Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Entertainment & Life Style » သန်းသန်းစိုးနှင့် အင်တာဗျူး

Related News

ရဲတိုက်နှင့် လိုတိုဗျူး
ကလေးတွေအတွက်ပြုံးထား ကိုရီးယားစတား
ရောဘတ်ပက်တင်ဆင်တို့အခြေအနေ အတော်အဆင်ပြေပြီလား
ကိုရီးယားနာမည်ကျော် Wonderful Girls အဆိုတော်အဖွဲ့ မြန်မာနိုင်ငံသို့လာမည်
သရုပ်ဆောင်တာကို မကြောက်ပေမယ့် သီချင်းဆိုရတာ ကြောက်တယ် -သင်ဇာဝင့်ကျော်
ကျော်ကျော်ဗိုနှင့် အင်တာဗျူး
မိုးဟေကိုနှင့် အင်တာဗျူး

Archive News

Local news
မဲဇာချောင်းရေတိုက်စားမှုနှင့် မြေပြိုကျခြင်းကြောင့် လမ်းမကြီးအချို့ပျက်စီး

World & Asia
ဖမ်းဆီးထားသော အမေရိကန်လူမျိုးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့

Health
တရုတ်ရိုးရာ ဆေးဝါးထုတ်ကုန်များ စင်ကာပူတွင် လူကြိုက်များလာ

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Politics & OP/View
ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)

Perspective
ခေါင်းတစ်လုံးထက် ခေါင်းနှစ်လုံးပူးပေါင်းစဉ်းစားခြင်းက ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ကိုချမှတ်နိုင်

သန်းသန်းစိုးနှင့် အင်တာဗျူး

အနုပညာလောကထဲကို ၁၉၈၂ခုနှစ်လောက်ကတည်းက ရောက်ရှိလာ ခဲ့ပြီး ယနေ့တိုင် အနုပညာလောကထဲမှာရပ်တည်နိုင်တဲ့ သန်းသန်းစိုးနဲ့ ပြောင်းလဲလာတဲ့ အနုပညာရေစီးကြောင်းတွေကို ပြောဖြစ်ခဲ့ကြတာက  .  .
မေး    -    လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေ ပြောပြပေးပါဦး။
ဖြေ    -    အခုကားတွေရိုက်နေတယ်။ နောက်ပြီး သုခုမရင်ပြင်အစီအစဉ်အတွက် ဇာတ်လမ်း တိုလေးတွေ ရိုက်ပေးနေပါတယ်။
မေး    -    သုခုမရင်ပြင်တို့လို သရုပ်ဆောင်ပြိုင်ပွဲတွေနဲ့ပတ်သက်ပြီး အမြင်လေးကိုပြောပြပေးပါဦး။
ဖြေ    -    ကလေးတွေက ၀ါသနာပါတယ်။ သူတို့ရဲ့ဝါသနာကိုလဲ လုပ်ကြည့်ချင်ကြတယ်။ ဒါ ကြောင့် ကိုယ်တွေက အားဖြည့်ပေးရတဲ့သဘောပါပဲ။ ဒါပေမဲ့ လိုအပ်နေတာလေးတွေတော့ ရှိတာပေါ့။
မေး    -    အခုလို ဒီလောကကိုဝင်ချင်တဲ့ ၀ါသနာရှင်လူငယ်လေးတွေကို အစ်မတို့လို ၀ါရင့်သရုပ်ဆောင်ကြီးတွေအနေနဲ့ ပညာပေးစကားပဲဖြစ်ဖြစ်၊ အသိပေးစကားပဲဖြစ်ဖြစ် ပြောပြပေးပါ။
ဖြေ    -    ပညာပေးစကားဆိုရင်တော့ ကိုယ်ဘာဖြစ်ချင်တာလဲ၊ ကိုယ်ဘာလုပ်ချင်တာလဲဆိုတာသေချာသိမှ ဒီ လောကထဲကို ၀င်လာခဲ့ပါ။ ဒီလိုဆိုရင် ဘာပဲလုပ်လုပ်အောင်မြင်လိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ မသိဘူးဆိုရင်တော့ ဒီလောကထဲကို ၀င်မလာတာ အကောင်းဆုံးပဲ။
မေး    -    ဒီလောကထဲ ၀င်မလာတာ အကောင်းဆုံးပဲဆိုတဲ့စကားမှာ အဓိပ္ပာယ်တွေအများကြီးပဲနော်။
ဖြေ    -    ဒါပေါ့။ ဒီလောကထဲဝင်ချင်တယ်ဆိုရင် ဇွဲရှိရမယ်၊ ၀ီရိယရှိရမယ်။ သူများထက် ပိုပြီးတော့ လုပ်ပြနိုင်ရမယ်။ အကုန်လုံးက တာဝေးအပြေးသမားတွေလို ပြေးနေကြတာ။ ဒီအတွက် ကိုယ်က နောက်မှာမကျန်နေခဲ့ဖို့ ကြိုးစားရမယ်။ အမီလိုက်ပြေးနိုင်ရမယ်။ ဒဏ်မှန်သမျှ ခံနိုင်ရမယ်။ အပြောအဆိုခံနိုင်ရမယ်။ ဒီလောကထဲကိုဝင်လာတယ်ဆိုရင် ကောင်းတာပြောချင်တဲ့သူရှိသလို မကောင်းတာပြောချင်တဲ့သူတွေလဲရှိကြတယ်။ ဒီဒဏ်တွေကိုရောခံနိုင်လား။ နောက် ပြီးတော့ ဆရာသမားတွေရဲ့သွန်သင်မှုအောက်မှာ နာခံနိုင်ရဲ့လား။ ဒါတွေအကုန်လုံးကို လုပ်နိုင်ပြီဆိုတော့မှ ဒီလောက ထဲကို ၀င်ခဲ့ပါ။ တစ်ခုခုလေးပြောလိုက်တာကို ငါ့ကို တင်စီးတယ်။ ကြောတယ်ဆိုတာမျိုးတွေ ခံစားတတ်ကြတယ်။ ဒါ မျိုးတွေကို စိတ်မထားဘဲနဲ့ ငါက သရုပ်ဆောင်လုပ်နေတာပါလားဆိုတဲ့စိတ်မျိုးကို သိထားရမယ်။ ရိုက်ခတ်လာမယ့် ဒဏ်တွေအကုန်လုံးကိုလဲ ခံနိုင်ရမယ်။ ဒါဆိုရင်တော့ ပိုကောင်းသွားမယ်။
မေး    -    အနုပညာရေစီးကြောင်းနဲ့အတူ ပုံမမှန်တဲ့လှုပ်ရှားမှုတွေရှိနေတာလဲ ပရိသတ်တွေကြားမှာ ကြားသိနေရတယ်။ ဒါမျိုးတွေကရော ရေရှည်ရပ်တည်နိုင်ပါ့မလား။
ဖြေ    -    လူတွေအကုန်လုံးကတော့ ကိုယ့်သမိုင်းကိုယ်ရေးကြတာဖြစ်တဲ့အတွက် ကောင်းတယ်ဆိုးတယ်ဆိုတာ အချိန် တန်ရင် သူ့ဘာသာသူ ကွဲပြားသွားမှာပါပဲ။
မေး    -    အခုဆိုလို့ရှိရင် ပြောင်းလဲလာတဲ့ အနုပညာရေစီးကြောင်းနဲ့အတူ အရည်အသွေးတွေလဲ တိုးတက်တာတွေရှိ သလို ဆုတ်ယုတ်လာတာကိုလဲ တွေ့ရတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ဘာများပြောချင်ပါသလဲ။
ဖြေ    -    ကွာခြားလာတာတွေ ရှိတယ်။ အရင်တုန်းကဆိုရင် ပံ့ပိုးပေးတဲ့သူနည်းတယ်။ ကိုယ်ကိုယ်တိုင် ကြိုးစားမှ နေရာတစ်ခုဆိုတာရတယ်။ ဒါပေမဲ့ စက်မှုပိုင်းမှာအားနည်းတယ်။ အခုကျတော့ ပံ့ပိုးတဲ့သူတွေများတယ်။ စက်မှုပိုင်း ဆိုင်ရာမှာလဲ ဖွံ့ဖြိုးတိုးတက်လာတယ်။ ဒါပေမဲ့ ကြိုးစားမှုတွေ လျော့နည်းကြတယ်။ ပံ့ပိုးတဲ့သူများတဲ့အတွက်ကြောင့် မို့လို့ ပိုက်ဆံရှိတဲ့သူက အောင်မြင်ဖို့ကို ပိုက်ဆံနဲ့လိုက်ကြတယ်။ ဒါကြောင့် အောင်မြင်တာက မြန်သလို ကျရှုံးတာလဲ မြန်တယ်။ အရမ်းကိုကြိုးစားပြီးတော့မှ ဒီနေရာကိုရောက်အောင် ကုတ်ကတ်ပြီးတော့မှ တက်လာခဲ့ကြတဲ့သူတွေကျတော့ တော်ရုံနဲ့ပြုတ်မကျဘူး။ ဒါမျိုးလေးတွေတော့ ကွာခြားတယ်။
မေး    -    သန်းသန်းစိုးဆိုပြီးတော့ဖြစ်လာခဲ့တဲ့ အနုပညာရပ်တည်မှုကို ပြောပြပေးပါ။
ဖြေ    -    တကယ်တော့ အနုပညာမျိုးရိုးလဲမရှိဘူး။ ၁၉၈၂ခုနှစ် သရုပ်ဆောင်ရွေးချယ်ပွဲကနေ စတင်ခဲ့တယ်။ ရုပ်ရှင်အစည်းအရုံးကဖွင့်တဲ့ သရုပ်ဆောင်သင်တန်းတက်ခဲ့တယ်။ ဒါတွေကနေတစ်ဆင့် ဒီနေရာအထိရောက်လာအောင် အရမ်းကို ကြိုးစားခဲ့ရတယ်။ ရုန်းကန်ခဲ့ရတယ်။ ဒီလောကထဲကမှ ကျန်းမာရေးကြောင့် ခဏနားခဲ့တယ်။ နောက်မှ ပြန် ရောက်တဲ့အချိန်ထိလဲ နေရာလေးတစ်ခုရှိနေသေးတယ်။
မေး    -    ပရိသတ်ကို ဘာများပြောချင်ပါသေးလဲ။
ဖြေ    -    ဟိုးအရင်ကတည်းက အခုချိန်ထိ အားပေးနေသေးတဲ့ ပရိသတ်ကြီးကို သန်းသန်းစိုးက အရမ်းကို ကျေးဇူးတင် ပါတယ်။ ချစ်လဲ ချစ်ပါတယ်။
Source: YMG
Category: Entertainment & Life Style
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio