Local News  World & Asia Ent & life Style Business  Health Political Time Politic & O/P View Perspective

Home / Contact us / Site Map
Create my Yangonmedia Account or Login
Make Yangon Media Your Home page

Home » Politic & OP » ပါတီတစ်ရပ်အတွက် အရေးပါသော မဟာဗျူဟာနှင့် နည်းဗျူဟာ

Related News

ကျွန်ုပ်တို့၏ရန်ကုန် -ဒေါက်တာစောနိုင် (တစ်သီးပုဂ္ဂလအမတ်လောင်း)
မွန်ပြည်နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်များတင်ပြီ
မဲပေးနိုင်ရန် ယာယီသက်သေခံလက်မှတ်များ ပြုလုပ်ပေး
ကမ္ဘောဒီးယားက နျူကလီးယားနည်းပညာ လေ့လာနေ
ကျွန်ုပ်တို့၏ရန်ကုန် -ဦးနိုင်မြင့်
စစ်မှန်တဲ့ နိုင်ငံရေးသမားဆိုရင် လူထုအဆုံးအဖြတ်ကို ခံယူရဲရမယ် - ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံမည့်သူ)
အိုစမာဘင်လာဒင်၏ ထမင်းချက်အား ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်

Archive News

Local news
မဲဇာချောင်းရေတိုက်စားမှုနှင့် မြေပြိုကျခြင်းကြောင့် လမ်းမကြီးအချို့ပျက်စီး

World & Asia
ဖမ်းဆီးထားသော အမေရိကန်လူမျိုးအား မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့

Entertainment & Life Style
ရဲတိုက်နှင့် လိုတိုဗျူး

Health
တရုတ်ရိုးရာ ဆေးဝါးထုတ်ကုန်များ စင်ကာပူတွင် လူကြိုက်များလာ

Science & Technology
ကျွန်ုပ်တို့၏ရန်ကုန်(၂) -ကိုသန်းဝင်း (ဒလ)

Perspective
ခေါင်းတစ်လုံးထက် ခေါင်းနှစ်လုံးပူးပေါင်းစဉ်းစားခြင်းက ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်ကိုချမှတ်နိုင်

ပါတီတစ်ရပ်အတွက် အရေးပါသော မဟာဗျူဟာနှင့် နည်းဗျူဟာ

မင်းသန့်လှိုင်
မြန်မာနိုင်ငံ၌ မကြာမတင်သောကာလတွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုကျင်းပပေတော့မည်။ အရွေးခံကြမည့်နိုင်ငံရေးပါတီများကလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်လျက်ရှိကြသည်။
နိုင်ငံရေးပါတီများသည် မိမိတို့ပါတီ၏အခြေခံနိုင်ငံ ရေးလမ်းစဉ်နှင့် မူဝါဒသဘောထားများကို ပြည်သူလူထု အားချပြ၍ စည်းရုံးလှုပ်ရှားရန်ရှိပေမည်။ ပြည်သူလူထုအ နေဖြင့်လည်း မိမိတို့နှစ်သက်သည့်ပါတီကိုယ်စားလှယ်  လောင်းကို လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်ကြရပေမည်။ မည်သို့ဆိုစေ နိုင်ငံရေးပါတီများသည် ပြည်သူလူထုအတွင်း ကွင်းဆင်း၍ မလွဲမသွေစည်းရုံးလှုပ်ရှားကြရမည်သာဖြစ် သည်။
ပါတီတစ်ရပ်၏ လှုပ်ရှားမှု၊ လုပ်ဆောင်မှုများသည် စိတ်ကူးရပြီး ရုတ်ခြည်းအကောင်အထည်ဖော်လုပ်ကိုင် ခြင်းမျိုးမဟုတ်ပေ။ ဒိဋ္ဌဓမ္မအခြေအနေများကို ယထာဘူ တကျကျ လေ့လာရှုမြင်သုံးသပ်၍ ထိုအခြေအနေများနှင့် လျော်ကန်သော အခြေခံနိုင်ငံရေးလမ်းစဉ်ကိုချမှတ်လျက်  သာဆောင်ရွက်အပ်ပေသည်။
နိုင်ငံရေးအသုံးအနှုန်းဖြင့်ပြောရလျှင် ထိုသို့လုပ်ဆောင် ခြင်းသည်ပင်လျှင် ''မဟာဗျူဟာ''နှင့် ''နည်းဗျူဟာ'' ချမှတ် ခြင်းဖြစ်သည်။ ပါတီတစ်ရပ်၏ လှုပ်ရှားမှုများ၊ လုပ်ငန်းစဉ် များ ထက်မြက်ရေး၊ အောင်မြင်ရေးသည် ယင်းပါတီကချမှတ် အပ်သော မဟာဗျူဟာနှင့် နည်းဗျူဟာတို့၏ တိကျမှန်ကန် မှုများပေါ်တွင် များစွာတည်လျက်ရှိသည်။ ထို့ကြောင့်မဟာဗျူ ဟာနှင့် နည်းဗျူဟာအရေးကို ပါတီအနေဖြင့် အထူးအာရုံ စိုက်မှတ်ရပေသည်။ ထို့ပြင်ချမှတ်ထားပြီးသော မဟာဗျူ ဟာနှင့် နည်းဗျူဟာများကိုလည်း အချိန်အခါအခြေအနေ နှင့်ကိုက်ညီမှု ရှိ မရှိပြန်လည်ဆန်းစစ်ရသည်။ ထို့အတူ ချမှတ်ရဦးမည့်ရှေ့လုပ်ငန်းစဉ်များကိုလည်း မဟာဗျူဟာ နှင့် နည်းဗျူဟာများခွင့်ပေးလာမည့်အချိန်၊ အခြေအနေတို့ နှင့် အံဝင်ခွင်ကျမှု ရှိ မရှိ အမြဲတစေ စိစစ်သုံးသပ်နေရ သည်။ ဤသို့ဆိုလျှင် ပါတီ၏မဟာဗျူဟာနှင့် နည်းဗျူဟာတို့ ကား အဘယ်နည်း။ ကျွန်တော်လေ့လာသိရှိထားသမျှကို ယေဘုယျသဘော တင်ပြလိုပေသည်။
မဟာဗျူဟာ
မဟာဗျူဟာဆိုသည်မှာ သမိုင်းပေးအခြေအနေတစ် ရပ်လုံးကို ခြုံငုံသုံးသပ်လျက် ထိုသမိုင်းပေးအခြေအနေနှင့် ကိုက်ညီရန် ချမှတ်ထားအပ်သော ယေဘုယျလမ်းကြောင်း  ဖြစ်သည်။ အခြေအနေနှင့် လျော်ညီသောအဓိကရည်မှန်း ချက်နှင့် အဓိကလုပ်ငန်းများကို ထိုလမ်းကြောင်းက ပြဋ္ဌာန်း ပေးသည်။ ထိုလမ်းကြောင်းကိုပင် နိုင်ငံရေးမဟာဗျူဟာဟု ခေါ်နိုင်သည်။
Source: YMG
Category: Politic & OP
Action:  Print this page   Mail This    Add favorite

 

Local news
World & Asia
Entertainment
Life Style

Health
Culture & Society
Politics & OP/View
Perspective

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map

Copyright © 2007 Yangon Media Group. All rights reserved.

yangonmedia.com

 Total Hits: web page hit counter

Powered By: CREATIVE Web Studio