Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Politic & OP » နိုင်ငံတော်အုပ်ချုပ်ရေး (သို့မဟုတ်) အစိုးရစနစ်(၃)မျိုး

Related News

ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)
မွန်ပြည်နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်များတင်ပြီ
မဲပေးနိုင်ရန် ယာယီသက်သေခံလက်မှတ်များ ပြုလုပ်ပေး
ကမ္ဘောဒီးယားက နျူကလီးယားနည်းပညာ လေ့လာနေ
ကျွန်ုပ်တို့၏ရန်ကုန် -ဦးနိုင်မြင့်
စစ်မှန်တဲ့ နိုင်ငံရေးသမားဆိုရင် လူထုအဆုံးအဖြတ်ကို ခံယူရဲရမယ် - ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံမည့်သူ)
အိုစမာဘင်လာဒင်၏ ထမင်းချက်အား ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်

Archive News

Local news
မဲဇာချောင်းရေတိုက်စားမှုနှင့် မြေပြိုကျခြင်းကြောင့် လမ်းမကြီးအချို့ပျက်စီး

World & Asia
ဖမ်းဆီးထားသော အမေရိကန်လူမျိုးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့

Entertainment & Life Style
ရဲတိုက်နှင့် လိုတိုဗျူး

Health
တရုတ်ရိုးရာ ဆေးဝါးထုတ်ကုန်များ စင်ကာပူတွင် လူကြိုက်များလာ

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Perspective
ခေါင်းတစ်လုံးထက် ခေါင်းနှစ်လုံးပူးပေါင်းစဉ်းစားခြင်းက ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ကိုချမှတ်နိုင်

နိုင်ငံတော်အုပ်ချုပ်ရေး (သို့မဟုတ်) အစိုးရစနစ်(၃)မျိုး

ဒေါက်တာနေဇင်လတ်
အစိုးရအဖွဲ့ဆိုသည်မှာ နိုင်ငံတစ်ခု၏အုပ်ချုပ်ရေး အာဏာကိုရယူကျင့်သုံးသော နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ် သည်။ ထိုသို့ အစိုးရအဖွဲ့တစ်ခုကိုဖွဲ့စည်းရန်မှာလည်း နိုင်ငံရေး ပါတီများက ရွေးကောက်ပွဲများ၌ယှဉ်ပြိုင်၍ အနိုင်ရပါတီက အစိုး ရဖွဲ့ရန် အခွင့်အရေးရရှိကြသည်။
အမတ်ဆိုတာ
'အမတ်'၊ 'ပါလီမန်အမတ်'ဟု အသုံးများသောရွေးကောက် ခံကိုယ်စားလှယ်များသည် အုပ်ချုပ်ရေးအာဏာကိုကျင့်သုံးသော အစိုးရအဖွဲ့ဝင်များ မဟုတ်ကြချေ။ လွှတ်တော်ကိုယ်စားလှယ်၊ (ဥပဒေပြုလွှတ်တော်) ပါလီမန်၏ အဖွဲ့ဝင်များသာဖြစ်သည်။ ဤ အမတ်များ၏အဓိကအလုပ်မှာ အုပ်ချုပ်ရေးအာဏာကိုကျင့်သုံး သော အစိုးရအဖွဲ့ကို (ဥပဒေပြုခြင်း)ဖြင့်ထိန်းကျောင်းရန် (Check & Balance) ဖြစ်သည်။ နောက်တာဝန်တစ်ခုမှာ တရားစီရင်ရေး မျှတမှု ရှိ မရှိကို စောင့်ကြည့်ရန်ဖြစ်သည်။
အမတ်မင်းများ၏ နောက်တာဝန်တစ်ခုမှာ Interest Group ခေါ် အကျိုးပြုအဖွဲ့များ၊ တစ်နည်းဆိုရလျှင် Civil Society ဟူသော မြို့ပြလူမှုအဖွဲ့အစည်းများနှင့်အမြဲထိတွေ့၍ ၎င်းင်းတို့ ထံမှ လက်တွေ့ဖြစ်ပျက်နေမှု၊  အကြံÓဏ်များရယူကာ အစိုးရ အဖွဲ့ကို အကြံÓဏ်ပေးခြင်း၊ ကြားနာစစ်ဆေးခြင်း (Hearing) တို့ကိုလုပ်ဆောင်ရန်ဖြစ်သည်။
လွှတ်တော်ဘယ်နှရပ် အဓိကထင်ရှားသော စနစ်နှစ်မျိုးရှိသည်။
(၁) လွှတ်တော်တစ်ရပ်တည်းရှိသော ဥပဒေပြုအဖွဲ့
(၂) လွှတ်တော်နှစ်ရပ်ရှိသော ဥပဒေပြုအဖွဲ့တို့ဖြစ်သည်။
လွှတ်တော်နှစ်ရပ်အပြင် လွှတ်တော် သုံးရပ်၊ ငါးရပ်စနစ် ကျင့်သုံးဖူးသောနိုင်ငံများ ရှိခဲ့သော်လည်း မအောင်မြင်ခဲ့။ လွှတ်တော်ဟုဆိုသော ပါလီ မန်သည် ဥပဒေပြုအာဏာကိုင်စွဲထားသော ပြည်သူ့ကိုယ်စား ပြုနေရာဖြစ်သည်။
အစိုးရအဖွဲ့
အစိုးရအဖွဲ့ဆိုသည်မှာ နိုင်ငံရေးပါတီများမှတစ်ဆင့်ယှဉ် ပြိုင်၍ အနိုင်ရပါတီမှ အုပ်ချုပ်မှုအာဏာအသုံးပြုနိုင်ခြင်းငှာ ဖွဲ့စည်းထားသောအဖွဲ့ ဖြစ်သည်။ ပါလီမန်စနစ်တွင် အနိုင်ရ ပါတီ၏ခေါင်းဆောင် သို့မဟုတ် ခေါင်းဆောင်မှ တာဝန်ပေးအပ် သူက အစိုးရအဖွဲ့၏အကြီးအကဲဖြစ်သည်။ အစိုးရအဖွဲ့အကြီး အကဲကို ၀န်ကြီးချုပ်/အဓိပတိတို့က ဦးဆောင်သည်။ အမေရိ ကန်သမ္မတစနစ်တွင်မူ သမ္မတကို သီးခြားပြည်သူတို့က ရွေး ချယ်တင်မြှောက်သည်။ သမ္မတ၊ ၀န်ကြီးချုပ်တို့က အစိုးရအဖွဲ့ ၀င်များကို (၎င်းတို့၏ပါတီနှင့် ညှိနှိုင်း၍) သီးခြားလွတ်လပ်စွာခန့် အပ်နိုင်သည်။ များသောအားဖြင့် ပြင်ပ ပြည်သူများထဲမှာ ၀န် ကြီး၊ အကြံပေးများကိုခန့်အပ်လေ့ရှိပြီး အမတ်များထဲမှလည်း ၀န်ကြီး ၀န်လေးများဖြစ်နိုင်သည်။
Source: YMG
Category: Politic & OP
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio