လှိုင် ဘွား နေ့လယ်စာထမင်းစားသောက်ကြပြီးလျှင် ကျွန် တော်တို့အဖွဲ့ ခရီးဆက်ကြရမည့်နေရာသည် ရှီလာထောင် စုနှစ် အပန်းဖြေစခန်းသာ(Shilla Millennium Park) ဖြစ်သည်။ ယင်းအပန်း ဖြေစခန်းသာ (၀ါ)ပန်းခြံကို ၂၀၀၇ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဧရိယာအကျယ်အ၀န်းစုစုပေါင်းမှာ ၁၇၈၂၀၀ စကွဲယား မီတာရှိသည်။ သမိုင်းဆိုင်ရာအတွေ့အကြုံအကြောင်း ခြင်းရာများကို လေ့လာသိရှိနိုင်ရန်ရည်ရွယ်ပြုလုပ်ထားခြင်း ဖြစ်သည်။ အဓိကအားဖြင့် ရှီလာမင်းနေပြည်ခေတ်၏ သမိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာအတွေ့အကြုံများ ကိုယ် ခံပညာရပ်များကိုအံ့ဖွယ်သရဲ သရုပ်ဆောင်တင်ဆက်မှုများ၊ အထူးပြုလုပ်ချက်များမှတစ်ဆင့်ခံစားသိရှိနိုင်စေရန်ရည် ရွယ်ထားခြင်းဖြစ်သည်။ ယင်းနေရာသည် ကိုရီး ယားနိုင်ငံ၏ ဂျီယွန်ဆန်ဘတ်ခ် (Gyeong-sangbuk-do)၊ ဂျီယွန်ဂျူးမြို့၊ ရှင် ပေယွန်ဒွန် (Shin pyeong-dong)တွင် တည်ရှိသည်။ ရှီလာထောင်စုနှစ်အပန်းဖြေစခန်းတွင် ဧည့်သည် များအဖို့ လွန်ခဲ့သောနှစ်ပေါင်း ၁၂၀၀ကျော်က ရှီလာမင်း ဆက်ခေတ်အတွင်းသို့ အချိန်ကာလယန္တရားကြီး နောက် ပြန်လှည့်ရောက်ရှိသွားသလိုခံစားရစေရန် စီစဉ်ဖန်တီး တင်ဆက်ထားသည်။ ရှီလာအပန်းဖြေစခန်းသည် အခြား ဖျော်ဖြေမှုပေးသော ပျော်ရွှင်စရာအပန်းဖြေစခန်းများကဲ့ သို့ စီးစရာ၊ ဆော့စရာများမပါရှိပေ။ ယင်းနေရာသည် ဧည့်သည်များကို ရှီလာခေတ်မင်းမှုထမ်းများ၏ ရင်သပ်ရှု မောဖွယ်ရာ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ ခမ်းနားသည့် ခေတ်မီစတေ့ခ်ျနည်းပညာများဖြင့် အမွှမ်းတင်ခြယ်သ ထားသည့် လဟာပြင်ဇာတ်ခင်းကျင်းတင်ဆက်ဖျော်ဖြေ မှုများနှင့် ရှီလာခေတ်အိမ်ရာများကို စနစ်တကျလေ့ လာနိုင်စေမည်ဖြစ်သည်။ ယင်းအပြင် ယဉ်ကျေး မှုနှင့် လက်မှုပညာကျေးရွာ တို့ကိုပါလေ့လာနိုင် မည်ဖြစ်သည်။ ရှီလာထောင်စုနှစ် အပန်းဖြေစခန်းသာတွင် သမိုင်း ဆိုင်ရာထူးခြားဆန်းကြယ်ဖြစ်ရပ်များ၊ နယ်စွန်နယ်ဖျားပင် လယ်အော်နှင့် လက်မှုပညာ (History Fantasia, Frontier Bay, Craftia)တို့ကဲ့သို့သော ထူးခြားထင်ရှား သည့်နေရာများကိုပါ လေ့လာနိုင်စေမည်ဖြစ်သည်။ ယင်း ပန်းခြံသည် သမိုင်းဆိုင်ရာ ထူးခြားဆန်းကြယ်မှုများထဲမှ အီမိုင်းပိုးလစ်(Emile Polis)နှင့် ဘဂ္ဂဒက်(Baghdad)အ ပါအ၀င် ရှစ်ရာစုနှစ်က အထင်ကရမြို့ကြီးလေးမြို့ကို ပြန်လည်ပုံစံတူပြုဖန်တီးထားခြင်းဖြစ်သည်။ လက်မှုအနု ပညာရပ်တွင် ရှီလာသမိုင်းနှင့် ယဉ်ကျေးမှုများထဲမှ လက် သမားအလုပ်ရုံ၊ ဖန်မှန်အလုပ်ရုံ၊ ဆေးဆိုးရုံ စသည်ကို စိတ်လှုပ်ရှားပျော်ရွှင်စွာ လေ့လာနိုင်စေမည်ဖြစ်သည်။ လဟာပြင် ကဇာတ်ရုံ ရှီလာထောင်စုနှစ်ပန်းခြံတွင် နောက်ထပ်စိတ်ဝင် စားစရာတစ်ခုမှာ လဟာပြင်ကဇာတ်ရုံ (Jang Bo-Go performance Stage)ဖြစ်သည်။ ယင်းသည် ရေပြင်ရော ကုန်းပိုင်းပါ ပါဝင်သည့် အမြင်ပိုင်းဆိုင်ရာလှုံ့ဆော်မှုကို ပိုမို ပေးစွမ်းနိုင်စေသည့် အခင်းအကျင်းပုံစံဖန်တီးထားသည်။ ပရိသတ်နှင့်လည်း တစ်သားတည်းဖြစ်စေသည်။
|