Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Politic & OP » ဝေဖန်ရေး

Related News

ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)
မွန်ပြည်နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်များတင်ပြီ
မဲပေးနိုင်ရန် ယာယီသက်သေခံလက်မှတ်များ ပြုလုပ်ပေး
ကမ္ဘောဒီးယားက နျူကလီးယားနည်းပညာ လေ့လာနေ
ကျွန်ုပ်တို့၏ရန်ကုန် -ဦးနိုင်မြင့်
စစ်မှန်တဲ့ နိုင်ငံရေးသမားဆိုရင် လူထုအဆုံးအဖြတ်ကို ခံယူရဲရမယ် - ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံမည့်သူ)
အိုစမာဘင်လာဒင်၏ ထမင်းချက်အား ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်

Archive News

Local news
မဲဇာချောင်းရေတိုက်စားမှုနှင့် မြေပြိုကျခြင်းကြောင့် လမ်းမကြီးအချို့ပျက်စီး

World & Asia
ဖမ်းဆီးထားသော အမေရိကန်လူမျိုးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့

Entertainment & Life Style
ရဲတိုက်နှင့် လိုတိုဗျူး

Health
တရုတ်ရိုးရာ ဆေးဝါးထုတ်ကုန်များ စင်ကာပူတွင် လူကြိုက်များလာ

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Perspective
ခေါင်းတစ်လုံးထက် ခေါင်းနှစ်လုံးပူးပေါင်းစဉ်းစားခြင်းက ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ကိုချမှတ်နိုင်

ဝေဖန်ရေး

နိုင်ငံရေးသည်အများစုပေါင်းဆောင်ရွက်ရ၏။ အများစု ပေါင်းဆောင်ရွက်ရသည်ဖြစ်သောကြောင့် အတွေး
အမြင်အမျိုးမျိုး၊ စိတ်ကူးအကြံဥာဏ်အဖုံဖုံ၊ အယူအ ဆအမျိုးမျိုး ရှိမည်။ ထိုသို့အတွေးအမြင် စိတ်ကူးအကြံဥာဏ် အယူအဆအမျိုးမျိုးရှိသည့်အလျောက် မိမိတို့စိတ်ကူးအကြံ ဥာဏ်အတိုင်း၊ အတွေးအခေါ်အယူအဆအတိုင်းဆောင်ရွက် ၍ရမည်မဟုတ်။ ဆောင်ရွက်ရာတွင် မိမိတို့၏အတ္တနောမတိ မပါစေရန် သို့မဟုတ် ဆန္ဒာဂတိနောက်သို့ မပါစေရန် အများ စုပေါင်းဆွေးနွေးတိုင်ပင်ပြီး တစ်စုံတစ်ခုသော အလုပ်မူ ဘောင်ချမှတ်ထားရသည်။ မိမိတို့၏စိတ်ကူးအကြံÓဏ်အတွေး အခေါ်အယူအဆကို ထိုမူဘောင်အတွင်း ထည့်သွင်းကျင့်သုံးရ သည်။ သို့မှသာ အလွန်ကိစ္စမြားမြောင်လှသည့် နိုင်ငံ့အရေးကို ဟန်ချက်ညီညီဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုသို့ယေဘုယျမူ ဘောင်မရှိဘဲ မိမိစိတ်ကူးအကြံÓဏ်အတွေးအခေါ် အယူအ ဆအရဆောင်ရွက်ပါက သူတစ်မျိုး ငါတစ်ဖုံ သူတစ်လူငါတစ် မင်းဖြစ်ပြီး လုပ်ငန်း၏ဟန်ချက်သည်လည်းကောင်း၊ အဖွဲ့အ စည်း၏စုစည်းညီညွတ်မှုသည်လည်းကောင်းပျက်မည်။ ထိုအခါ မျိုးတွင် နိုင်ငံရေးသည် တိုးတက်မှုမရှိရုံမျှမက အောင်မြင်မှု လည်းရမည်မဟုတ်ပေ။
အများနှင့်စုပေါင်းဆောင်ရွက်ရသည့် နိုင်ငံရေးကိစ္စများတွင် ညှိနှိုင်းတိုင်ပင်ဆွေးနွေးဆောင်ရွက်ရေးသည် အရေးကြီးဆုံး ဖြစ်၏။ မိမိနိုင်ငံအတွင်းရေးကိစ္စများကိုမျှသာမက နိုင်ငံအချင်း ချင်း အရေးကိစ္စများကိုလည်း ညှိနှိုင်း တိုင်ပင်ဆွေးနွေးဆောင် ရွက်ခြင်းသည်သာ လူ့အသက်အိုးအိမ်စည်းစိမ်တို့ကို ထိခိုက်မှု မရှိစေဘဲ သိက္ခာရှိသောထိရောက်အောင်မြင်မှုကို ရစေနိုင်၏။ တစ်နိုင်ငံနှင့်တစ်နိုင်ငံထိပ်တိုက်ရင်ဆိုင်တွေ့ကြုံရသည့် ပဋိပက္ခ မှုကိုပင်ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဖြေရှင်းသည်ကသာ၍ကောင်း ၏။ လူသည် သတ္တလောကသားများတွင် အဆင့်အမြင့်ဆုံး၊ အ သိÓဏ်အရှိဆုံးသတ္တ၀ါဖြစ်၏။ အသိÓဏ်သည် လူနှင့် တိရစ္ဆာန် ကိုပိုင်းခြားပေးထားသည့် မဟာတံတိုင်းဖြစ်၏။ သို့ဖြစ်၍ လူ သည် မိမိတို့၏ပြဿနာများကိုဖြေရှင်းရာတွင် ဥာဏ်အားကို သာ အသုံးပြုအပ်၏။ ဤသို့ဆိုသဖြင့် အရာခပ်သိမ်းကို အခါ ခပ်သိမ်းဥာဏ်အားဖြင့်ချည်းဖြေရှင်းရမည်ဟုဆိုခြင်းမဟုတ်ပါ။ ဥာဏ်အားဖြင့် ဖြေရှင်းရမည့်ကိစ္စကို ဥာဏ်အားဖြင့်ဖြေရှင်း၍ ကာယအားဖြင့်ဖြေရှင်းရမည့်ကိစ္စကို ကာယအားဖြင့်ဖြေရှင်း ရမည်။
ကာယအားဖြင့် ပြဿနာကိုဖြေရှင်းသည်ကိုကား တိရစ္ဆာန် လည်းတတ်၏။ သို့သော် တိရစ္ဆာန်သည် ဥာဏ်စွမ်းအားကိုအ သုံးချနိုင်စွမ်းအားနည်းသောကြောင့် အရာခပ်သိမ်းကို အခါခပ် သိမ်းပင်ကာယစွမ်းအားဖြင့် ဖြေရှင်းသည်ကများ၏။ သို့ဖြစ်၍ တိရစ္ဆာန်လောကတွင် ခွန်အားသည် အမှန်တရားဖြစ်၏။ လူသည် အသိÓဏ်ရှိသောသတ္တ၀ါဖြစ်သောကြောင့် ကာယအားကိုအ သုံးပြုရမည့်ကိစ္စလား၊ ဥာဏ်အားကို အသုံးပြုရမည့်ကိစ္စလား ဆိုသည်ကိုခွဲခြားသိ၏။ ကာယအားအသုံးပြုရမည့်ကိစ္စတွင် ကာယအားဖြင့် ဖြေရှင်း၍ ဥာဏ်အားအသုံးပြုရမည့်ကိစ္စတွင် ဥာဏ်အားဖြင့် ဖြေရှင်း၏။ ပြဿနာကို ဥာဏ်အားဖြင့်ဖြေရှင်း တတ်ခြင်းသည် လူသား၏ ထူးခြားချက်ဖြစ်၏။ သို့ဖြစ်၍ လူ့ လောကတွင် အမှန်တရားသည် ခွန်အားဖြစ်၏။ အကယ်၍ အကြင်သူတစ်ယောက်သည် သို့မဟုတ် အကြင်လူ့အဖွဲ့အစည်း တစ်ဖွဲ့သည် ပြဿနာတစ်ရပ်ကို ဥာဏ်အားဖြင့် ဖြေရှင်း၍ရနိုင် ပါလျက် ဥာဏ်အားဖြင့်မဖြေရှင်းဘဲ ကာယအားဖြင့်သာ ဖြေရှင်း လို၏။ ဖြေလည်း ဖြေရှင်း၏။ ထိုသူ သို့မဟုတ် ထိုလူ့အဖွဲ့အ စည်းအဖို့ ခွန်အားသည် အမှန်တရားဖြစ်နေရာ ထိုလူ သို့မဟုတ် ထိုလူ့အဖွဲ့အစည်းသည်လည်း လူသားစစ်မဟုတ်တော့ဘဲ လူ့ တိရစ္ဆာန်သာဖြစ်နေပေလိမ့်မည်။
Source: YMG
Category: Politic & OP
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio