|
လေဘေးကူညီရေး တနင်္ဂနွေခရီး

ထောက်ပံ့ရေးပစ္စည်းများ အပြည့်တင်ထားသည့် အလှူရှင်၊ စေတနာရှင်
ကားတန်းများ ကို ရန်ကုန်မြို့မှအထွက်
ပန်းလှိုင်တံတားကိုကျော်သည်နှင့် ကြည်နူးဖွယ်ရာ တွေ့ရသည်။
ကားဖြင့်သွားရသည့် လမ်းခရီးမှာ ကြမ်းတမ်းသော်လည်း
အလှူရှင်များကို မြင်ရ သည် မှာ အားလုံး တက်တက်ကြွကြွ
ရှိနေကြသည်။ သူတို့သွားရမည့်ခရီး ကြမ်းသော် လည်း မေ ၂ ရက်နှင့်
၃ရက်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်သင့်ခဲ့ရသူ
ပြည်သူများ၏ ဒုက္ခ နှင့် နှိုင်းယှဉ်လျှင် ဘာမှမပြောပလောက်ဟု
အလှူရှင်အားလုံး၏ စိတ်မှာ မှတ်ထင်ထားကြ သည်။
တနင်္ဂနွေမို့ အလှူရှင်ကားတန်းများမှာ
ယခင်နေ့များထက် ဒလ၊ ကွမ်းခြံကုန်းကားလမ်း ပေါ်မှာ ပိုများနေတာ
တွေ့ရသည်။ တချို့က ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ လမ်းပန်းဆက်
သွယ်ရေး ခက်ခဲသော လေဘေးဒဏ်ခံကျေးရွာများသို့
ထောက်ပံ့ရေးပစ္စည်းများ သွားရောက် လှူဒါန်းမည်ဖြစ်ပြီး
တချို့အဖွဲ့များက ကွမ်းခြံကုန်းမှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊
ဘိုကလေး ဘက်သို့ ဆက်လက်ခရီးဆက်ကြ မည်ဖြစ်သည်။
အတိုင်းအတာတစ်ခုထိ ပြင်ဆင်ပြီးဖြစ်သည့်
ကွမ်းခြံကုန်းမြို့မှာတော့ မြို့သားတွေ နာဂစ်ဒဏ်မှ
ပြန်လည်နာလန်ထူဖို့ ရုန်းကန် နေကြသည်။
မြို့နယ်ဘောလုံးကွင်းမှာမူ လေဘေး ကြောင့် အိုးအိမ်မဲ့ခဲ့ရသူ
ဒုက္ခသည်များအတွက် လေဘေးကယ်ဆယ်ရေးစခန်းကို တာဝန်ရှိသူ များက
ဖွင့်လှစ်ပေးထားသည်။
ကွမ်းခြံကုန်းမြို့နယ်အတွင်း လေဘေးကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရသည့် ကျေးရွာတွေ မနည်းလှကြောင်း ဒေသခံတွေက
ပြောပြ ကြသည်။ ရန်ကုန်နှင့် မိုင်သုံးဆယ်ကျော်အဝေးမှာ
ပင်ရှိသည့် အဆိုပါနေရာများသို့ သွားရသည်မှာ မဝေးသော်လည်း
သွားရေးလာရေး ခက်လှ သည်။
ကွမ်းခြံကုန်းမှအထွက် စံမတူရပ်ကွက်ကို
ကျော်သည်နှင့် ကျောက်ခင်းလမ်းပေါ်ဖြတ် ပြီး ကားမောင်းရသည်။
တချို့နေရာ များတွင် ကတ္တရာလမ်းခင်းထားသော်လည်း မုန်တိုင်းနှင့်
အတူ တရိပ်ရိပ်တက်ခဲ့သည့် ဒီလှိုင်းများကြောင့်
အကုန်ပျက်စီးနေချေပြီ။ ထိုမျှ ခက်ခဲကြမ်း တမ်းသည့်
လမ်းပေါ်မှာပင် ဇွဲနပဲနှင့် လေဘေးသင့်သူများကို သွားကူမည့်
အလှူရှင်ကားတွေ ရှိနေသည်။
“အစတုန်းကတော့ ဒီဘက်ကရွာတွေ ဒီလောက်ဆိုးတယ်ဆိုတာ မသိဘူး။
နောက် တော့မှ ကျွန်တော်တို့သိတာ။ ပထမတစ် ခေါက်
ရောက်ခဲ့ပြီးပြီ၊ တောင်ကုန်း၊ ဆိပ်ကြီး၊ ကျွန်း
ချောင်းရွာတွေဘက်မှာ ပစ္စည်းတွေ လှူခဲ့တယ်။ ဒီနေ့တော့
မရောက်သေးတဲ့ ရွာတွေဘက်မှာ သွားလှူမယ်”ဟု ဆိုခဲ့ပါလမ်းပေါ်ရှိ
ချောင်း ကိုဖြတ်သည့် တံတားမကောင်းသဖြင့် ယာဉ်ကြော တွေ
ခေတ္တပိတ်နေစဉ် စေတနာရှင်တစ်ဦးက ပြောပြခဲ့သည်။
သွားရမည့်ခရီး မည်မျှပင် ဆိုးပါစေ၊ စေတနာရှင်များ၏
စိတ်အားထက်သန်မှုကိုတော့ မတားဆီးနိုင်ပါ။ တစ်ခါတလေ
ကျောက်ခင်းလမ်းကြောင့် ကားမှာ နှေးလွန်းလှသဖြင့် လမ်း
လျှောက်နေသူများကပင် ကျော်သွားသည်။
တစ်နာရီ တစ်မိုင်ခွဲနှုန်းလောက်ဖြင့် မောင်းရသည့်
ထိုလမ်းဘေးဝဲယာမှာ လယ်ကွင်း တွေချည်းဖြစ်သည်။
ထွန်ရေးငင်ချိန်ရောက်နေသော်လည်း မည်သည့်လယ်သမားမျှ လုပ်ငန်း
တွေ မစတင်နိုင်ကြသေးပါ။ တစ်နေရာမှာတော့ ထဘီတိုတို ၀တ်ထားသည့်
အမျိုးသမီးကြီး တစ်ဦးနှင့် ကြိမ်လုံးကိုင်ထားသည့်
အမျိုးသားငယ်တစ်ဦးကို တွေ့ရသည်။
‘ ဘယ်ရွာကလဲအစ်မကြီး ’ ဟု မေးသည့်အခါ
ဆိပ်ကြီးရွာကဟုဆိုသည်။ ဘယ်သွား မလို့လဲဟု ဆက်မေးတော့
ကျွဲပျောက်ရှာနေတာဟု ပြန်ဖြေသည်။
မုန်တိုင်းညက ပျောက်သွားခဲ့သည့် သူတို့ကျွဲများ
ပြန်မတွေ့ရသေးသည်မှာ တစ်လ နီးပါး ရှိပြီပဲ။
“ကျွဲခြောက်ကောင် ရှိတယ်။ နှစ်ကောင်က
ချည်တိုင်မှာတင် ကြိုးပတ်ပြီး သေကျန်နေ ခဲ့တာ။
ကျန်တဲ့လေးကောင်ကတော့ ဘယ်ရောက်နေလဲမသိဘူး။ ကျွဲသေတွေ့တိုင်းလဲ
ကိုယ့် ကျွဲလားလို့ သေချာကြည့်တယ်။ မတွေ့ရဘူး။ ကျွန်မကျွဲတွေ
မသေသေးဘူးလို့ ထင်တာပဲ။ ရွာနီးချုပ်စပ်လဲ နှံ့နေပြီ။ ဒီကျွဲတွေ
ပြန်မတွေ့မချင်း လယ်ဘယ်လို ထွန်လို့ရဦးမလဲ”ဟု အမျိုး
သမီးကြီးက ပြောပြသည်။ ရက်ပေါင်းများစွာ
ကျွဲပျောက်ရှာနေခဲ့ရသဖြင့် သူမမျက်နှာနွမ်းလှပြီ။ သို့သော်
သူ့ကျွဲလေးတွေ ပြန်တွေ့မှသာ လယ်လုပ်လို့ရမည်ဆိုသည့်
မျှော်လင့်ချက်ကောက် ရိုးမျှင်လေးကိုတော့ ဖမ်းဆုပ်ထားပုံရသည်။
“ကျွဲနွားကလဲ ဒီ့နောက်ပိုင်း
ပိုက်ဆံရှိလို့ဝယ်မယ်ဆိုရင်တောင် ၀ယ်လို့မရဘူး။ လယ်
သမားတွေမှာလဲ ကျွဲပိုနွားပိုက မရှိတော့ဘူး”ဟု အတူပါလာသည့်
ဒေသခံက ရှင်းပြသည်။
ခိုင်းကျွဲ သန်သန်မာမာ အလုံးလှလှတစ်ကောင်ကို
ကျပ်ခုနစ်သိန်းခန့်ဈေးရှိကြောင်း
သိရသည်။ကွမ်းခြံကုန်းမှတစ်ဆင့် သုံးမိုင်ခန့်ဖြတ်ပြီးသည့်အခါ
တော်ခရမ်းကြီးကျေးရွာကို ရောက် သည်။ ကားလမ်းပေါ်မှ တောင်ကုန်း၊
ကျွန်းချောင်းရွာများကို လှမ်းမြင်ရသည်။ ထိုရွာများသို့
မြေလမ်းလေးအတိုင်း ကားမောင်းဝင်သွားရုံဖြစ်သည်။
တချို့အလှူရှင်ကားတွေကထိုရွာ များ ဘက် ချိုးဝင်သွားတာ
တွေ့ရသည်။ အလှူရှင်ကားတစ်စီး ၀င်လာတိုင်း ရွာသားတွေ ကားအနီး
အုံခဲလာတာကိုလည်း မြင်ရသည်။
တချို့က ထိုကျေးရွာများဘက်သို့ ချိုးမ၀င်တော့ဘဲ
တော်ကူးကျေးရွာဘက် ဆက် သွားကြသည်။ လမ်းက
တောင်ကုန်းရွာကျော်သည်နှင့် ပိုဆိုးလာသည်။ တော်ကူးရွာမှာ ယခင်
က တိုက်နယ်အဆင့်ရွာကြီး ဖြစ်သည်။ နာဂစ်တိုက်ပြီး
ဒဏ်ရာဒဏ်ချက်တွေ အတော်ခံလိုက် ရသော်လည်း
လူချမ်းသာတွေများသေးသည်။ တော်ကူးရွာဘက်မှ ရွာသစ်ရွာဘက်ကို ကား
လမ်းမ ပေါက်။ ခုနစ်ပေခန့် ရေအနက်ရှိသည့် ချောင်းရိုးလေးအတိုင်း
လှေဖြင့်သွားရသည်။ ဘေးဘီ ၀ဲယာမှာတော့ ဗေဒါပင်တွေ၊
ဒိုက်ဖောင်တွေကို မြင်ရသည်။ သူနှင့်တစ်ဆက်တည်းမှာ တော့
ကုန်းမြေမြင့်မြင့်မရှိ၊ လယ်ယာမြေတွေချည်းဖြစ်သည်။
ခက်ခက်ခဲခဲ သွားရသော်လည်း ဒုက္ခရောက်သူများကို
ကူဖို့ လှေပေါ်ပါလာသူတွေ အားလုံး စိတ်အားထက်သန်နေကြသည်။
လှေဝမ်းကျဉ်းကျဉ်းလေးမှာ ပစ္စည်းအပြည့်တင်ထား သည်မို့
မြုပ်လုမြုပ်ခင် ဖြစ်နေသော်လည်း မကြောက်ကြ။ တစ်ခါတစ်ခါလှေက
ကုန်းမြေနှင့် မလွတ်တတ်သည်မို့ ဆင်းတွန်းရသေးသည်။
အလှူရှင်တွေလာသည်ဆိုတော့
ရွာသူရွာသားများ၏မျက်နှာမှာ ၀င်းလက်နေကြသည်။ ခက်ခက်ခဲခဲခရီးကို
ဖြတ်ကျော်ပြီး သူတို့ကို ကူညီလာသည်မို့ တန်ဖိုးလည်းထားကြသည်။
တစ် နေရာမှာတော့ ပြားပြားဝပ်နေသည့် စာသင်ကျောင်းလေးကို
မြင်ရသည်။
“ကျွန်တော်တို့က ဒီကျောင်းလေးကို
မူလွန်ကျောင်းလုပ်မယ်လို့တောင် ဒီနှစ် စဉ်းစား နေတာဗျ။
ထိုက်သင့်တဲ့ ကူညီထောက်ပံ့မှုတွေလဲ ယူမယ်။ ကျွန်တော်တို့လဲ
ဝိုင်းဝန်းကြိုးစား မယ်ပေါ့ဗျာ။ အခုတော့ အားလုံးသွားပြီ”
အပျက်အစီးတွေကို ဓာတ်ပုံရိုက်နေတုံး အနားရောက် လာသည့်
ကျောင်းဆရာက အကျိုးအကြောင်း ပြောပြသည်။
ပါလာသည့် အထောက်အပံ့ပစ္စည်းတွေ၊ သွပ်တွေ၊
တာပေါလင်စတွေ၊ အစားအစာနှင့် အ၀တ်အထည်များကို ရွာသားတွေ
ဝေယူနေကြတုန်း လယ်သမားတစ်ဦးနှင့် စကားလက်ဆုံ ကြမိသည်။
လတ်တလောတွင် လယ်လုပ်ငန်းတွေ ဘယ်လိုနည်းနဲ့မှ
ပြန်မစနိုင်သေးကြောင်း သူက ပြောပြသည်။ လိုအပ်သည့်
အထောက်အပံ့တွေ ရနိုင်လျှင်တော့ ပြန်လည်စတင်ဖို့ ဖြစ်နိုင်
မှာပါ ဟုလည်း သူက မျှော်လင့်နေသည်။
“လယ်လုပ်ဖို့ နောက်ကျနေပြီဆိုပေမယ့် လုပ်လို့တော့
ရပါသေးတယ်။ စပါးအထွက် နှုန်းတော့ နည်းသွားမှာပေါ့။ ခက်တာက
မသေလို့ ကျန်ခဲ့တဲ့ကျွဲ၊ နွားတွေက ချည့်နဲ့အားနည်း နေတာပဲ။
သူတို့ စားကျက်မြေတွေကလဲ အကုန်လုံးရေမြုပ်နေတော့ အစာရေစာလဲ
ခက်နေ တယ်။ လယ်ထဲမှာ ပြန်ခိုင်းဖို့ဆိုတာ သူတို့
ကျန်းမာကြံ့ခိုင်ဖို့လဲ လိုသေးတာကိုး”ဟု ယင်းလယ် သမားကြီးက
ရှင်းပြသည်။
စေတနာရှင်များ၏ အထောက်အပံ့ ပစ္စည်းများကြောင့်
လူတွေ ၀၀လင်လင် စား သောက်နေကြရသော်လည်း ကျွဲ၊ နွားတွေအတွက်မူ
အစားအစာနှင့် ဆေးဝါးများ လိုအပ်နေ သေးကြောင်း သူက ပြောပြသည်။
“လူတွေကို ထောက်ပံ့နေသလို ကျွဲ၊ နွားတွေအတွက်လဲ
စဉ်းစားပေးစေချင်တယ်။ လိုအပ်တဲ့ဆေးဝါးတွေ သူတို့ကို
တိုက်ချင်တယ်။ ကာကွယ်ဆေးတွေလဲ ထိုးပေးဖို့လိုဦးမယ်။
ကျွန်တော်တို့ လယ်သမားတွေအဖို့ ကျွဲ၊ နွားတွေကို
အဓိကမှီခိုနေရတာလေ”ဟု ဆိုသည်။
လယ်သမားအများစုကမူ ကျွဲ၊ နွားတွေ၊ မျိုးစပါးတွေ၊
လယ်လုပ်ငန်းကိရိယာတွေ အားလုံးက မုန်တိုင်းကြောင့်
ဆုံးရှုံးခဲ့ရပြီမို့ ယခု နှစ်လယ်လုပ်ငန်းခွင် ပြန်ဝင်နိုင်ရေး
လိုအပ် သည့် မျိုးစပါးအပြင် ကျွဲ၊ နွားတွေကိုယ်စားအသုံးပြုရန်
လယ်ထွန်စက်တွေ၊ စက်သုံးဆီတွေ လိုချင်နေကြကြောင်း
ဆုံခဲ့ရသည့်လယ်သမားများက ပြောပြခဲ့သည်။
“လယ်တွေ ရေငန်ဝင်ခဲ့ပြီဆိုပေမယ့် မိုးစပါးကတော့
ကောင်းကောင်း လုပ်လို့ရပါသေး တယ်။ နွေစပါးစိုက်ဖို့တော့
လိုအပ်တဲ့ ပြင်ဆင်ပြုပြင်မှုတွေ လုပ်ရဦးမှာဆိုတော့ ကျွန်တော်
ထင်တယ်။ လာမယ့်နွေစပါးကတော့ စိုက်လို့ရမယ်မထင်ဘူး”ဟု
တော်ကူးကျေးရွာ အရှေ့ပိုင်း မှ လယ်သမားတစ်ဦးက ပြောပြသည်။
လယ်သမားအများစု နေထိုင်ကြသည့်
တော်ကူးကျေးရွာအုပ်စုအတွင်းရှိ ရွာများမှ မည် သည့် လယ်သမားမျှ
လယ်လုပ်ငန်းခွင်ဝင်ကာ ထွန်ရေးငင်ဖို့ မစဉ်းစားနိုင်ကြသေးပါ။
မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့်နေအိမ်များ
ပြန်လည်ပြုပြင်ဖို့နှင့် လတ်တလော စား ၀တ်နေရေး
အဆင်ပြေဖို့ကိုသာ ဖြေရှင်းနေကြရသည်။
“တစ်သက်လုံး လယ်လုပ်လာခဲ့တာဆိုတော့ လယ်သမားပီပီ
လယ်ထွန်ချိန်ရောက်ရင် မနေနိုင်ဘူးဗျ။ ခြေထောက်တွေက လယ်ထဲပဲ
ဆင်းချင်နေတာ”ဟု သမန်းဆီတွေတက်နေ သည့် ခြေသလုံးကို
ငုံ့ကြည့်ရင်း တောင်ကုန်းကျေးရွာမှ လယ်သမားကြီးဦးမြစိန်က
ပြောပြ သည်။
သူနေထိုင်ရာ အိမ်ကလေးမှာ မြေပေါ်တွင်
ပြားပြားဝပ်ခဲ့ပြီး ကျွဲ၊ နွား တချို့လည်း
ဆုံးရှုံးတိမ်းပါးကုန်သည်မို့ ဆန္ဒအတိုင်း လယ်ပြန်လုပ်ဖို့
လက်တွေ့မဖြစ်နိုင်သေးကြောင်းလည်း သူ့ကိုယ်သူ နှစ်သိမ့်စကား
ဆိုနေသေးသည်။
မုန်တိုင်းလွန်ခဲ့သည်မှာ တစ်လနီးပါးရှိခဲ့ပြီမို့
အစောပိုင်းရက်များက အကူအညီမဲ့ခဲ့သည့် ကျေးရွာများသို့
အလှူရှင်ကားတွေ ရောက်နေပြီး အကူအညီလည်း ခံစားနေကြရပြီဖြစ် သည်။
ပြည့်စုံလုံလောက်သည် မဆိုနိုင်သော်လည်း အထိုက်အသင့်တော့
သူတို့အတွက် အထောက် အကူဖြစ်ပါသည်။ သွားရေးလာရေးကြောင့်
တချို့နေရာများတွင် အကူအညီ မရောက် နိုင်ကြ သေးကြောင်းလည်း
သိရသည်။ စေတနာရှင်များကတော့ ဘေးဒုက္ခတွေ ကျရောက်ခဲ့ရာ အဆိုပါ
အရပ်ဒေသများသို့ ရှာဖွေကာ ကြိုးစားသွားလာ၍
ကူညီပေးလျက်ရှိနေပါသည်။
ပျက်စီးဆုံးရှုံးခဲ့ပြီးနောက်တွင်
တတ်နိုင်စွမ်းသလောက် ပြန်လည်ထူထောင်ဖို့ကိုသာ လေဘေးသင့်သူတွေ
စိတ်အားထက်သန်နေကြသည်။
လယ်ယာလုပ်ငန်းခွင် ဒေသများဖြစ်၍ နိုင်ငံတော်ကလည်း
မိုးစပါးအမီ စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်
မျိုးစပါးအစ လယ်ထွန်းကိရိယာများအဆုံး တာဝန်ယူကူညီ ပေးလာပြီ
ဖြစ်သည်။
ထိုက်သင့်သည့် အကူအညီပေးမှုများလည်း လာနေသည်မို့
မကြာလှသည့်ကာလတွင် သူတို့နဂိုအတိုင်း သူတို့အိုးအိမ်တွေ၊ ဘ၀တွေ
ပြန်လည်ထူထောင်နိုင်မည်ဆိုသည့် မျှော်လင့် စိတ်ကလေးတွေ
သူတို့ရင်တွင်းမှာ ရှင်သန်နေကြသည်ကို ကျေးရွာသားတွေနှင့်
စကားပြော ရင်း ခန့်မှန်းမိသည်။
ပြန်လာခဲ့ရာ ခရီးလမ်းကြမ်းကြမ်းတွင် ကားကို
နှေးနှေးသာ မောင်းနှင်ရသည်မို့ ကွမ်းခြံ ကုန်း
ပြန်ရောက်ချိန်တွင် မှောင်စပြုနေပြီ။ အလာခရီးတုန်းကလိုပင်
အပြန်ခရီးမှာလည်း ရန်ကုန်ဘက်ကို ပြန်နေကြသည့် အလှူရှင်ကားတွေ
မဆုံးသေးပါ။
ညက ပိုပြီးမှောင်လာနေပြီမို့ ကားတွေအားလုံး
မီးထိုးမောင်းနေကြသည်။ တစ်နေကုန် ပင်ပန်းခဲ့ကြသည့်တိုင်
ကားလမ်းပေါ်တွင် တွေ့ရသည့် အလှူရှင်များ၏မျက်နှာတွေ ပီတိစိတ်
ဖြင့် လွှမ်းထုံနေသည်။ အမှန်တကယ် အကူအညီပေးသင့်သူတွေကို
ပေးနိုင်ခဲ့သည် မဟုတ်ပါ လား။ ပန်းလှိုင်တံတားပေါ်မှ
ရန်ကုန်မြို့ညကို လှမ်းမြင်ရသည်။
မုန်တိုင်းဒဏ်သင့်ခဲ့သည့်တိုင် မပျက်မစီးဘဲရှိခဲ့သည့်
မြတ်ဘုရားရွှေတိဂုံကို ကားပေါ်မှပင် ဖူးမြော်ရင်း
နာဂစ်ဒဏ်ခံခဲ့ရသူ အားလုံးအတွက် ဆုမွန်ကောင်းများ
တောင်းပေးမိသည်။ သေဆုံးခဲ့ရသူများ ကောင်းရာသုဂတိ လားပါစေ။
လာမည့် တနင်္ဂနွေမှာလည်း လေဘေးသင့်သူမျာကို
ထပ်မံကူညီလှူဒါန်းဖို့ ပန်းလှိုင် တံတားပေါ် နောက်တစ်ခေါက်
ဖြတ်ရဦးမည်။
|