Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Political Time » တပ်မတော်အစိုးရကို ပူးပေါင်းသင့်တယ် - ဦးထွန်းအောင်ကျော်(ဥက္ကဋ္ဌ၊ ခေတ်သစ်ပြည်သူ့ပါတီ)နှင့် တွေ့ဆုံခြင်း

Related News

ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)
ကျွန်ုပ်တို့၏ရန်ကုန်(၁) -ဦးကြင်နာ
စနစ်အပြောင်းအလဲတစ်ခုမှာ ကိုယ်တိုင်ပါဝင် မဲထည့်ရတဲ့ ကြည်နူးမှုကို ခံစားကြပါ - နိုင်ငွေသိန်း+ဒေါက်တာမင်းနွယ်စိုး
အသက်(၂၀)အရွယ် တက္ကသိုလ်ကျောင်းသား သြစတြေးလျရွေးကောက်ပွဲတွင် အငယ်ဆုံးပါလီမန်အဖွဲ့ဝင်ဖြစ်လာနိုင်
(၇၁)နှစ်ပြည့် ဒုတိယကမ္ဘာစစ်အား အသစ်အမြင်ဖြင့် ပြန်ကြည့်ခြင်း
လှချင်သူတွေ လှပါစေ
ပန်းတိုင်ကို ဘာကြောင့် မရောက်ခဲ့သနည်း -မောင်ဝံသ

Archive News

Local news
မဲဇာချောင်းရေတိုက်စားမှုနှင့် မြေပြိုကျခြင်းကြောင့် လမ်းမကြီးအချို့ပျက်စီး

World & Asia
ဖမ်းဆီးထားသော အမေရိကန်လူမျိုးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့

Entertainment & Life Style
ရဲတိုက်နှင့် လိုတိုဗျူး

Health
တရုတ်ရိုးရာ ဆေးဝါးထုတ်ကုန်များ စင်ကာပူတွင် လူကြိုက်များလာ

Politics & OP/View
ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)

Perspective
ခေါင်းတစ်လုံးထက် ခေါင်းနှစ်လုံးပူးပေါင်းစဉ်းစားခြင်းက ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ကိုချမှတ်နိုင်

တပ်မတော်အစိုးရကို ပူးပေါင်းသင့်တယ် - ဦးထွန်းအောင်ကျော်(ဥက္ကဋ္ဌ၊ ခေတ်သစ်ပြည်သူ့ပါတီ)နှင့် တွေ့ဆုံခြင်း

ခေတ်သစ်ပြည်သူ့ပါတီသည် လာမည့် ရွေး ကောက်ပွဲသို့ ၀င်ရောက်ရန် ပြင်ဆင်နေသည့် နိုင်ငံရေး ပါတီတစ်ခုဖြစ်သည်။ ၎င်းပါတီ၏ ဥက္ကဋ္ဌဖြစ်သည့် ဦးထွန်းအောင်ကျော်အား ဖလားဝါးနယူးစ်ဂျာနယ်မှ တွေ့ဆုံမေးမြန်းထားသည်ကို ယခုတစ်ပတ်တွင် ဖော်ပြ ပါသည်။

မေး- ဘာကြောင့် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတာ ပါလဲ။
ဖြေ- ဒီမိုကရေစီ အခွင့်အရေးဖြစ်တာကြောင့် ၀င်သင့် တယ်။ အကြွင်းမဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ခံယူထား တာကြောင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီဖြစ်ပေါ်ရေးကို ခံယူတယ်။ နိုင်ငံရေးဆိုတာ ဖြစ်ချင်တာက မသင့်ဘူး။ ဖြစ်နိုင်ချေကစတင်ရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်စရာရှိရင် ဖြစ်စေ၊ တစ်ခုခုပြင်ဆင်ချင်ရင် ဖြစ်စေ ပေါ်ပေါက်လာမယ့် လွှတ်တော်ထဲမှာ ပြင်ဆင်ဖို့ နည်း လမ်းက ငြိမ်းချမ်းရေးလိုအပ်တယ်။ ဒါကြောင့်ဝင်ဖို့ ဆုံးဖြတ်တာ။
မေး- လွှတ်တော်သုံးရပ်လုံးမှာ ၀င်ပြိုင်ဖို့ ဘယ်လို ပြင်ဆင်ထားပါသလဲ။
ဖြေ- တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၀င်ပြိုင်သွားမှာပါ။
မေး- ပါတီတွေအနေနဲ့ အယူအဆမတူတာတွေရှိကြ တယ်။ ဒီလိုမတူညီမှုက အခုလို အခြေအနေမှာ တိုင်း ပြည်အတွက် အဖြေတစ်ခုရနိုင်ပါ့မလား။
ဖြေ- ပါတီစုံသဘောကိုက မူဝါဒမတူတဲ့လမ်းစဉ်တွေ မို့ မတူညီတဲ့ လမ်းစဉ်တွေ၊ မတူညီတဲ့ အယူအဆတွေ လွတ်လပ်စွာ သဘောမတူခွင့်ရှိတယ်။ အလုပ်တူညီ ညွတ်ရေးအရေးကြီးတယ်။ မူဝါဒအရ တူတာတွဲလုပ် မယ်။ မတူတဲ့ ပါတီတွေဟာ တစ်မျိုးသားလုံးအရေး၊ ပြည်သူ့အကျိုးစီးပွားတွေအတွက် တူတတ်ကြတယ်။ အဖြေတစ်ခုကို ရနိုင်မလားဆိုတာ ဘယ်အပေါ်မှာလဲ ဆိုတာ မူတည်တယ်။ တစ်စက္ကန့်ထဲမှာ အမေရိကန် တို့ ဂျပန်တို့ထက်သာတဲ့ဖွဲ့စည်းပုံကို ရချင်တယ်။ ဆန္ဒနဲ့ ဘ၀မတူနိုင်ဘူး။ အမှန်တရားကို ရှာဖွေရင် တကယ့် ဘ၀မှာ ရှာဖွေရမယ်။ ပြည်သူ့အကျိုးစီးပွားအတွက် ဘယ်အမြင်နဲ့ ရပ်မလဲဘဲ။
မေး- ခေတ်သစ်ပြည်သူ့ပါတီဆိုတဲ့အမည်နဲ့အညီ ပြည်သူတွေအပေါ်ထားတဲ့ ပါတီရဲ့ သဘောထားက ဘယ်လိုလဲ။
ဖြေ- ဒီမိုကရေစီရဲ့ ခေါင်းဆောင်ဟာ လူထုဖြစ်တယ်။ ပြည်သူကသာလျှင် ဆုံးဖြတ်နိုင်တယ်။ ပြည်သူလူထု ရဲ့ လွတ်လပ်မှုကို ဥပဒေအရ အကာအကွယ်ပေးရ မယ်။ ပုဂ္ဂလိကကဏ္ဍတွေ ဖွံ့ဖြိုးအောင် လုပ်ဆောင် ရမယ်။ ပြည်ပနိုင်ငံတွေနဲ့ နည်းပညာပူးပေါင်းဖို့လိုသလို ပြည်သူလူထုက ရွေးတဲ့ လူက တိုင်းပြည်ကို စီမံခန့်ခွဲ ရမယ်။
မေး- စီးပွားရေးနဲ့ နိုင်ငံရေးဟာ တွဲလျက်ရှိနေတယ် လို့ ပြောကြတယ်။ ဒီအပေါ်ဘယ်လိုထင်မြင်ယူဆ ချက်ပေးချင်လဲ။
ဖြေ- စီးပွားရေးက အဓိကကျတယ်။ လူ့ဘ၀ရဲ့ အသက်ရှင်သန်ရပ်တည်ရေးမှာ စီးပွားရေးဟာ အလွန် အရေးပါတယ်။ ဒီလိုပဲ ဒီမိုကရေစီထူထောင်ဖို့အတွက် စီးပွားရေးဟာ အခြေခံအကျဆုံးပဲ။ အပေါ်ထပ်နိုင်ငံ ရေးကြောင့် ကွဲခဲ့တဲ့ အရှေ့ဥရောပနိုင်ငံတွေဟာ သွေး ချောင်းစီးခဲ့တယ်။ အခြေခံစီးပွားရေးခြေကုပ်မြဲအောင် မလုပ်ဘဲ နိုင်ငံရေးလွတ်လပ်ရေးလွှတ်ပေးလို့ဖြစ်ရတာ ပဲ။ ပထမကမ္ဘာစစ်မှာ ဂျပန်တွေ စစ်ရှုံးတော့ စစ်နိုင် တဲ့ နိုင်ငံတွေက နယ်မြေတွေ ခွဲယူကြတယ်။ စစ်လျော် ကြေးတောင်းကြတယ်။ ဒီအမျိုးသားရေးနာကြည်း ချက်ဟာ ဟစ်တလာကို မွေးပေးခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်တယ်။ ဂျပန်၊ ဂျာမနီစစ်ရှုံးတယ်။ အမေ ရိကန်က မာရှယ်စီမံကိန်းနဲ့ စီးပွားရေးထူထောင်ပေး တယ်။ စစ်ရှုံးနိုင်ငံတွေဟာ အာဏာရှင်စနစ်နိုင်ငံဆီ ပြန်မသွားတော့ဘဲ အရင်းရှင်ဒီမိုကရေစီသွားခဲ့ကြ တယ်။
မေး- အန်ကယ်ကရော ဘယ်လိုစီးပွားရေးစနစ်ကို ယုံကြည်ပါလဲ။
ဖြေ- စက်မှုအရင်းရှင်စနစ်မှာ လူသားဟာ သဘာဝ တရားကို အောင်နိုင်သွားတယ်။ အရင်းရှင်စနစ်ကို ပြည့်ပြည့်စုံစုံမတည်ဆောက်ဘဲ ဖြတ်လမ်းက လိုက်သူ တွေ ကျဆုံးကြတယ်။ တပ်မတော်အစိုးရကို ပူးပေါင်း သင့်တယ်။ ဂျပန်ဘာကြောင့် ဆိုရှယ်လစ်မဖြစ်ခဲ့လဲ။ မြေရှင်တစ်ပိုင်း အရင်းရှင်စနစ်လား။ ဘယ်လိုစနစ်မျိုး ထူထောင်မလဲ။ အင်္ဂလိပ်တို့၊ အမေရိကန်တို့ အရင်းရှင် စနစ်က မြေကို ပုဂ္ဂလိကပိုင်ပေးထားတယ်။ တရုတ်က မြေကို နိုင်ငံပိုင်၊ မြေကြီးကို လူ့အဖွဲ့အစည်းပိုင်လုပ်ပြီး လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးဖို့ ဒီနေ့ ပါတီထူထောင်တယ်။
မေး- မြေကြီးကို လူ့အဖွဲ့အစည်းပိုင်လုပ်ပြီး လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးမယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ လူဦးရေသန်း ၆၀ လောက်မှာ ၇၀ရာခိုင်နှုန်းလောက်က လယ် သမားတွေဖြစ်နေတယ်။ အဲဒီလယ်သမားတွေရဲ့ လယ် မြေတွေဟာ မညီမညာရှိနေတာပါ။ ဒါကို လယ်ယာ မြေပြုပြင်ပြောင်းလဲရေးလုပ်ဖို့တောင် အတော်ခက်ခဲ နေဆဲဖြစ်နေပြီး မြေယာကို လူ့အဖွဲ့အစည်းပိုင်လုပ် မယ်ဆိုတော့ အန်ကယ်တို့ ပါတီမှာ စီးပွားရေးဆိုင်ရာ လယ်မြေဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်တွေ တော်တော်ရှိနေပြီလို့ ဆိုလိုတာလား။
ဖြေ- ပညာရှင်က ပေါ်လစီကို ဦးမဆောင်နိုင်ဘူး။ အလုပ်တူညီညွတ်မှုကပဲ စရမယ်။ မူဝါဒတွေ၊ စံတွေ ရှိသေးတယ်။ အဲဒီအခွင့်အရေးကို ဆုံးရှုံးအောင် လုပ် တာကို လက်မခံဘူး။ ပြည်သူလူထုခန့်အပ်ထားတဲ့သူ က မြေယာကို ခန့်ခွဲတာ။
Source: YMG
Category: Political Time
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio