Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » World and Asia » မလေးရှားရဲတပ်ဖွဲ့က ကုန်လှောင်ရုံတစ်ခုအား ၀င်ရောက်စီးနင်းရာ ရှားပါးငှက်များနှင့် တောရိုင်းတိရစ္ဆာန် အမြောက်အမြားတွေ့ရှိ

Related News

အောက်စ်ဖို့ဒ် အွန်လိုင်းအဘိဓာန်က ပုံနှိပ်အဘိဓာန်ကို ရပ်တန့်ဖယ်ရှားပစ်ဖွယ်ရှိ
နိုင်ငံခြားသားလုပ်သားဝင်ရောက်မှု ၈၀၀၀၀ ခန့်အထိရောက်ရန် လုပ်ဆောင်သွားမည်ဟု လီရှန်လွန်းပြောကြား
အမေရိကန်တပ်ဖွဲ့ဝင်များ အီရတ်မှလျှော့ချရုပ်သိမ်းနေစဉ်အတွင်း မပြီးပြတ်သေးသောစီမံကိန်းများ ရာချီရှိနေ
ခရီးဆောင်အိတ်ထဲ ကျားသားပေါက်ဝှက်ယူလာသော အမျိုးသမီးတစ်ဦးအား ထိုင်းလေဆိပ်တွင် ဖမ်းမိခဲ့
ဖမ်းဆီးထားသော အမေရိကန်လူမျိုးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့
ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံသံတမန်အရေးပြန်လည်ဆက်သွယ်တော့မည်
မြောက်ကိုရီးယား တိုက်လေယာဉ်တစ်စင်း တရုတ်နိုင်ငံအတွင်း ပျက်ကျ

Archive News

Local news
မိုဘိုင်းစာအုပ်အရောင်းဆိုင်များ စတင်တည်ထောင် မြန်မာနိုင်ငံအနှံ့ လှည့်လည်ရောင်းချမည်ဟုဆို

Entertainment & Life Style
ကိုယ်က အနုပညာသမားဆိုတော့ ပြောင်းလဲလာတဲ့ ကာရိုက်တာပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ရတာပေါ့ -မေသန်းနု

Health
စင်ကာပူမှ ဆရာဝန်ပေါက်စများ ကိုယ်ပိုင်ဆေးခန်းမထောင်ကြတော့ဘဲ အုပ်စုဖွဲ့ကုသသော ဆေးခန်းများသို့ ၀င်ရောက်လုပ်ကိုင်လာကြ

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Politics & OP/View
အိုဘားမား၏ သမ္မတခရီးလမ်းက အမေရိက၏ လူမျိုးရေးအစွဲလွန်ကာလသို့ ရောက်ရှိလာစေဟုဆို

Perspective
ဒီတစ်ပတ်တော့ ကြက်သွန်ဖြူဥတစ်လုံးအမြိတ်တက်နဲ့ ပန်းပွင့်ပုံဖော်နည်းကိုတင်ပြမှာဖြစ်ပါတယ်။

မလေးရှားရဲတပ်ဖွဲ့က ကုန်လှောင်ရုံတစ်ခုအား ၀င်ရောက်စီးနင်းရာ ရှားပါးငှက်များနှင့် တောရိုင်းတိရစ္ဆာန် အမြောက်အမြားတွေ့ရှိ

ကွာလာလမ်ပူ- မလေးရှားနိုင်ငံမြို့တော်ရှိ ကုန်လှောင် ရုံတစ်ခုအား ရဲတပ်ဖွဲ့က  ၀င်ရောက်စီးနင်းရှာဖွေရာတွင် ရှာဖွေသောပစ္စည်းများအပြင် မျှော်လင့်ထားခြင်းမရှိသော အရာများကိုပါ တွေ့ရှိခဲ့ရကြောင်း သိရသည်။
    ရဲတပ်ဖွဲ့က ခိုးယူခြင်းခံရသောမော်တော်ကား များကို သတင်းအရ ရှာဖွေခြင်းဖြစ်ပြီး အခိုးခံရသော မော်တော်ကား ၄၂စီးအပြင် ငှက်ကောင်ရေ ရာဂဏန်း နှင့် အခြားသောတောရိုင်းတိရစ္ဆာန်များကိုပါ တွေ့ရှိခဲ့ရ သည်ဟုသိရသည်။ အာဏာပိုင်တို့ကမူ ထိုတိရစ္ဆာန်များ မှာ မွေးမြူရန် သို့မဟုတ် ရောင်းချရန်ဖြစ်မည်ဟုယူဆ ခဲ့ကြသည်။
    ကွာလာလမ်ပူဆင်ခြေဖုံးမှ တာမန်ဝဟျူရှိ ကုန် လှောင်ရုံတစ်ခုတွင် တွေ့ရှိရသော တိရစ္ဆာန်များမှာ တိရစ္ဆာန်ရုံအသေးစားကဲ့သို့ဖြစ်နေသည်ဟု ဆိုသည်။ ကုန်လှောင်ရုံကြမ်းပြင်ပေါ်တွင် ရာနှင့်ချီသော လှောင် အိမ်များ တန်းစီလျက်ရှိနေသကဲ့သို့ ချိတ်ဆွဲထားသည့် လှောင်အိမ်များလည်းရှိနေသည်ဟုဆိုသည်။ ငှက်များ ထဲတွင် ဧဒင်ဥယျာဉ်ငှက်ဟုသိသော ရှားပါးငှက်မောင်နှံ ကိုလည်း တွေ့ခဲ့ရပြီး ထိုငှက်မောင်နှံမှာ တစ်သန်းခန့် တန်ဖိုးရှိကြောင်းသိရသည်။ ထို့ပြင် ကတ္တ၀ါငှက်၊ ကြက် တူရွေးငှက်များအပါအ၀င် ငှက်ကောင်ရေ ၇၀၀ခန့်ကို တွေ့ခဲ့ရပြီး ကျားသစ်များ၊ မျောက်များ၊ ကြောင်ကတိုး များနှင့် အခြားသောတိရစ္ဆာန်များကိုလည်း တွေ့ခဲ့ရ သည်ဟု ဆိုသည်။ တောရိုင်းတိရစ္ဆာန်တို့နှင့်အတူ အိမ် မွေးကြောင်အမျိုးအစားများကိုလည်း တွေ့ခဲ့ရပြီး အိမ် မွေးကြောင်များနှင့် တောရိုင်းကြောင်များအား မျိုးစပ် သားဖောက်ကာ ရောင်းချရန်ရည်ရွယ်ပုံရသည်ဟု ရဲ တပ်ဖွဲ့မှ ယူဆခဲ့ကြသည်။
    ရဲတပ်ဖွဲ့မှ ၀င်ရောက်စီးနင်းရာတွင် အသက် (၄၀)နှင့် (၂၃)နှစ်အရွယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ထိုလူနှစ်ဦးမှာ အလုပ်သမားများဖြစ်ပုံ ရသည်ဟု သိရသည်။ ကုန်လှောင်ရုံထဲတွင် ခိုးယူခြင်း ခံရသော မော်တော်ကားများထဲမှ အစီး၂၀ကိုတွေ့ရှိ ရပြီး ရဲတပ်ဖွဲ့၏ယူဆချက်အရ ကားသူခိုးများ၏နောက် ကွယ်တွင် ကျောထောက်နောက်ခံပြုနေသည့်အဖွဲ့တစ်ဖွဲ့ ရှိမည်ဟုဆိုသည်။
    တွေ့ရှိရသောမော်တော်ကားများထဲမှ အချို့ မှာ ကားအစိတ်အပိုင်းများကိုရောင်းချထားပြီးဖြစ်ကြောင်း ထိုကုန်လှောင်ရုံနှင့်ပတ်သက်၍ လှုပ်ရှားနေသောအဖွဲ့ အား အနီးအနားရှိ အခြေချနေထိုင်သူများက ရိပ်မိပုံမရ ကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် ထိုအဖွဲ့နှင့် အခြားသော သံသယရှိသူနှစ်ဦးကိုရှာဖွေလျက်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။
Source: YMG
Category: World and Asia
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio