Home / Contact us / Site Map
Create my Yangonmedia Account or Login

 

Home » International News » ပါကစ္စတန်တွင်အရေးပေါ်အခြေ အနေထုတ်ပြန်

 

Make Yangon Media Your Home page

Local news
လာမည့်နှစ်မိုးရာတွင် ရေလျှံမှုမရှိစေရန် အင်းလျားကန်ကြီး ပြန်ဆယ်မည်

World & Asia
ပါကစ္စတန်တွင်အရေးပေါ်အခြေအနေထုတ် ပြန်

Entertainment
အနက်ရှိုင်းဆုံး တစ်နေရာ

Life Style
ကိုရီးယားရုပ်ရှင်သရုပ်ဆောင် ဟာဂျီ ၀မ်အား

Health
ကင်ဆာရောဂါကုသရန် အလားအလာ ကောင်းသော ကုထုံးသစ်တွေ့ရ

Culture & Society

Politics & OP/View
ဒေါ် အောင်ဆန်းစုကြည်က တရားဝင်ပြော ကြား

Perspective

ပါကစ္စတန်တွင် အရေးပေါ်အခြေအနေထုတ်ပြန် အတိုက်အခံခေါင်းဆောင်များ လူ့အခွင့်အရေးလှုပ်ရှား သူ များကို ဖမ်းဆီး

အစ္စလာမ္မာဘတ်၊ ပါကစ္စတန်နိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရပ်ဆိုင်းကာ ထိပ်တန်းတရားသူ ကြီးကို ထုတ်ပယ်ပစ်လိုက်ပြီး အစ္စလာမ်အစွန်း ရောက်ဝါဒီတို့၏ ပုန်ကန်ထကမှုကို နှိမ်နင်းရန် တပ် များချထားအပြီးတွင် တိုက်ခိုက်ရေးရိုင်ဖယ်သေနတ် များကိုင်ဆောင်ထားသော ရဲများသည် အတိုက်အခံ ခေါင်းဆောင်များနှင့် လက်ယာဝါဒီလှုပ်ရှားသူများ ကို နိုဝင်ဘာ ၂၄ရက်က ဖမ်းဆီးလိုက်ကြောင်း အေပီသတင်း၌ ဖော်ပြသည်။

၁၉၉၉ခုနှစ် အာဏာသိမ်းပြီးနောက် သူ၏ စစ်တပ်ရာထူးကိုစွန့်မည်ဟု ကတိပေးထားကာ ယခုနှစ်တွင် အရပ်သားသမ္မတဖြစ်လာသူ ဗိုလ်ချုပ် ပါဗက်ဇ်မူရှာရက်ဖ်သည် နိုဝင်ဘာ ၃ရက်က နိုင်ငံ တော်အရေးပေါ်အခြေအနေကို ကြေညာခဲ့သည်။

ဒေါန်းနေ့စဉ် သတင်းစာခေါင်းစီး၌ ‘ဗိုလ် ချုပ်မူရှာရက်ဖ်၏ ဒုတိယအကြိမ်အာဏာသိမ်းပွဲ’ ဟု ဖော်ပြထားသည်။

ပါကစ္စတန်တစ်ဝန်းလုံးတွင် စစ်အုပ်ချုပ်ရေး ကို ဆန့်ကျင်လှုပ်ရှားရေးတပ်ဦး၌ပါဝင်သူ နိုင်ငံရေး လှုပ်ရှားသူများနှင့် ရှေ့နေများကို ဖမ်းဆီးသည်။
လက်နက်ကိုင်ရဲ ၂၀၀တို့သည် နိုဝင်ဘာ ၄ ရက်က လာဟိုးမြို့ရှိ လူ့အခွင့်အရေးကော်မရှင်ရုံး ကို ၀င်ရောက်စီးနင်းကာ လူ့အခွင့်အရေးလှုပ်ရှား သူ ၅၀ခန့် ဖမ်းဆီးခဲ့သည်ဟု ကော်မရှင်မှ တရား ၀င်အရာရှိ မားဘုတ်အာမက်ခန်က ပြောသည်။

မူရှာရက်ဖ်သည် အရေးပေါ်အခြေအနေကို ဗန်းပြပြီး စစ်တပ်ကတိုက်ရိုက်အုပ်ချုပ်သည့် မာရှယ် လောကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု သူတို့နှင့် အခြား သူများ၏စွပ်စွဲချက်ကို တရားသူကြီးချုပ် မာလစ်မိုဟာ မက်ကွေယွမ်က ငြင်းဆိုသည်။

 
Source: Yangon Times Journal
Category: International News
Action:  Printable Version  |  Mail This  |    Add favorite


 

 
     

About Yangon Media  • Contact Us  • Privacy  • Advertisement with us  • Help  • Site Map
Copyright © Yangon Media 2007.

yangonmedia.com

Total Hits: web page hit counter

Powered By: CREATIVE Web Studio