Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Local News » စအိုပေါက်မပါသည့် ကလေးတစ်ဦး အကူအညီလိုအပ်နေ

Related News

မဲဇာချောင်းရေတိုက်စားမှုနှင့် မြေပြိုကျခြင်းကြောင့် လမ်းမကြီးအချို့ပျက်စီး
ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု ခုနစ်လအတွင်းမြင့်တက် ပိုမိုဝင်ရောက်လာရေး ဗီဇာစနစ်ပေါ် မူတည်
မြန်မာ့ပထမဆုံးအနုပညာရွာ(ပန်းပုရွာ) ယခုနှစ်ကုန် အပြီးတည်ထောင်မည်
သစ်လုံးတင်ယာဉ်ကြီးများ ၂၂ တန်ထက်ပိုမတင်ရ
ကိုရီးယားမင်းသမီး လီဟားနား မြန်မာပြည်လာမည်
နိုင်ငံတကာရေနံကုမ္ပဏီကြီးများတွင် တာဝန်ထမ်းဆောင်ရန် မြန်မာလုပ်သားများကို UNITEAM MARINE က သုံးနှစ်ကြာ သင်တန်းပေးရန်စီစဉ်
သီရိမင်္ဂလာဈေးသစ်ကြီးတွင် ယာဉ်ဝင်ခကောက်ခံခြင်းအပါအ၀င် လုပ်ငန်းကြီးသုံးခုကို စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးမည်

Archive News

World & Asia
ဖမ်းဆီးထားသော အမေရိကန်လူမျိုးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့

Entertainment & Life Style
ရဲတိုက်နှင့် လိုတိုဗျူး

Health
တရုတ်ရိုးရာ ဆေးဝါးထုတ်ကုန်များ စင်ကာပူတွင် လူကြိုက်များလာ

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Politics & OP/View
ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)

Perspective
ခေါင်းတစ်လုံးထက် ခေါင်းနှစ်လုံးပူးပေါင်းစဉ်းစားခြင်းက ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ကိုချမှတ်နိုင်

စအိုပေါက်မပါသည့် ကလေးတစ်ဦး အကူအညီလိုအပ်နေ

ကလေး၊ ဇူလိုင် ၂၃- စအိုပေါက်မပါသည့်ကလေးတစ်ဦး စေတနာရှင်များ၏အကူ အညီကို လိုအပ်နေကြောင်း သိရသည်။
    ကလေးမြို့၏မြောက်ဘက် ၁၄မိုင်ခန့်အကွာတွင်တည်ရှိသော လက်ပံချောင်း စံပြကျေးရွာနေ အဖဦးငွန်တောင်းလိန်နှင့် အမိဒေါ်ဆွီးခင်တောင်းတို့မှ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ ၄ရက်တွင် သားလေးတစ်ဦးမွေးဖွားခဲ့ပြီး အဆိုပါကလေးသည် စအိုပေါက် မပါသဖြင့် ကလေး ပြည်သူ့ဆေးရုံ၌သွားရောက်ဆေးကုသရာ ဆေးရုံမှဆရာဝန်များက ကလေး၏ဗိုက်ကိုအပေါက်ဖောက်ပြီး အူမကြီးထုတ်ကာ မစင်သွားစေခဲ့သည်။
    ၂၀၀၉ခုနှစ် သြဂုတ် ၅ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ထိုကလေး၏ စအိုပေါက်ကို အောင်မြင်စွာ ခွဲစိတ်အပေါက်ဖောက်ပေးနိုင်ခဲ့သည်။ ယခုအခါ ကလေး ဗိုက်မှဖောက်၍ထုတ်ထားသော အူမကြီးကို ဗိုက်ထဲပြန်ထည့်ပြီး ပုံမှန်အတိုင်းဖောက်ထား သည့် စအိုပေါက်နှင့်ဆက်သွယ်ရန်အတွက် ကလေးအားနည်းနေသေး၍ မဆောင်ရွက် နိုင်သေးဟု ဆိုသည်။
    ကလေးအား အာဟာရရှိသောအစားအစာများကျွေးရန် ဆရာဝန်များက ညွှန်ကြားထားသော်လည်း မိဘများမှာ ငွေရေးကြေးရေးတတ်နိုင်မှုမရှိ၍ ရှိသလောက် ဖြင့် ကျွေးမွေးပြုစုထားသည်။ ကလေးဆေးကုသမှုစရိတ်လည်း လိုအပ်နေရာ စေတနာ ရှင်များအနေဖြင့် ဦးငွန်တောင်းလိန်+ဒေါ်ဆွီးခင်တောင်း ဖုန်း- (တစ်ဆင့်) ၀၇၃-၂၂၀၀၇ သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။
Source: YMG
Category: Local News
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio