကိုမဆို လက်မခံဆိုသည့် မြန်မာ့နိုင်ငံရေးသမားများ၏ စိတ်ဓာတ်ကိုသိ ခွင့်ရ၍ ၀မ်းလည်းသာ၊ ကျေးဇူးလည်းတင်၊ လေးစားမှုလည်းဖြစ်ရ၏။
ထိုပုဂ္ဂိုလ်ပြောသည်မှာ မှန်၏။ လူ၏အခြေခံလိုအပ်ချက်ကြီးသုံးရပ်မှာ စားဝတ်နေရေးပင်ဖြစ်၏။ ထိုအ ခြေခံလိုအပ်ချက်ကြီးသုံးရပ်အနက် စားရေးမှာ အဓိကအကျဆုံး၊ အခြေခံအကျဆုံးလိုအပ်ချက်ကြီးဖြစ်၏။ သတ္တ၀ါတိုင်းသည် စားရန် အသက်ရှင်နေသည်မဟုတ်။ အသက်ရှင်ရန် စားနေရခြင်းဖြစ်၏။ အသက်ရှင်ရေး ကိုထိခိုက်လာပြီဆိုလျှင် ထိုပြဿနာကို တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ် စေ ဖြစ်သည့်နည်းဖြင့် ရှင်းကြပေလိမ့်မည်။ သို့ကြောင့်ပင် မရှက်သုံးပါးရှိသည်ဟု ရှေးလူကြီးသူမများ ဆိုစကား ရှိထားခဲ့သည်။ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်ဟူ၍ဖြစ်၏။ တဏှာပေမဖြင့်ချစ်မိကြိုက်မိပြီဆိုလျှင် ထို အချစ်အတွက် မည်သည့်အပြောအဆို အပြုအမူမျိုးကိုမဆို မတွန့်တမ်း၊ မဆုတ်တမ်း တကယ်တမ်းလုပ် တတ်သည့်သဘောရှိ၏။ ကား၊ ရထားများပေါ်၌လည်းကောင်း၊ ပန်းခြံများ၌လည်းကောင်း ချစ်သူစုံတွဲများ ဖြစ်ချင်တိုင်းဖြစ်နေကြသည်မှာ ကြိုက်မရှက်ကြောင့်ဖြစ်၏။
အိပ်ချင်၍ ငိုက်သောသူသည်လည်း အလားတူပင်ဖြစ်၏။ အပျိုကြောင့် လူပျိုရှေ့တွင်ဖြစ်သော်လည်း ကောင်း၊ လူပျိုကြောင့် အပျိုရှေ့တွင်သော်လည်းကောင်း ရှက်သောကြောင့် မငိုက်ဟူ၍မရှိ။ အငိုက်အတွက် အရှက်မရှိသည်သာဖြစ်၏။
ငတ်လျှင်လည်း ထိုသို့ပင်ဖြစ်၏။ ငတ်လာပြီဆိုလျှင် အသေခံနေမည်မဟုတ်။ အငတ်ဖြေရေးအတွက် အရှက်လည်းမရှိ၊ အကြောက်လည်းမရှိ။ အငတ်ဖြေရန် အစားအစာကိုတောင်းမည်။ မရလျှင် လုမည်၊ မရ လျှင် ခိုးမည်။
Source: YMG
Category: Political Time
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio