Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Local News » မန္တလေးနှင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ ဘုရားဖူးများ ဗုဒ္ဓဂယာသို့ တိုက်ရိုက်သွားနိုင်ပြီ

Related News

မဲဇာချောင်းရေတိုက်စားမှုနှင့် မြေပြိုကျခြင်းကြောင့် လမ်းမကြီးအချို့ပျက်စီး
ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု ခုနစ်လအတွင်းမြင့်တက် ပိုမိုဝင်ရောက်လာရေး ဗီဇာစနစ်ပေါ် မူတည်
မြန်မာ့ပထမဆုံးအနုပညာရွာ(ပန်းပုရွာ) ယခုနှစ်ကုန် အပြီးတည်ထောင်မည်
သစ်လုံးတင်ယာဉ်ကြီးများ ၂၂ တန်ထက်ပိုမတင်ရ
ကိုရီးယားမင်းသမီး လီဟားနား မြန်မာပြည်လာမည်
နိုင်ငံတကာရေနံကုမ္ပဏီကြီးများတွင် တာဝန်ထမ်းဆောင်ရန် မြန်မာလုပ်သားများကို UNITEAM MARINE က သုံးနှစ်ကြာ သင်တန်းပေးရန်စီစဉ်
သီရိမင်္ဂလာဈေးသစ်ကြီးတွင် ယာဉ်ဝင်ခကောက်ခံခြင်းအပါအ၀င် လုပ်ငန်းကြီးသုံးခုကို စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးမည်

Archive News

World & Asia
ဖမ်းဆီးထားသော အမေရိကန်လူမျိုးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့

Entertainment & Life Style
ရဲတိုက်နှင့် လိုတိုဗျူး

Health
တရုတ်ရိုးရာ ဆေးဝါးထုတ်ကုန်များ စင်ကာပူတွင် လူကြိုက်များလာ

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Politics & OP/View
ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)

Perspective
ခေါင်းတစ်လုံးထက် ခေါင်းနှစ်လုံးပူးပေါင်းစဉ်းစားခြင်းက ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ကိုချမှတ်နိုင်

မန္တလေးနှင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ ဘုရားဖူးများ ဗုဒ္ဓဂယာသို့ တိုက်ရိုက်သွားနိုင်ပြီ

ရန်ကုန်၊ ဇူလိုင် ၁၉- ဗုဒ္ဓဂယာသွားလိုသော မန္တလေးနှင့် မြန်မာပြည်အထက်ပိုင်းမှ ဘုရားဖူးများအနေဖြင့် ရန်ကုန်သို့ လာ ရောက်ရန်မလိုဘဲ မန္တလေးမှတစ်ဆင့် ဗုဒ္ဓ ဂယာသို့ တိုက်ရိုက်သွားရောက်ဖူးမြော်နိုင် ပြီဖြစ်ကြောင်း သိရသည်။
    အဆိုပါ မန္တလေး-ဗုဒ္ဓဂယာတိုက် ရိုက်ခရီးစဉ်အား တိုးမဟာ ဘုရားဖူးလုပ် ငန်းနှင့် Air-Bagan လေကြောင်းလိုင်းတို့ ပူးပေါင်း၍ဆောင်ရွက်ခြင်းဖြစ်ကာ ယင်း ခရီးစဉ်အား ၂၀၁၀ အောက်တိုဘာ ၆ ရက်မှစ၍ နှစ်ပတ်တစ်ကြိမ် ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။
    ''ရန်ကုန်-ဗုဒ္ဓဂယာ ခရီးစဉ် တွေကိုတော့ MAI နဲ့ အိန္ဒိယအဲလိုင်းစတဲ့ လေကြောင်းလိုင်းတွေကနေ ပြေးဆွဲပေး နေတာရှိပါတယ်။ မန္တလေး-ဗုဒ္ဓဂယာ  တိုက်ရိုက်ခရီးစဉ်ကိုတော့ Air-Bagan လေယာဉှ်S-100 နဲ့စပြီး ပြေးဆွဲပေးမှာပါ။ ဒီမန္တလေး-ဗုဒ္ဓဂယာ တိုက်ရိုက်ခရီးစဉ်ဆို တာအရင်က မရှိဖူးသေးပါဘူး။ ဒီခရီးစဉ်က မြန်မာပြည်(အထက်ပိုင်း)က ဘုရားဖူးတွေ အတွက်အထူးစီစဉ်လိုက်တဲ့ ခရီးစဉ်ဖြစ်ပါ တယ်။ မြန်မာပြည်(အထက်ပိုင်း)က ဘုရား ဖူးသွားလိုတဲ့သူတွေဟာ ရန်ကုန်ကနေ တစ်ဆင့်လာပြီးမှ သွားနေရတာတွေကြောင့် အချိန်ရော ငွေပါ ပိုကုန်တာတွေ ရှိနေ တော့ အဲဒီလိုဘုရားဖူးတွေ အဆင်ပြေ အောင်လို့ စီစဉ်ခဲ့တာပါ''ဟု တိုးမဟာ ဘုရားဖူးလုပ်ငန်းမှတာဝန်ရှိသူ ဦးမောင် မောင်အေးက ပြောသည်။
    အဆိုပါ ခရီးစဉ်မှာ ၁၄ရက် ခရီးစဉ်ဖြစ်ကာ ကုန်ကျစရိတ်မှာ ရန်ကုန်-ဗုဒ္ဓဂယာ ခရီးစဉ်အတိုင်းပင်ဖြစ်ကြောင်း၊ ခရီးစဉ်မှာ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကချင်၊ ချင်း စသည်တို့မှ ဘုရားဖူးများအတွက်များစွာ အဆင်ပြေစေမည်ဖြစ်ကြောင်း သိရသည်။
    ယင်းမန္တလေး-ဗုဒ္ဓဂယာ  တိုက် ရိုက်ခရီးစဉ်တွင် မန္တလေးမှ  ဗုဒ္ဓဂယာ- မိဂဒါဝုန်-သံဝေဇနိယ လေးဌာန- တပ် မဟာ-နယူးဒေလီ-သာဝတ္ထိ-နီပေါ- လုံမနီ-အိန္ဒိယ-ကုသိနာရုံ-ဝေသာလီ-ပတ္တနား-ရာဇဂြိုဟ်-ဗုဒ္ဓဂယာ-မန္တလေးစသည့် နေရာစုံ ပါဝင်ကာ နှစ်ပတ်တစ်ကြိမ်ဗုဒ္ဓဟူးနေ့တိုင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ ဗုဒ္ဓဂယာ သို့ ဘုရားဖူးအသွားများသော ရာသီအချိန် မှာ အောက်တိုဘာလဆန်းမှ ဧပြီလကုန် အထိဖြစ်ကြောင်း သိရသည်။
Source: YMG
Category: Local News
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio