Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Politic & OP » နိုင်ငံရေးအတွေးအမြင် မျက်နှာစာသုံးပါးမှ ၀ိသေသများ

Related News

အိုဘားမား၏ သမ္မတခရီးလမ်းက အမေရိက၏ လူမျိုးရေးအစွဲလွန်ကာလသို့ ရောက်ရှိလာစေဟုဆို
ကျွန်ုပ်တို့၏ရန်ကုန် -ဦးနိုင်မြင့်
ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)
မွန်ပြည်နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်များတင်ပြီ
မဲပေးနိုင်ရန် ယာယီသက်သေခံလက်မှတ်များ ပြုလုပ်ပေး
ကမ္ဘောဒီးယားက နျူကလီးယားနည်းပညာ လေ့လာနေ
အိုစမာဘင်လာဒင်၏ ထမင်းချက်အား ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်

Archive News

Local news
မိုဘိုင်းစာအုပ်အရောင်းဆိုင်များ စတင်တည်ထောင် မြန်မာနိုင်ငံအနှံ့ လှည့်လည်ရောင်းချမည်ဟုဆို

World & Asia
အောက်စ်ဖို့ဒ် အွန်လိုင်းအဘိဓာန်က ပုံနှိပ်အဘိဓာန်ကို ရပ်တန့်ဖယ်ရှားပစ်ဖွယ်ရှိ

Entertainment & Life Style
ကိုယ်က အနုပညာသမားဆိုတော့ ပြောင်းလဲလာတဲ့ ကာရိုက်တာပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ရတာပေါ့ -မေသန်းနု

Health
စင်ကာပူမှ ဆရာဝန်ပေါက်စများ ကိုယ်ပိုင်ဆေးခန်းမထောင်ကြတော့ဘဲ အုပ်စုဖွဲ့ကုသသော ဆေးခန်းများသို့ ၀င်ရောက်လုပ်ကိုင်လာကြ

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Perspective
ဒီတစ်ပတ်တော့ ကြက်သွန်ဖြူဥတစ်လုံးအမြိတ်တက်နဲ့ ပန်းပွင့်ပုံဖော်နည်းကိုတင်ပြမှာဖြစ်ပါတယ်။

နိုင်ငံရေးအတွေးအမြင် မျက်နှာစာသုံးပါးမှ ၀ိသေသများ

မောင်စူးစမ်း
ဒါဝင်ဝါဒနှင့် လစ်ဘရယ်
အရင်းရှင်စနစ်သည် အာဏာရှင်စနစ်တို့နှင့်လည်းလက်တွဲခဲ့သည်။ ဒီမိုကရေစီစနစ်တို့၌လည်း လက်တွဲခဲ့သည်။ အရင်းရှင်စနစ်သည် မည် သည့်နိုင်ငံရေးစနစ်နှင့်မဆို လက်တွဲလို့ရသည်ဟုဆိုကြသည်။ သို့ဖြင့် အ ရင်းရှင်စနစ်သည် နိုင်ငံရေးစနစ်ရွေးချယ်မှု၌ ကြားနေသည်ဟု အဆိုပြု မှုရှိလာသည်။ ဤအဆိုပြုမှုကိုလက်မခံသောပညာရှင်တို့က 'အားသန် သူရှင်သန်သည်'ဆိုသော ဒါဝင်ဝါဒနှင့် လစ်ဘရယ်ဝါဒကိုတွဲစပ်၍လေ့ လာကြည့်သည်။ Survival of the Fittest အားသန်သူရှင်သန်ရေး ဆိုသည်မှာ အပြိုင်အဆိုင်လောကကိုရည်ညွှန်းသည်။ ပြိုင်ဆိုင်ရာ၌ လည်း ကျားကုတ်ကျားခဲ အသည်းအသန်ပြိုင်ဆိုင်ကြသည်။
ဤသို့အသည်းအသန်ပြိုင်ဆိုင်နိုင်ရန် လွတ်လပ်မှုရှိရမည်။ လစ် ဘရယ်ဝါဒနှင့် ဖေဇယ်ဖယ်ယားဝါဒတို့သည် အပြင်းအထန်ယှဉ်ပြိုင်မှုကိုခွင့်ပြုသောဝါဒတို့ ဖြစ်ကြသည်။ တစ်နည်းပြောလျှင် ဖရီးမတ်ကက်ကိုညွှန်းခြင်းဖြစ်သည်။ ဈေးကွက်မလွတ်လပ် လျှင် တန်းတူရည်တူယှဉ်ပြိုင်နိုင်ကြမည်မဟုတ်ပေ။ လွတ်လွတ်လပ်လပ်ယှဉ်ပြိုင်ကြလျှင် သဘာဝကျကျချိန်ခွင်လျှာမှန်မှု Natural Equilibrium ပေါ်မည်။ တစ်ပြိုင်နက်တည်း၌ နိုင်ငံရေးစနစ်၌ လစ်ဘရယ်ဝါဒ၊ ပိုင်ဆိုင်မှုစနစ်၊ ပုဂ္ဂလိကပိုင်ဆိုင်မှုတို့ကိုအလေးပေးလာသဖြင့် အရင်းရှင်စနစ်သည် ဒီမိုကရေစီအရင်းရှင်စနစ်ဖြစ်လာသည်။
ဒီမိုကရေစီ
ဒီမိုကရေစီနှင့်မတွဲသော အရင်းရှင်စနစ်တို့လည်းရှိသည်။ လက်တွေ့သာဓကအားဖြင့် တရုတ်ပြည်၊ စင်ကာပူ၊ အရှေ့အလယ်ပိုင်းနိုင်ငံတို့ကို ပြသနိုင်သည်။ အရင်းရှင်စနစ်သည် ဒီမိုကရေစီအပြည့်နှင့်လည်းတွဲသည်။ အာဏာရှင်အပြည့်နှင့်လည်းတွဲသည်။ ရောစပ်ကပြားတို့ နှင့်လည်းတွဲသည်။ အရင်းရှင်စနစ်နှင့် ဒီမိုကရေစီအတွဲအစပ်ပြဿနာသည် နိုင်ငံရေးအာဏာ ပြဿနာဖြစ်ပုံရသည်။ အာဏာရအဖွဲ့၏မူဝါဒနှင့် စေတနာတို့အပေါ် မူတည်ပုံရသည်။
Source: YMG
Category: Politic & OP
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio