Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Political Time » တိုင်းရင်းသားပါတီအချို့သာ ကော်မရှင်သို့ သတ်မှတ်ပါတီဝင်ဦးရေစာရင်း တင်ပြနိုင်သေး

Related News

ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)
ကျွန်ုပ်တို့၏ရန်ကုန်(၁) -ဦးကြင်နာ
စနစ်အပြောင်းအလဲတစ်ခုမှာ ကိုယ်တိုင်ပါဝင် မဲထည့်ရတဲ့ ကြည်နူးမှုကို ခံစားကြပါ - နိုင်ငွေသိန်း+ဒေါက်တာမင်းနွယ်စိုး
အသက်(၂၀)အရွယ် တက္ကသိုလ်ကျောင်းသား သြစတြေးလျရွေးကောက်ပွဲတွင် အငယ်ဆုံးပါလီမန်အဖွဲ့ဝင်ဖြစ်လာနိုင်
(၇၁)နှစ်ပြည့် ဒုတိယကမ္ဘာစစ်အား အသစ်အမြင်ဖြင့် ပြန်ကြည့်ခြင်း
လှချင်သူတွေ လှပါစေ
ပန်းတိုင်ကို ဘာကြောင့် မရောက်ခဲ့သနည်း -မောင်ဝံသ

Archive News

Local news
မိုဘိုင်းစာအုပ်အရောင်းဆိုင်များ စတင်တည်ထောင် မြန်မာနိုင်ငံအနှံ့ လှည့်လည်ရောင်းချမည်ဟုဆို

World & Asia
အောက်စ်ဖို့ဒ် အွန်လိုင်းအဘိဓာန်က ပုံနှိပ်အဘိဓာန်ကို ရပ်တန့်ဖယ်ရှားပစ်ဖွယ်ရှိ

Entertainment & Life Style
ကိုယ်က အနုပညာသမားဆိုတော့ ပြောင်းလဲလာတဲ့ ကာရိုက်တာပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ရတာပေါ့ -မေသန်းနု

Health
စင်ကာပူမှ ဆရာဝန်ပေါက်စများ ကိုယ်ပိုင်ဆေးခန်းမထောင်ကြတော့ဘဲ အုပ်စုဖွဲ့ကုသသော ဆေးခန်းများသို့ ၀င်ရောက်လုပ်ကိုင်လာကြ

Politics & OP/View
အိုဘားမား၏ သမ္မတခရီးလမ်းက အမေရိက၏ လူမျိုးရေးအစွဲလွန်ကာလသို့ ရောက်ရှိလာစေဟုဆို

Perspective
ဒီတစ်ပတ်တော့ ကြက်သွန်ဖြူဥတစ်လုံးအမြိတ်တက်နဲ့ ပန်းပွင့်ပုံဖော်နည်းကိုတင်ပြမှာဖြစ်ပါတယ်။

တိုင်းရင်းသားပါတီအချို့သာ ကော်မရှင်သို့ သတ်မှတ်ပါတီဝင်ဦးရေစာရင်း တင်ပြနိုင်သေး

ရန်ကုန်၊ ဇူလိုင် ၂၁- လာမည့်ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသည့် နိုင်ငံရေးပါတီများအနေဖြင့် ကော်မ ရှင်မှ သတ်မှတ်ထားသည့် ပါတီဝင်ဦးရေ ပြည့်မီစေရန် စည်းရုံးရာတွင် အခက်အခဲတချို့ ကြုံနေရသည်ဟု နိုင်ငံရေးပါတီတချို့မှ ထိပ်ပိုင်းခေါင်းဆောင်များက ပြောသည်။
    ''ပါတီဝင်စည်းရုံးတဲ့နေရာမှာ ကျွန်တော် အစ ကတည်းက ဘိုကလေးမြို့နယ်ကိုပဲ အာရုံစိုက်ထား တယ်။ ရန်ကုန်မှာရှိတဲ့သူတွေက မ၀င်ကြဘူး။ ဒီမှာက  ၀န်ထမ်းများတယ်။ တချို့ကုမ္ပဏီတွေကလဲ ၀န်ထမ်း ခေါ်ရာမှာ ပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့ အချက် တွေပါတာ ကျွန်တော်တွေ့ထားတယ်။ ဒီတော့ လူတွေ က စိတ်ဝင်စားရင်တောင်မှ ပါတီဝင်ဖို့ စည်းရုံးလို့ မရ ဘူး။ ဘေးကနေ ထောက်ခံချင်ထောက်ခံမယ်၊  ပါတီ တော့ မ၀င်ပါရစေနဲ့ဆိုတာမျိုးဖြစ်လာနေတယ်။ အဲဒီ တော့ လူတွေက အကြောင်းမျိုးစုံနဲ့ ကြောက်စိတ်ဝင် ပြီး နိုင်ငံရေးပါတီ မ၀င်ကြဘူး။ အခုစည်းရုံးတဲ့အခါ ကြုံလာရတဲ့ အခက်အခဲက မြို့နဲ့တော ယှဉ်ရင်တော ဘက်က လူတွေက ပါတီဝင်ကြတယ်''ဟု မတူကွဲပြား ခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ အထွေထွေအတွင်းရေးမှူး ကိုနေမျိုးဝေက ပြောသည်။
    ပါတီအနေဖြင့် သတ်မှတ်ပါတီဝင်တစ်ထောင် စာရင်းကို ကော်မရှင်သို့ မကြာမီသွားရောက်တင်ပြ မည်ဟု သူက ဆက်လက်ပြောသည်။
    အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်မှ ဆက်သွယ်ရေးတာဝန်ခံ ဦးအုန်းလွင်ကလည်း ၎င်းင်းတို့ အနေဖြင့် ပါတီဝင်ဦးရေ တစ်ထောင်ပြည့်မီအောင် စည်းရုံးရာမှာ အခက်အခဲမရှိကြောင်း၊ ပါတီဆိုင်းဘုတ် တင်ရေး၊ ရုံးခန်းဖွင့်လှစ်ရေး စသည့်ကိစ္စများဖြင့် လုံး ပန်းနေရသောကြောင့် ကော်မရှင်သို့ ပါတီဝင်ဦးရေ သွားရောက်တင်ပြရန် အနည်းငယ်နောက်ကျနေခြင်း ဟု ပြောသည်။
    ပြည်ထောင်စု ဒီမိုကရေစီပါတီအနေဖြင့် ပါ တီဝင်တစ်ထောင်စာရင်းအတွက် စနစ်တကျ ပြုစုနေ တုန်းပင်ရှိကြောင်း ၎င်းင်းပါတီ၏ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံဦးဝင်းစိန်က ပြောသည်။
    ''အခက်အခဲကတော့ ယေဘုယျပြောရရင် ပြည်သူတွေက ပါတီနိုင်ငံရေးကို သိပ်မပတ်သက်ချင် ကြဘူး။ အဲဒီတော့ လုပ်ရကိုင်ရတာ နည်းနည်းအခက် အခဲရှိတယ်။ ဒီလောက်ပါပဲ''ဟု သူက ပြောသည်။
    ပြည်သူများအနေဖြင့် ပါတီဝင်ရန် တွန့်ဆုတ် နေသော်လည်း တချို့ကမူ ၎င်းင်းတို့ပါတီကို ထောက်ခံ သူအဖြစ် ၀န်းရံလိုသည့်ဆန္ဒရှိကြသည်ကို တွေ့ရှိရ ကြောင်း မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ၏ အထွေ ထွေအတွင်းရေးမှူး ဦးကောင်းထက် (ဝေမှူးသွင်)က ပြောသည်။
    ''လူတွေက ကြောက်တာတော့ ကြောက် ကြတာပေါ့။ ဒီမှာက မသိ နားမလည်မှုရယ်၊ ကြောက် တာရယ် ဖြစ်နေကြတာ။ ဒါပေမဲ့ လူတွေရဲ့ နိုင်ငံရေး အပေါ် စိတ်ဝင်စားမှုကတော့ အရင်က ထက်စာရင် တိုးတက်မှုရှိလာပါတယ်''ဟု  ဦးကောင်းထက်က ပြော သည်။
    နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူလူထု အတွင်းသို့ တရားဝင် စည်းရုံးမဲဆွယ်ခြင်းအချိန်လည်း မကျရောက်သဖြင့် လက်ရှိတွင်ပါတီ၏ ရေရှည်ရပ်တည် ရေး၊ ရန်ပုံငွေကိစ္စ အစရှိသည်တို့ကိုပါ ဦးစားပေး ဆောင်ရွက်နေကြရသည်ဟု ဦးအုန်းလွင်က ပြော သည်။
    ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်သို့ ပါတီဝင်အင်အား စာရင်းသွားရောက်ပြသ သည့် နိုင်ငံရေးပါတီအရေအတွက်မှာ နည်းနေသေးပြီး သွားရောက်ပြသသည့်ပါတီများမှာလဲ တိုင်းရင်းသားပါ တီများသာဖြစ်သည်ကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ  တွေ့ရှိရသည်။
    ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲကြီးကို ယခု ၂၀၁၀တွင် ကျင်းပပေးမည်ဟု နိုင်ငံတော် က ကြေညာထားသည်။
Source: YMG
Category: Political Time
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio