Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Political Time » နိုင်ငံရေးသည် အများသဘောဖြစ်သည်

Related News

ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)
ကျွန်ုပ်တို့၏ရန်ကုန်(၁) -ဦးကြင်နာ
စနစ်အပြောင်းအလဲတစ်ခုမှာ ကိုယ်တိုင်ပါဝင် မဲထည့်ရတဲ့ ကြည်နူးမှုကို ခံစားကြပါ - နိုင်ငွေသိန်း+ဒေါက်တာမင်းနွယ်စိုး
အသက်(၂၀)အရွယ် တက္ကသိုလ်ကျောင်းသား သြစတြေးလျရွေးကောက်ပွဲတွင် အငယ်ဆုံးပါလီမန်အဖွဲ့ဝင်ဖြစ်လာနိုင်
(၇၁)နှစ်ပြည့် ဒုတိယကမ္ဘာစစ်အား အသစ်အမြင်ဖြင့် ပြန်ကြည့်ခြင်း
လှချင်သူတွေ လှပါစေ
ပန်းတိုင်ကို ဘာကြောင့် မရောက်ခဲ့သနည်း -မောင်ဝံသ

Archive News

Local news
မဲဇာချောင်းရေတိုက်စားမှုနှင့် မြေပြိုကျခြင်းကြောင့် လမ်းမကြီးအချို့ပျက်စီး

World & Asia
ဖမ်းဆီးထားသော အမေရိကန်လူမျိုးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့

Entertainment & Life Style
ရဲတိုက်နှင့် လိုတိုဗျူး

Health
တရုတ်ရိုးရာ ဆေးဝါးထုတ်ကုန်များ စင်ကာပူတွင် လူကြိုက်များလာ

Politics & OP/View
ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)

Perspective
ခေါင်းတစ်လုံးထက် ခေါင်းနှစ်လုံးပူးပေါင်းစဉ်းစားခြင်းက ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ကိုချမှတ်နိုင်

နိုင်ငံရေးသည် အများသဘောဖြစ်သည်

ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲသည် မြန်မာ့လူ့အဖွဲ့အစည်း နှင့်စိမ်းနေသည့်အရာမဟုတ်ပါ။ လွတ်လပ်ရေးရပြီးခါစ ပါလီမန် ဒီမိုကရေစီရွေးကောက်ပွဲမှာလည်း ပါတီစုံရွေးကောက်ပွဲပင်ဖြစ်သည်။ သို့ရာတွင် ပါလီမန်ဒီမိုကရေစီမှာ လစ်ဘရယ်ဒီမိုကရေစီဖြစ်သည်။ လူအများက လွတ်လပ်မှုပို၍ရသဖြင့် ဤဒီမိုကရေစီသဘောကို ပို၍ နှစ်လိုကြသည်။ ယနေ့ကျင်းပပြုလုပ်တော့မည့် ပါတီစုံဒီမိုကရေစီရွေး ကောက်ပွဲမှာလည်း ဒီမိုကရေစီကိုဦးတည်အခြေခံပေသည်။ သို့ရာတွင် Guided Democracy ခေါ် လမ်းညွှန်ဒီမိုကရေစီသာဖြစ်သည်။
ဒီမိုကရေစီဆိုသည်မှာ ပရမတ္ထသစ္စာမဟုတ်။ သမုတိသစ္စာမျှ သာဖြစ်ရကား ပုံသေကားကျ ဤသို့ပင်သွားရမည့်လမ်းစဉ်ဟု မဆို သာ။ တိုင်းပြည်တစ်ခု၏ နိုင်ငံသူ၊ နိုင်ငံသားအများစုက လက်ခံသည့် ပုံသဏ္ဌာန်ကိုသာ စံအဖြစ်အသုံးပြုကြရမည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့ရာတွင် အများညီ၍ 'ဤ'ကို 'ကျွဲ'ဖတ်ရမည်ဟု မဆိုလိုပါ။ 'ဤ'မှာ ဤသာဖြစ်၍ 'ကျွဲ'မှာလည်း 'ကျွဲ'သာဖြစ်ပါသည်။ ဤကို ကျွဲဖတ်ပါ က အမှားသိဖြစ်၍ ကောင်းကျိုးမရနိုင်ပါ။ ဆုံးရှုံးမှုကိုသာ ဖြစ်ပေါ် စေပါလိမ့်မည်။
ပါတီဆိုသည်မှာ လူထု၏အစိတ်အပိုင်း Party of People ဖြစ်ရကား နိုင်ငံရေးပါတီများမှာ နိုင်ငံရေးအယူအဆတူသူ လူထု၏အ စိတ်အပိုင်းပင်ဖြစ်သည်။ ထို့ကြောင့် ပါတီတစ်ခု၏ သဘောတရား၊ လမ်းစဉ်အပေါ် လူအများက သိရှိနားလည်အောင် လက်ခံလာအောင် ၀ါဒဖြန့်ချိရေး၊ လှုံ့ဆော်ရေး၊ ပညာပေးရေးတို့ကို စနစ်တကျအကွက် ချ၍ လုပ်ကြရခြင်းဖြစ်သည်။ အများသဘောတူက အောင်မြင်သည်။ အများသဘောနှင့်မတွေ့က ကျရှုံးမည်မှာ ဧကန်မုချဖြစ်သည်။
နိုင်ငံရေးမူဝါဒလမ်းစဉ်များမှာ အများအကျိုးသယ်ပိုးနိုင်ရန် အတွက် နိုင်ငံရေး၊ စီးပွားရေးတို့အပေါ် အခြေခံ၍ ချမှတ်ကြသည်။ ကွန်မြူနစ်ဝါဒသည် ဗဟုဝါဒဖြစ်သည်။ ပစ္စည်းပိုင်ဆိုင်မှုကို အကြောင်း ပြု၍ ပေါ်ပေါက်လာခဲ့သည်။ ကုန်ထုတ်ကိရိယာများ၊ အရင်းအနှီး များကို ပုဂ္ဂလိကပိုင်ဆိုင်မှုမရှိဘဲ နိုင်ငံသားများက စုပေါင်းပိုင်ဆိုင်ရန် ဖြစ်သည်။ မတ်(က်)စ်ဝါဒသည် အရင်းရှင်တို့က အလုပ်သမားများ အပေါ် ခေါင်းပုံဖြတ်ခြင်းကို စနစ်တကျလေ့လာသောဝါဒဖြစ်သည်။ အမြတ်နှင့်အရင်းအနှီးကို တစ်ဦးတည်းပိုင်၍ မတရားဟု ဖော်ပြသည်။ ထို့ကြောင့် အရင်းမဲ့တို့၏ အ<ကင်းမဲ့အာဏာဖြင့် အရင်းအနှီးများ၊ မြေများကိုအများပိုင်ပြုလုပ်ရမည်ဟု ဆုံးဖြတ်သည်။ သို့ရာတွင် အများ ပိုင်လာသောပစ္စည်းများ၊ အရင်းအနှီးများနှင့်အ<ကင်းမဲ့အာဏာများ ကို မည်သို့ထိန်းကျောင်းရမည်ကိုမူ လမ်းညွှန်မှုမပေးထား။ ထို့ကြောင့် ဘုံဝါဒ၊ လောကနိဗ္ဗာန်ဟု တင်စားထားသော ကွန်မြူနစ်စနစ်တွင် အာဏာရှင်စနစ်သာ ထွန်းကားခဲ့သည်။ မူလရည်ရွယ်ချက်မအောင် မြင်၊ အမှားသိဖြစ်၍ ကောင်းကျိုးမရ၊ ဆင်းရဲသားတို့ ဆင်းရဲတွင်းမှ မလွတ်မြောက်သည်မှာ ထင်ရှားသည်။ အရင်းရှင်ပျောက်၍ အာဏာ ရှင်တို့က အခွင့်ထူးခံသာဖြစ်သွားခဲ့သည်မှာ လက်တွေ့သာဓကပင်ဖြစ် သည်။ ဤသည်မှာ အများသဘော နိုင်ငံရေးကို လူတစ်စုပိုင်လုပ်လိုက် ၍ဖြစ်သည်။ နိုင်ငံရေးသည် အ များသဘောဖြစ်ရကား အများဆန္ဒ အတိုင်းလုပ်ခြင်းကသာ အကျိုးရှိ မည်မှာ အမှန်ပင်ဖြစ်သည်။
တချို့က ကွန်မြူနစ်ဝါဒခေါ် ဘုံဝါဒမှာ ပြင်းထန်လွန်းသည်ဟုဆို ကာ သူ့ထက်အနည်းငယ်ပျော့ ပျောင်းသော ဆိုရှယ်လစ်ဝါဒကို ပါတီ၏မူဝါဒအဖြစ်လက်ခံကြသည်။ ကွန်မြူနစ်ဝါဒက ဘာသာရေးကို မျက်နှာသာမပေးသော်လည်း ဆို ရှယ်လစ်တို့က ကိုးကွယ်ယုံကြည်မှု ကို မတားမြစ်။ နိုင်ငံရေးနှင့်ဘာသာ ရေးကင်းရှင်းစေရန် စည်းခြားထား သည်။ မြန်မာနိုင်ငံတွင် လွတ်လပ် ရေးကြိုးပမ်းမှုနှင့်အတူ သန္ဓေတည် လာခဲ့သော ကွန်မြူနစ်ဝါဒမှာ အသိ မှားအမြင်မှားဖြင့် အကောင်အထည် ဖော်ခဲ့၍ သက်ဆိုးမရှည်ခဲ့ပါ။
Source: YMG
Category: Political Time
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio