Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Entertainment & Life Style » ရန်ကုန်ရှိ ဈေးကြီးအချို့ ကြွက်နှိမ်နင်းရေး ယခင်ထက် ပိုမိုကြပ်မတ်ဆောင်ရွက်လာ

Related News

ရဲတိုက်နှင့် လိုတိုဗျူး
ကလေးတွေအတွက်ပြုံးထား ကိုရီးယားစတား
ရောဘတ်ပက်တင်ဆင်တို့အခြေအနေ အတော်အဆင်ပြေပြီလား
ကိုရီးယားနာမည်ကျော် Wonderful Girls အဆိုတော်အဖွဲ့ မြန်မာနိုင်ငံသို့လာမည်
သရုပ်ဆောင်တာကို မကြောက်ပေမယ့် သီချင်းဆိုရတာ ကြောက်တယ် -သင်ဇာဝင့်ကျော်
ကျော်ကျော်ဗိုနှင့် အင်တာဗျူး
မိုးဟေကိုနှင့် အင်တာဗျူး

Archive News

Local news
မဲဇာချောင်းရေတိုက်စားမှုနှင့် မြေပြိုကျခြင်းကြောင့် လမ်းမကြီးအချို့ပျက်စီး

World & Asia
ဖမ်းဆီးထားသော အမေရိကန်လူမျိုးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့

Health
တရုတ်ရိုးရာ ဆေးဝါးထုတ်ကုန်များ စင်ကာပူတွင် လူကြိုက်များလာ

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Politics & OP/View
ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)

Perspective
ခေါင်းတစ်လုံးထက် ခေါင်းနှစ်လုံးပူးပေါင်းစဉ်းစားခြင်းက ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ကိုချမှတ်နိုင်

ရန်ကုန်ရှိ ဈေးကြီးအချို့ ကြွက်နှိမ်နင်းရေး ယခင်ထက် ပိုမိုကြပ်မတ်ဆောင်ရွက်လာ

ရန်ကုန်၊ယခင်နှစ်များထက်ပိုမိုကြပ်မတ်၍ လုပ နိုင်ငံတစ်ဝန်းရှိဒေသအချို့၌ ကြွက်များသောင်းကျန်း နေကြခြင်းကြောင့် ရန်ကုန်မြို့ရှိဈေးကြီးအချို့တွင် ကြွက်နှိမ်နင်း ရေးကိုဆောင်လာကြောင်း သိရသည်။
ရန်ကုန်မြို့ရှိဈေးကြီးများ၌ ကြွက်များအား သုတ်သင်ရှင်းလင်း ရန် ကမ်းနားဈေးတွင် အထူးဆောင်ရွက်လျက်ရှိပြီး (၂၄)နာရီ ဈေးကြီးဖြစ်သည့်သီရိမင်္ဂလာဈေးတွင်လည်း အလားတူလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
''ဈေးကွဲတဲ့အချိန်မှာ ဈေးသန့်ရှင်းရေးကို ပုံမှန်လုပ်တယ်။ ဈေးသည်တွေအနေနဲ့လဲ စွန့်ပစ်ပစ္စည်းတွေကို သတ် မှတ်ထား တဲ့နေရာမှာ စွန့် ပစ်ရ တယ်။ ကြွက်တွင်းတွေမရှိအောင်လဲ နှိုးဆော်ထားတယ်။ တစ်ပတ် တစ်ခါ တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဌာနက ည၈နာရီလောက်မှာ လာပြီး ကြွက်နှိမ်နင်းရေးကိုလာရောက်လုပ်ဆောင်ပေးတယ်။ ဈေး အတွင်းမှာလဲ ပိုးမွှားမပေါက်ပွားနိုင်အောင် ZAGRO ပိုးသတ် ဆေးကိုဖျန်းတယ်။ ဒီနှစ်မှာ သန့်ရှင်းရေးတွေကို အရင်နှစ်တွေ ထက် ပိုပြီးလုပ်ဆောင်တယ်''ဟု ကမ်းနားဈေးမှ ဒုဈေးတာဝန်ခံဦး ဇော်မြင့်က ပြောသည်။
သီရိမင်္ဂလာဈေး၊ ဈေးသာယာရေးရုံးအဖွဲ့မှူး ဦးစိန်စိုးက လည်း ''အရင်ကတော့သန့်ရှင်းရေးကိုပဲလုပ်တယ်။ ဒီနှစ်တော့ ကျန်းမာရေးဝန်ကြီးဌာန မြို့နယ်ကျန်းမာရေးဌာနနဲ့ပေါင်းပြီး ဇူလိုင် လထဲမှာပဲ ဈေးအတွင်း ကြွက်၊ ခြင်၊ ယင်များကို ပုံမှန်နှိမ်နင်းသွား မယ်။ ဒီနှစ်က ကြွက်တွေသောင်းကျန်းတော့ ဈေးသူ၊ ဈေးသားတွေ၊ ဈေးဝယ်သူတွေအတွက် ကျန်းမာရေးကိုကာကွယ်နိုင်အောင် လုပ် ဆောင်သွားမယ်''ဟုပြောသည်။
Source: YMG
Category: Entertainment & Life Style
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio