Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Politic & OP » လေးနှစ်တာအတွင်း ပထမဆုံးအဖြစ် ဖီဒဲလ်ကက်စထရို ပြည်သူများနှင့်ပြန်လည်တွေ့ဆုံ

Related News

အိုဘားမား၏ သမ္မတခရီးလမ်းက အမေရိက၏ လူမျိုးရေးအစွဲလွန်ကာလသို့ ရောက်ရှိလာစေဟုဆို
ကျွန်ုပ်တို့၏ရန်ကုန် -ဦးနိုင်မြင့်
ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)
မွန်ပြည်နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်များတင်ပြီ
မဲပေးနိုင်ရန် ယာယီသက်သေခံလက်မှတ်များ ပြုလုပ်ပေး
ကမ္ဘောဒီးယားက နျူကလီးယားနည်းပညာ လေ့လာနေ
အိုစမာဘင်လာဒင်၏ ထမင်းချက်အား ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်

Archive News

Local news
မိုဘိုင်းစာအုပ်အရောင်းဆိုင်များ စတင်တည်ထောင် မြန်မာနိုင်ငံအနှံ့ လှည့်လည်ရောင်းချမည်ဟုဆို

World & Asia
အောက်စ်ဖို့ဒ် အွန်လိုင်းအဘိဓာန်က ပုံနှိပ်အဘိဓာန်ကို ရပ်တန့်ဖယ်ရှားပစ်ဖွယ်ရှိ

Entertainment & Life Style
ကိုယ်က အနုပညာသမားဆိုတော့ ပြောင်းလဲလာတဲ့ ကာရိုက်တာပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ရတာပေါ့ -မေသန်းနု

Health
စင်ကာပူမှ ဆရာဝန်ပေါက်စများ ကိုယ်ပိုင်ဆေးခန်းမထောင်ကြတော့ဘဲ အုပ်စုဖွဲ့ကုသသော ဆေးခန်းများသို့ ၀င်ရောက်လုပ်ကိုင်လာကြ

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Perspective
ဒီတစ်ပတ်တော့ ကြက်သွန်ဖြူဥတစ်လုံးအမြိတ်တက်နဲ့ ပန်းပွင့်ပုံဖော်နည်းကိုတင်ပြမှာဖြစ်ပါတယ်။

လေးနှစ်တာအတွင်း ပထမဆုံးအဖြစ် ဖီဒဲလ်ကက်စထရို ပြည်သူများနှင့်ပြန်လည်တွေ့ဆုံ

ဟာဗားနား၊ ဇူလိုင်-၁၅
မစ္စတာဖီဒဲလ်ကက်စထရို၏ ဓာတ်ပုံသစ်များတွင် သူသည် ခါးကိုင်း နေသော်လည်း ပြုံးရွှင်နေသည်။ ယင်း မှာကျူးဘားသိပ္ပံဆိုင်ရာ အကြံပေး အဖွဲ့အလုပ်သမားများကိုတွေ့ဆုံရန် သွားရောက်စဉ် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး    လေးနှစ်အတွင်း ပြည်သူများကြား ပထမဆုံးတွေ့ရခြင်းဖြစ်သည်။
ယခင်တုန်းက ကျူးဘားနိုင်ငံသည် ရာထူးဌာနန္တရကြီးမြင့်သူများနှင့် သီး သန့်အစည်းအဝေးများတွင်တွေ့ရသော သူ၏ဓာတ်ပုံများကိုအခါအားလျော်စွာ ထုတ်ပြန်ခဲ့သည်။ အဆိုပါဓာတ်ပုံများ တွင် မစ္စတာကက်စထရိုမှာ ရွှင်ရွှင်ပျပျ နှင့် ကျန်းကျန်းမာမာတွေ့ခဲ့ရသည်။
အားကစားဝတ်စုံဝတ်ဆင်ထား သော အသက်(၈၃)နှစ်ရှိ မစ္စတာကက် စထရို၏ဓာတ်ပုံများကို ကျူးဘား ဂျာနယ်လစ်နှစ်ယောက်၏ဘလော့ဂ် များနှင့် မီဒီယာဝက်ဘ်ဆိုက်တို့တွင် တင်ထားသည်။
မစ္စတာကက်စထရိုကို တွေ့မြင် ရသည်မှာ အနည်းငယ်ခါးကိုင်းနေပုံ ရသော်လည်း ဓာတ်ပုံများထဲတွင် ကျန်း မာစွာတွေ့ရ၍ အဆိုပါဓာတ်ပုံများ မှာ ဟာဗားနားရှိသိပ္ပံနည်းကျစုံစမ်းရေး အတွက်ဖွင့်လှစ်ထားသော အမျိုးသား ဗဟိုဌာနသို့ ဇူလိုင် ၇ရက်နေ့ကသွား ရောက်လည်ပတ်စဉ် ရိုက်ကူးထားခြင်း ဖြစ်သည်။
ထိုအချိန်က ရိုက်ကူးထားသော  ဓာတ်ပုံအများအပြားကို အစိုးရပိုင် ဝက်ဘ်ဆိုက်ဖြစ်သော cubadebate ပေါ်တင်ထားသည်။ ထိုဓာတ်ပုံများထဲ တွင် မစ္စတာကက်စထရိုမှာ အလုပ် သမားများနှင့်စကားပြောကာ ပြုံးရယ် နေသည်ကိုတွေ့ရသည်။ အလုပ်သမား အချို့သည် သူ့ကိုလက်ခုပ်တီးဝှေ့ယမ်း ကြိုဆိုရန် လျှောက်လမ်းတစ်လျှောက် တန်းစီလျက်ရှိကြသည်။
cubadebate ဝက်ဘ်ဆိုက်က တော်လှန်ရေးခေါင်းဆောင်ကြီးသိပ္ပံ ဌာနသို့ (၄၅)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားအတွက် အလည်အပတ် လာရောက်သည်ဟု ဖော်ပြထားသည်။
Source: YMG
Category: Politic & OP
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio