Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Business » အခြေခံစားသုံးကုန်ဈေးကွက် ဆန်၊ ဆီဈေး အနည်းငယ်တက်

Related News

မြန်မာသည် ကမ္ဘာ့နံပါတ်တစ် ဆန်တင်ပို့သည့်နိုင်ငံ ပြန်ဖြစ်လာနိုင်
မြန်မာ့ပြောင်း တရုတ်သို့ လာမည့်နှစ်ကုန်အထိ ဆက်လက်တင်ပို့နိုင်မည်ဟုဆို
သီရိမင်္ဂလာဈေး ကုန်စိမ်းအ၀င်များလာသော်လည်း အပျက်အစီးများနေဟုဆို
က<ာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံအဖြစ် အမှီအခိုကင်းကင်းဖြင့် တရုတ်ရောက်ရှိလာခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိ
မြန်မာနိုင်ငံအပါအ၀င် CLMV လေးနိုင်ငံသို့ သွားရောက်လည်ပတ်နိုင်မည့် ခရီးစဉ်သစ် မကြာမီစတင် နိုင်တော့မည်
ဆင်းရဲချမ်းသာကွာဟမှုအန္တရာယ်နှင့်ပတ်သက်၍ အာဆီယံခေါင်းဆောင်တို့က သတိပေးပြောကြား
ယွမ်ငွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရေး တရုတ် အရှိန်အဟုန်မြှင့်ဆောင်ရွက်

Archive News

Local news
မိုဘိုင်းစာအုပ်အရောင်းဆိုင်များ စတင်တည်ထောင် မြန်မာနိုင်ငံအနှံ့ လှည့်လည်ရောင်းချမည်ဟုဆို

World & Asia
အောက်စ်ဖို့ဒ် အွန်လိုင်းအဘိဓာန်က ပုံနှိပ်အဘိဓာန်ကို ရပ်တန့်ဖယ်ရှားပစ်ဖွယ်ရှိ

Entertainment & Life Style
ကိုယ်က အနုပညာသမားဆိုတော့ ပြောင်းလဲလာတဲ့ ကာရိုက်တာပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ရတာပေါ့ -မေသန်းနု

Health
စင်ကာပူမှ ဆရာဝန်ပေါက်စများ ကိုယ်ပိုင်ဆေးခန်းမထောင်ကြတော့ဘဲ အုပ်စုဖွဲ့ကုသသော ဆေးခန်းများသို့ ၀င်ရောက်လုပ်ကိုင်လာကြ

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Politics & OP/View
အိုဘားမား၏ သမ္မတခရီးလမ်းက အမေရိက၏ လူမျိုးရေးအစွဲလွန်ကာလသို့ ရောက်ရှိလာစေဟုဆို

Perspective
ဒီတစ်ပတ်တော့ ကြက်သွန်ဖြူဥတစ်လုံးအမြိတ်တက်နဲ့ ပန်းပွင့်ပုံဖော်နည်းကိုတင်ပြမှာဖြစ်ပါတယ်။

အခြေခံစားသုံးကုန်ဈေးကွက် ဆန်၊ ဆီဈေး အနည်းငယ်တက်

ရန်ကုန်၊ ယခုတစ်ပတ်အတွင်း အခြေခံစားသောက်ကုန်ဈေးကွက် တွင် မကြုံစဖူးမြင့်တက်ခဲ့သော အာလူးများ တဖြည်းဖြည်းနှင့်ကျဆင်း လာနေပြီး ဆန်၊ ဆီများမှာတော့ အနည်းငယ်တက်ဈေးနှင့် ငြိမ်နေ ကြောင်း သိရသည်။
ဆန်ဈေးနှုန်းများမှာ ယခင်ပတ်ကကဲ့သို့ပင် တစ်ပြည် ၅၀၊ ၁၀၀ခန့် သာတက်သောဈေးနှင့်ငြိမ်နေပြီး မိုးတွင်းကာလဖြစ်သောကြောင့် အရောင်းအ၀ယ်ပါးမှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ ''ဆန်ဈေးတွေက တစ်ပြည်ကို ကျပ်၁၀၀နဲ့  ၅၀လောက်တက်ပါတယ်။ အရင်လဆန်း ပိုင်းတွေက ဆန်တွေအ၀င်များပေမယ့် အခုနောက်ပိုင်းမှာတော့ အ၀င်နည်းပြီး ဈေးနှုန်းကလဲ နည်းနည်းတက်တာရယ်၊ မိုးတွင်းကာလဖြစ်တာရယ်ဆိုတော့ အရောင်းပါး ပါတယ်။ လဆန်းရက်တွေဆို အိတ်လိုက်တွေ အ၀ယ်ဖြစ်ပေမယ့် လလယ်တို့၊ လကုန်တို့ဆို ပြည်လိုက်ဝယ်ကြတာ။ ကျွန်တော်တို့က နေ့စဉ်ဖွင့်ရတာဆိုတော့ ဒီလိုပြည်လိုက်ဝယ်တာတွေကို အားထားရပါတယ်''ဟု ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ဈေးကွက်အတွင်း ပဲဆီဈေးနှုန်းများလည်း စားအုန်းဆီဈေးနှုန်းများကဲ့သို့ပင် လိုက်ပါလှုပ်ခတ်လာနေကြောင်း ဆီဆိုင်ပိုင်ရှင်များက ဆိုသည်။ ''ဆီဈေးတွေက စားဆီတက်တော့ ပဲဆီကလဲ နည်းနည်းလှုပ်လာတဲ့သဘောရှိပါတယ်။ စားဆီက တစ်ပိဿာ ကျပ် ၁၀၀ ကနေ ၂၀၀လောက်တက်ထားတော့ ပဲဆီကလဲ ကျပ် ၅၀ ကနေ ၁၀၀ လောက်တက် ချင်တဲ့သဘောပဲဖြစ်ပါတယ်''ဟု ဈေးကွက်အတွင်းမှသိရသည်။
ကြက်သွန်နီများမှာ ယခင်အပတ်များကဲ့သို့ပင် ဈေးအေးနေပြီး ကြက်သွန်ဖြူများမှာ တက်ဈေးအတိုင်း ငြိမ်နေပြီး မြင်းခြံကြက်သွန်နီနှင့် မလှိုင်ကြက်သွန်နီများမှာ ကျဈေးတွင်ပင် ဈေးပိုရကြောင်းလည်း သိရသည်။
Source: YMG
Category: Business
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio