Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » World and Asia » ထူးဆန်းစွာပျောက်ဆုံးသွားသော အီရန်သိပ္ပံပညာရှင် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိ

Related News

ဖမ်းဆီးထားသော အမေရိကန်လူမျိုးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့
ခရီးဆောင်အိတ်ထဲ ကျားသားပေါက်ဝှက်ယူလာသော အမျိုးသမီးတစ်ဦးအား ထိုင်းလေဆိပ်တွင် ဖမ်းမိခဲ့
ကမ္ဘာ့ရာသီဥတုပုံစံများ ကမ္ဘာတစ်ဝန်း အကြီးအကျယ်ပျက်စီးနေသဖြင့် ထောင်ချီသောလူသားများ အသက်ဘေးအန္တရာယ်ကြုံ တရုတ်၊ ပါကစ္စတန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့တွင် ကြုံတွေ့ရသော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များက သက်သေပြနေ
အီဂျစ်သမ္မတ ဟို့စနီမူဘာရက်၏သား ဖခင်အရိုက်အရာ ဆက်ခံနိုင်လေမလား
ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံသံတမန်အရေးပြန်လည်ဆက်သွယ်တော့မည်
အမေရိကန်လူမျိုးများ အိုဘားမားအား မူဆလင်တစ်ဦးအဖြစ် ပိုမိုထင်မြင်လာကြ
တရုတ်တွင် လေယာဉ်တစ်စင်းပျက်ကျ ခရီးသည် ၄၂ဦးသေဆုံး၊ ၅၄ဦး အသက်ရှင်ကျန်

Archive News

Local news
မဲဇာချောင်းရေတိုက်စားမှုနှင့် မြေပြိုကျခြင်းကြောင့် လမ်းမကြီးအချို့ပျက်စီး

Entertainment & Life Style
ရဲတိုက်နှင့် လိုတိုဗျူး

Health
တရုတ်ရိုးရာ ဆေးဝါးထုတ်ကုန်များ စင်ကာပူတွင် လူကြိုက်များလာ

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Politics & OP/View
ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)

Perspective
ခေါင်းတစ်လုံးထက် ခေါင်းနှစ်လုံးပူးပေါင်းစဉ်းစားခြင်းက ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ကိုချမှတ်နိုင်

ထူးဆန်းစွာပျောက်ဆုံးသွားသော အီရန်သိပ္ပံပညာရှင် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိ

တီဟီရန်- လွန်ခဲ့သည့်နှစ်ဇွန်လက ဆော်ဒီအာရေးဗီးယားသို့ ဘုရားဖူးသွားရင်း ပျောက်ဆုံးသွားခဲ့သော အီရန်အမျိုးသား မစ္စတာရှာရမ်အမီရီသည် တီဟီရန်သို့ ပြန်လည်ရောက်ရှိလာခဲ့ ပြီးနောက် သူ့အား အမေရိကန်သူလျှိုတို့က သွေးဆောင်ဖြားယောင်း၍ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ၎င်းင်းတို့က စိတ်ဆင်းရဲပင်ပန်းအောင် စစ်ကြောမေးမြန်းခဲ့ကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။
    တီဟီရန်သို့ပြန်လည်ရောက်ရှိလာသော မစ္စတာ အမီရီသည် သူ၏မိသားစုအပြင် အီရန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့်လည်းတွေ့ဆုံခဲ့သည်ဟုသိရသည်။ အီရန်အရာရှိတို့က အစောပိုင်းတွင် သူ့အား နျူကလီး ယားသိပ္ပံပညာရှင်အဖြစ် ထုတ်ဖော်ပြောကြားထားခဲ့ သော်လည်း တီဟီရန်သို့ပြန်လည်အခြေချပြီး သတင်း ထောက်များနှင့် တွေ့ဆုံရာတွင်မူ သူသည် တက္ကသိုလ် တွင် အလုပ်လုပ်ကိုင်နေသည့် ရိုးရိုးသုတေသနပညာရှင် တစ်ဦးသာဖြစ်ကြောင်း၊ မည်သည့် လျှို့ဝှက်အလုပ်များ တွင်မှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိကြောင်း ရှင်းလင်းပြော ကြားခဲ့သည်။
        သူက သူ့အား သွေးဆောင်ဖြားယောင်းခေါ် ဆောင်သွားခဲ့ခြင်းသည် အီရန်တို့ဆန့်ကျင်သည့် စိတ်ပိုင်း ဆိုင်ရာ စစ်ပွဲပင်ဖြစ်ကြောင်း၊ သူ့အား အမေရိကန်ဒေါ် လာ ၁၀သန်းပေး၍ သူ့အနေဖြင့် အမေရိကန်သို့ မိမိ ဆန္ဒအလျောက် ခိုလှုံရန်ရောက်ရှိလာခြင်းဖြစ်သည်ဟု CNNကို ပြောကြားရန်စေခိုင်းခဲ့ကြောင်း၊ အီရန်မှထွက် ခွာခြင်းမပြုမီ အမေရိကန်ဒေါ်လာ သန်း၅၀နှင့် ဥရောပ ရှိ နိုင်ငံတစ်နိုင်ငံတွင် ဘ၀သစ်ဖြင့်နေထိုင်ရန် အခွင့် အရေးပေးခဲ့ကြောင်း၊ ထိုသို့ ငွေကြေးချီးမြှင့်ခြင်းဖြင့် မိမိ ဂုဏ်သိက္ခာအား အခြားနိုင်ငံသို့ မည်သည့်အီရန်လူမျိုး ကမျှ ရောင်းစားလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့ သည်။
    အမေရိကန်အရာရှိတို့ကမူ အီရန်အမျိုးသား ရှာရမ်အမီရီအား တန်ဖိုးရှိသောသတင်းအချက်အလက် များပေးရန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA)က အမေရိကန်ဒေါ်လာငါးသန်းကျော်ပေးခဲ့ကြောင်း ပြော ကြားခဲ့သည်။ CIAနှင့်အတူ အရေးပါသော ပူးပေါင်း ဆောင်ရွက်မှုကိုရပ်ဆိုင်းပြီး အီရန်သို့ ရုတ်တရက်ပြန် သွားခဲ့ကြောင်း၊ အီရန်အစိုးရက သူ၏မိသားစုကို ဒုက္ခ ပေးမည်ကို သူကစိုးရိမ်ပူပန်နေပုံရကြောင်း၊ သူသည် CIAနှင့်အတူ တစ်နှစ်ကျော်ခန့် အတူတူလုပ်ကိုင်ခဲ့ ကြောင်း၊ မိမိတို့က သူ၏သတင်းအချက်အလက်များကို ရရှိခဲ့ကြောင်း၊ သူကတော့ အီရန်နိုင်ငံသို့  ပြန်ရောက် သွားပြီဖြစ်ကြောင်း၊ မစ္စတာအမီရီ၏ ဇာတိမြေသို့ပြန် သွားရသည့်အကြောင်းတွင် သူ၏မိသားစုက အဓိကကျ ကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။
    အသက်(၃၂)နှစ်အရွယ်ရှိ မစ္စတာအမီရီအား Maleke-Ashtar စက်မှုလုပ်ငန်းဆိုင်ရာ တက္ကသိုလ်တွင် အမှုထမ်းနေသူအဖြစ် သိထားကြသည်။ ထိုတက္ကသိုလ် သည် အီရန်နိုင်ငံ၏ တော်လှန်ရေးအစောင့်တပ်ဖွဲ့နှင့် ဆက်စပ်မှုရှိနေသည်ဟု CIAက ယူဆခဲ့သည်။ ထို အစောင့်တပ်ဖွဲ့မှာ အကြမ်းဖက်ဝါဒီအုပ်စုအားပံ့ပိုးနေ သည့် အရှိန်အ၀ါကြီးမားသောအဖွဲ့လည်းဖြစ်သည်ဟု ဆိုသည်။
    မစ္စတာအမီရီ အီရန်သို့ပြန်ရသည့် အဓိက အကြောင်းမှာ သူ၏မိသားစုကြောင့်ဖြစ်သည်ဟူသော အမေရိကန်တို့၏ထုတ်ဖော်ပြောကြားမှုကို မစ္စတာအမီ ရီက ငြင်းဆိုခဲ့ပြီး သူ၏မိသားစုမှာ လွတ်လွတ်လပ်လပ် အေးချမ်းစွာရှိကြောင်း၊ နိုင်ငံတော်အစိုးရက သူ၏မိသား စုအား ငွေကြေးထောက်ပံ့ထားကြောင်း ပြောကြားခဲ့ သည်။ မစ္စတာအမီရီအနေနဲ့ အီရန်သို့သူပြန်လာခဲ့သည့် အကြောင်းနှင့် အမေရိကန်တွင်ရှိစဉ်ကာလအကြောင်း များကို အသေးစိတ်ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော် လည်း နောက်ပိုင်းတွင် ပိုမိုထုတ်ဖော်ပြောကြားမည်ဖြစ် ကြောင်း ကတိပြုပြောကြားခဲ့သည်ဟု သိရသည်။
Source: YMG
Category: World and Asia
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio