Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Health » ကွန်ပျူတာဖြင့်အလုပ်လုပ်သူတို့သည် မုန့်အချိုများကို အငမ်းမရစားသုံးတတ်

Related News

တရုတ်ရိုးရာ ဆေးဝါးထုတ်ကုန်များ စင်ကာပူတွင် လူကြိုက်များလာ
ဓာတ်မှန်ရိုက်စစ်ဆေးမှု ကြိမ်ဖန်များစွာပြုလုပ်ဖို့မလို
ဝန်ကြီးချုပ် ကလေးအဖေ
ပိုမိုကောင်းမွန်သော ကင်ဆာရောဂါကုသနည်းသစ် မိတ်ဆက်ပွဲထုတ်
မျက်စိဝေဒနာရှင်တို့အတွက် မျက်ကြည်လွှာအတု လာပြီ
ကြီးငယ်မရွေး စိတ်ကျရောဂါ ဖြစ်ပွားတတ်ဟုဆို
ဘီယာသောက်သော အမျိုးသမီးများသတိထား အရေပြားရောဂါ ဖြစ်ပွားနိုင်

Archive News

Local news
မဲဇာချောင်းရေတိုက်စားမှုနှင့် မြေပြိုကျခြင်းကြောင့် လမ်းမကြီးအချို့ပျက်စီး

World & Asia
ဖမ်းဆီးထားသော အမေရိကန်လူမျိုးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့

Entertainment & Life Style
ရဲတိုက်နှင့် လိုတိုဗျူး

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Politics & OP/View
ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)

Perspective
ခေါင်းတစ်လုံးထက် ခေါင်းနှစ်လုံးပူးပေါင်းစဉ်းစားခြင်းက ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ကိုချမှတ်နိုင်

ကွန်ပျူတာဖြင့်အလုပ်လုပ်သူတို့သည် မုန့်အချိုများကို အငမ်းမရစားသုံးတတ်

ကွန်ပျူတာဖြင့်အလုပ်လုပ်ကိုင်သူများသည် ချောကလက်ကိတ် နှင့် ဘီစကွတ်ကဲ့သို့သော မုန့်အချိုများစားသောက်ချင်သောအာသီသကို ဖြစ်ပေါ်စေပြီး ကိုယ်ကာယလေ့ကျင့်ခန်းကင်းမဲ့၍ လူကိုဝဖြိုးစေသည်ဟု ဆိုသည်။ သုတေသနပညာရှင်တို့၏ ဖော်ပြချက်အရ ထိုသို့ အချိုစားချင် သော အာသီသသည် ကွန်ပျူတာဖန်သားပြင်ကိုစိုက်ကြည့်နေရာမှ ဖြစ် ပေါ်လာသောရလဒ်ဖြစ်သည်ဟု ဆိုသည်။
    ကွန်ပျူတာနှင့်အလုပ်လုပ်သူများသည် စိတ်ဖိစီးမှုကြောင့် သွေး တွင်းရှိ အချိုဓာတ်နှင့် ဟော်မုန်းပမာဏကို ပြောင်းလဲစေပြီး ဦးနှောက် အား ကုန်ဆုံးသွားသောကယ်လိုရီနေရာတွင် အစားထိုးစေရန် လှည့်စားခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။
    ကွန်ပျူတာဂိမ်းကစားခြင်းနှင့် ရုပ်မြင်သံကြားကြည့်ရှုခြင်းတွင် လည်း အလားတူသက်ရောက်မှုမျိုးရှိသည်ဟု စတော့ဟုမ်းတွင်ပြုလုပ် သော အ၀လွန်ခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံတွင် ပြောကြားခဲ့သည်ဟု သိရသည်။
    သုတေသနပညာရှင် ဂျင်းဖီးလစ်ချာပွတ်ကမူ ရုံးဝန်ထမ်းများ အနေဖြင့် မိမိ၏ခန္ဓာကိုယ်အား ၀ဖြိုးစေလိုခြင်းမရှိပါက ကွန်ပျူတာဖန်သား ပြင်ကြည့်ရှုခြင်းမှ မကြာခဏ ရပ်နားပေးသင့်သည်ဟု အကြံပြုခဲ့သည်။ ကိုပင်ဟေဂင်တက္ကသိုလ်မှ ဒေါက်တာချာပွတ်သည် ရုံးဝန်ထမ်းများ ကွန် ပျူတာအသုံးပြုရင်း မကြာခဏ ချောကလက်ဘီစကွတ်များစားသုံးတတ် သည်ကို သတိပြုမိရာမှစတင်၍ သုတေသနပြုခဲ့ခြင်းဖြစ်သည်။ ကွန်ပျူတာ အသုံးပြုသူတို့သည် အခြားသူများထက် ကယ်လိုရီသုံးဆ ပိုမိုဆုံးရှုံးသည့် အတွက် အခြားသူများထက်လည်း ပိုမို၍ အစားကိုစားသုံးကြောင်း တွေ့ရှိရ သည်။
    စမ်းသပ်မှုအရ ကွန်ပျူတာဖြင့်အလုပ်လုပ်သူများတွင် သွေးတွင်း အချိုပမာဏအတက်အကျကြမ်း၍ ဆာလောင်သောဟော်မုန်းများ ပိုမိုတိုး ပွားလာကာ အစားအစာကို တ၀တပြဲစားသုံးကြောင်း တွေ့ရှိခဲ့ရသည်။ ကွန်ပျူတာနှင့်အလုပ်လုပ်ခြင်းက လှုပ်ရှားမှုနည်း၍ စားချင်သောက်ချင် စိတ်ကို ပိုမိုဖြစ်ပေါ်စေသည့်အတွက် သာမန်ထက် နှစ်ဆ၀ဖြိုးစေဖွယ်ရှိ သည်ဟု ဆိုသည်။ ထို့အတွက် ကွန်ပျူတာဖြင့်အလုပ်လုပ်သူများမှာ ကွန် ပျူတာဖန်သားပြင်ကြည့်ရှုခြင်းမှ မကြာခဏရပ်နား၍ ကိုယ်ကာယလေ့ကျင့် ခန်းပြုလုပ်ခြင်းကို ပြုသင့်သည်ဟု ဒေါက်တာချာပွတ်က အကြံပြုခဲ့ကြောင်း သိရသည်။
Source: YMG
Category: Health
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio