ရန်ကုန်၊ ဇူလိုင် ၂၂- မြန်မာနိုင်ငံတွင် ပထမ ဆုံးအဖြစ် ရုပ်ရှင်ရုံတွဲဖက်ပါရှိသည့် ရှော့ပင်း မောလ်ကို လာမည့်သြဂုတ်လ၌ဖွင့်လှစ်မည် ဟုသိရှိရသည်။ ယခုကဲ့သို့ ရုပ်ရှင်ရုံတွဲဖက်ပါရှိ သည့် ရှော့ပင်းမောလ်မျိုး မြန်မာနိုင်ငံတွင် ယခင်က မရှိခဲ့ဖူးကြောင်းသိရပြီး မကြာမီ ဖွင့်လှစ်မည့် မော်တင်တာဝါတွင် ရုပ်ရှင်ရုံ၊ ရှော့ပင်းမောလ်နှင့် လက်လီဈေးကြီးအပြင် အဆင့်မြင့်လူနေတိုက်ခန်းများလည်း ပါဝင် သည်။ ''ဒီမှာ လာရောက်နေထိုင်မယ့် သူတွေကို အဆင့်အတန်းမြင့်မြင့်နဲ့ တစ်နေ ရာတည်းမှာ အကုန်ရှိစေချင်တဲ့ ရည်ရွယ် ချက်နဲ့ပါ။ ဈေးဝယ်တာကအစ၊ နောက်ဆုံး ရုပ်ရှင်ပါကြည့်ချင်တယ်ဆိုရင် မြို့ထဲသွား စရာမလိုဘဲ အောက်ထပ်ရှော့ပင်းမောလ် မှာ ဆင်းကြည့်ရုံပဲလေ''ဟု ရွှေတောင် Development Co.,Ltd. မှ တာဝန်ရှိသူမဆွေ ဆွေလှိုင်က ရှင်းပြသည်။ အဆင့်မြင့်ဈေးကြီးအဖြစ် တည် ဆောက်ထားသော မော်တင်ဈေးတွင် သြ ဂုတ်လဆန်းမှစတင်၍ ယခင်ဈေးဆိုင်ခန်း များကို ပြန်လည်နေရာချထားပေးသွားမည် ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်စည်ပင်ရုံး မှ အဆင့်မြင့်အရာရှိတစ်ဦးထံမှသိရသည်။ အဆိုပါဈေးတွင် ယခင်ဈေး၌ ရောင်းဝယ်ဖောက်ကားခဲ့သည့် ဆိုင်ခန်း ၅၀၄ခန်းကို မြို့တော်စည်ပင်မှ သတ်မှတ် ထားသောစည်းကမ်းချက်များနှင့်အညီ ဆိုင် ခန်းပိုင်ရှင်များအား မဲနှိုက်၍ ပြန်လည်နေ ရာပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ''ဆိုင်ခန်းတွေအတွက် ဘာအ ခွန်အခမှမပေးရဘဲနဲ့ ပြန်ပြီးနေရာချထား ပေးမှာပါ။ ဈေးသူဈေးသားတွေအတွက် ပိုပြီး အဆင့်မြင့်တဲ့ဈေးကြီးမှာ ရောင်းချခွင့်ရသွား မှာဆိုတော့ အရင်ကထက် ရောင်းဝယ် ဖောက်ကားမှုပိုကောင်းလာမယ်။ အောက် ဆုံးထပ်တစ်ထပ်လုံးကို သူတို့မဲနှိုက်လို့ကျတဲ့ နေရာအတိုင်း ပေးသွားမှာပါ''ဟု အဆိုပါ ပုဂ္ဂိုလ်က ရှင်းပြသည်။ အဆိုပါ နိုင်ငံတကာအဆင့်မီ တာဝါကြီးတွင် အထပ်ပေါင်း၁၈ထပ်ဖြင့် တည်ဆောက်ထားပြီး အောက်ဆုံးထပ်တွင် လက်လီမော်တင်ဈေး ပါဝင်မည်ဖြစ်သည်။ လူနေတိုက်ခန်းများကို ခြောက်ထပ်မှအပေါ် ဆုံးထပ် ၁၈လွှာအထိ သတ်မှတ်ထားသည်။ ယင်းအခန်းများကို ကြိုပွိုင့်စနစ်ဖြင့်ရောင်း ချမှု ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ယင်းတာဝါတွင် အထပ်တစ် ထပ်တိုင်း အဆင့်မြင့်ခန်း ခြောက်ခန်းပါဝင် ကာ စုစုပေါင်းလူနေတိုက်ခန်း ၁၃၅ခန်း ဖြစ်ကြောင်း၊ တာဝါအေနှင့် ဘီခွဲခြားသတ် မှတ်ထားပြီး တာဝါတစ်ခုစီတိုင်းတွင် ဓာတ် လှေကား နှစ်စင်းပါဝင်သည်ဟု သိရသည်။ ယင်းမော်တင်ဈေးကြီးကို ယခင် က ရန်ကုန်မြို့တော်စည်ပင်၏ သတ်မှတ် ချက်အရ (ဂ)အဆင့်သတ်မှတ်ထားပြီး ယခုအခါ အဆင့်မြင့်ဈေးကြီးတည်ဆောက် ပြီးစီးပြီဖြစ်၍ (က)အဆင့် ပြန်လည်သတ် မှတ်ထားသည်ဟု သိရသည်။ ''ဈေးကြီးကို စည်ပင်နဲ့အကျိုး တူပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီဆောင် ရွက်နိုင်ခဲ့လို့ ၀မ်းသာတယ်။ အဓိကဈေး ကြီးတစ်ဈေးမှာ လိုအပ်တဲ့အရာတွေနဲ့ ရာသီ မရွေးရောင်းဝယ်ဖောက်ကားလို့ အဆင်ပြေ အောင် ထည့်သွင်းတည်ဆောက်ပေးထား ပါတယ်''ဟု ရွှေတောင်ီနလနူသစာနညအ ဃသ.ယူအိ. မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းသို့ အဆင့်မြင့်ဈေးကြီးကို ၂၀၀၀ပြည့်နှစ်မှ စတင်ဖြိုဖျက်ပြီး အသစ် ပြန်လည်ဆောက်လုပ်ခဲ့ကြောင်း ဈေးအောက် ဆုံးထပ်တွင် မီးဘေးအန္တရာယ်ကြိုတင် သည့်စနစ်များ၊ လေ၀င်လေထွက်ကောင်း စေခြင်း၊ အလင်းရောင်ကောင်းမွန်စွာရရှိ စေခြင်း အစရှိသည့်အင်္ဂါရပ်များနှင့်အညီ တည်ဆောက်ထားသည်ဟု သိရသည်။ ယင်းနိုင်ငံတကာအဆင့်မီ တည် ဆောက်ထားသောတာဝါကြီးကို ရန်ကုန် မြို့တော်စည်ပင်သာယာနှင့် ရွှေတောင် ဆောက်လုပ်ရေးလုပ်ငန်းတို့ အကျိုးတူပူး ပေါင်း ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ယင်းတာဝါအပေါ်ဆုံးထပ်၌ လုံးချင်းအခန်း များ တည်ဆောက်ထားပြီး လူနေခန်းများ အဖြစ် ရောင်းချထားကြောင်း သိရသည်။ ''အောက်ထပ်တွေက ပြီးစီးနေပါ ပြီ။ အပေါ်ဆုံးထပ်တွေက ပိုပြီးလုံခြုံအောင် လက်ကျန်လေးတွေဖြတ်နေရတော့ နည်း နည်းအချိန်လင့်သွားတယ်။ အောက်က ဈေး ပြန်ဖွင့်မှာဆိုတော့ အရမ်း Safety လုပ် ထားပါတယ်''ဟု အနောက်ပိုင်းခရိုင်မှ တာ ၀န်ရှိသူက ထပ်မံပြောသည်။ ယင်းမော်တင်ဈေးကြီးတွင် အဓိကအနေဖြင့် ဆန်၊ ဆီ၊ ကုန်ခြောက်၊ သား၊ ငါး၊ အ၀တ်အထည်၊ အစရှိသည်တို့ ကို ရောင်းဝယ်ဖောက်ကားနေသော လက် ကားဈေးကြီးဖြစ်ကြောင်းသိရသည်။
|