၂၀၀၄ခုနှစ် ဒီဇင်ဘာလအတွင်းက ဆူနာမီ သဘာဝဘေးအန္တရာယ်
ကျရောက်ခဲ့သော ထိုင်းနိုင်ငံ ဖူးကက်အပန်းဖြေရာ ကမ်းခြေတစ်
လျှောက်တွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား များ
အများစုဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ
လုပ်ကိုင်ခဲ့ရာ ဆူနာမီကြောင့် ပျက်စီးမှုမှာ
မရှိသလောက်ပင်ဖြစ်သည်။ ထိုဒေသတွင် ဆူနာမီကျရောက်စဉ်က
လူပေါင်း ၈၀၀၀ ကျော် သေဆုံးပြီး ထောင်ပေါင်းများ
စွာတို့သည် အဝေးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရ သည်။ ဆူနာမီ
သဘာဝဘေးအန္တရာယ် မကျရောက်မီက Yanong တွင် မြန်မာအလုပ် သမား
၄၇၅၀၁ ဦး၊ ဖူးကက်တွင် ၃၆၄၈၃ ဦး၊ Phang Nga တွင် ၂၉၇၀၃
ဦး၊ Trang တွင် ၈၀၀၀၊ Satun တွင် ၃၀၀၀၊ Krabi တွင် ၃၀၀၀
တို့ အလုပ်လုပ်ကိုင်လျက်ရှိသော်လည်း ထိုင်း အလုပ်
သမားဝန်ကြီးဌာန၌ ၂၂၅၀၄ သာလျှင် မှတ်ပုံတင်ထားကြောင်း
သိရသည်။ ၎င်းတို့ထဲမှ ဆူနာမီ ကြောင့် မြန်မာအလုပ်သမား ၈၀၀ခန့်
သေဆုံးခဲ့ရသည်။ သေဆုံးသူများထဲတွင် မြန်မာအလုပ် သမားများ
ပါဝင်ရာ အများစုသည် ပြည်နှင်ခံရမှု၊ ဖမ်းဆီးခံရမည်ကို
စိုးရိမ်ကြောက်ရွံ့မှုများ ကြောင့် သေဆုံးသွားကြသည့်
မိသားစုဝင်အလောင်းများကို တောင်းဆိုခြင်း မပြုလုပ်ရဲကြပေ။
ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် IOMအဖွဲ့တို့မှ
တာဝန်ရှိသူများနှင့် ဆက်သွယ်မိသူ အနည်းစု သာ Phang Nga
Thai Tsunami Victim Identification(TTVI) ရင်ခွဲရုံတွင်
DNA နမူနာပေးပြီး မိသားစုဝင်များ၏ အလောင်းများကို
စစ်ဆေးတောင်းဆိုခွင့်ရကြသည်။
ထိုင်းနိုင်ငံတွင် တရားဝင်နှင့်
တရားမ၀င်လမ်းကြောင်းများမှ ၀င်ရောက်အလုပ်လုပ်ကိုင် ကြသည့်
မြန်မာရွှေ့ပြောင်းအလုပ် သမားဦးရေမှာ
နှစ်သန်းခန့်ရှိနေပြီဖြစ်သည်။ မြန်မာအလုပ် သမားများသည်
ပင်ပန်းသည့် အလုပ်များလုပ်နိုင်ခြင်း၊ လုပ်ခနည်းနည်း
သာပေး၍ ခိုင်းစေနိုင် ခြင်းတို့ကြောင့် ထိုင်းအလုပ်ရှင်
အများစုက ထိုင်းအလုပ်သမားများထက် ပိုမိုတန်ဖိုးထားကြ သည်။
Thailand Development Research Institute(TDRI)၏အဆိုအရ
ထိုင်းနိုင်ငံသည် ပြည်ပမှ
ရွှေ့ပြောင်းအလုပ်သမားခုနစ်သိန်းခန့် လိုအပ်နေ သည်ဟုဆိုသည်။
လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကာလကတည်းက
ထိုင်းအလုပ်သမားများအစား မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို
နိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများသည်
ငါးဖမ်းလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ စိုက်ပျိုး
ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊
သစ်စက်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊
ပလတ်စတစ်စက်ရုံလုပ်ငန်း၊ ဥယျာဉ်ခြံမြေနှင့် လယ်ယာလုပ်ငန်း
စသည့်ကဏ္ဍတို့ တွင် ment to Government Arrangements
အစိုးရအချင်းချင်း အစီအမံများအရ ထိုင်း အလုပ်သမား
တစ်သိန်းကျော် ခန့်သည် အရှေ့အလယ်ပိုင်းနိုင်ငံများ၊
တရုတ်(တိုင်ပေ)၊ တောင် ကိုရီးယားနှင့်
စင်ကာပူနိုင်ငံများသို့ သွားရောက်လုပ်ကိုင် လျက်ရှိကြသည်။
ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံရှိ ပြည်ပမှ
ရွှေ့ပြောင်းအလုပ်သမားများအပေါ် ၎င်းတို့၏ ပြည်ပသွားရောက် လုပ်
ကိုင်နေကြသည့် ထိုင်းအလုပ်သမားများကဲ့သို့ပင်
တူညီသောမဟာဗျူဟာ (The Same Stra-tegy) ချမှတ်သင့်သည်။
ထိုင်းနိုင်ငံ၏ အလုပ်သမားမှတ်ပုံတင်သည့်
လုပ်ငန်းအစီအစဉ်သည် ခက်ခဲရှုပ်ထွေးပြီး အတော်အတန်
ဈေးကြီးသောကြောင့် ထိုင်းအလုပ်ရှင်များအနေဖြင့်
အလုပ်သမားများအား တရားဝင် မှတ်ပုံတင်ရေးကိစ္စကို လျစ်လျူရှု
ရှောင်ဖယ်ထားကြသည်။ တရားဝင်မှတ်ပုံတင် မထားသည့်အတွက်
အလုပ်ရှင်များအား တရားစွဲဆိုခြင်း ကျရောက်နိုင်သကဲ့သို့
အလုပ်သမား များမှာလည်း အာမခံခံစားခွင့်မရှိသည့်အပြင်
မတရားနှိပ်စက် ညှဉ်းပန်းမှုများလည်း ကျရောက် နိုင်သည်။
ယခုအခါ Phang Nga ဒေသတွင် ထိုင်းရဲများက
အချိန်မရွေးဖမ်းဆီးပြီး ပြည်နှင်နိုင် သဖြင့်
မှတ်ပုံတင်ထားသည့် အလုပ်သမားများအား ည ၈နာရီ မှ နံနက်
၆နာရီအထိ ည မထွက်ရ အမိန့်များဖြင့် ထိန်းချုပ်ထားခြင်း၊
ကားနှင့်ဆိုင်ကယ်မောင်းနှင်ခွင့်မပေးခြင်း၊ အလုပ်
သမားငါးဦးထက် စုဝေးခွင့်မပေးခြင်း၊ အလုပ်ရှင်၏ သဘောတူညီမှု
မရဘဲ Mobile Phones များ သုံးစွဲခွင့်မပြုခြင်း စသည့်
ကန့်သတ်ချက်များ ထားရှိလျက်ရှိသည်။
ထိုင်းအလုပ်သမားဥပဒေတွင်
အလုပ်ရှင်များအနေဖြင့် မှတ်ပုံတင်ထားသည့် အလုပ်
သမားများကိုသာ ငှားရမ်းရေးနှင့် ၎င်းတို့အား
သင့်တင့်လျောက်ပတ်သည့် နေရာချထားမှုများ
ဆောင်ရွက်ပေးရေးတို့ကို ပြဋ္ဌာန်းထားသည်။ သို့သော်
အလုပ်ရှင်များသည် ထိုဥပဒေအား လေးစားလိုက်နာမှုမရှိသဖြင့်
အနည်းငယ်သော ဒဏ်ကြေးများသာ ပေးဆောင်နေကြရသည်။
တရားဝင်မှတ်ပုံတင်ထားသည့် အလုပ်သမားများအနေဖြင့်
ပြည်နှင်ဒဏ် ခံရဖွယ်ရာ အနေ အထားများ ယခင်ကထက် ကြီးမားသည့်
အသွင်ဆောင်လျက်ရှိနေသည်။
လုပ်ခနည်းသည့် မြန်မာ
ရွှေ့ပြောင်းအလုပ်သမားများအဖို့ နှစ်စဉ်မှတ်ပုံတင်ကြေးပေး
ရန်ကိုလည်း ၀န်လေးလျက်ရှိကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ
နှစ်စဉ်မှတ်ပုံတင်ကြေးသည် ယင်း တို့၏ လုပ်ခတစ်လစာထက်
ပိုများနေသောကြောင့် ဖြစ်သည်။ ထို့အပြင် အလုပ်ရှင်များအနေ
ဖြင့် အခြားပြည်သူ့ကျန်းမာရေးဆိုင်ရာ
ဝန်ဆောင်မှုများကိုပေးရန် ၀န်လေးနေကြသည်။ ယင်း
အချက်များကြောင့် ထိုင်းနိုင်ငံတွင် တရားမ၀င်
အလုပ်စေခိုင်းခြင်းများအား အလေးသာစေ လျက်ရှိသည်။
မှတ်ပုံတင်ထားပြီး Work Permit ရှိသော
အလုပ်သမားများအတွက် နှစ်စဉ်သက်တမ်း တိုးပါက ထိုင်းဘတ်ငွေ
၃၈၀၀(အမေရိကန်ဒေါ်လာ ၁၁၂)ဖြစ်ပြီး ယင်းငွေကြေးတွင် ကျန်းမာ
ရေး စစ်ဆေးမှုအတွက် ထိုင်းဘတ်ငွေ ၆၀၀နှင့်
ကျန်းမာရေးအာမခံကြေး ထိုင်းဘတ်ငွေ ၁၃၀၀ တို့ ပါဝင်ကြသည်။
သို့သော် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့၏
လျှောက်ထားမှုနှင့်ပတ်သက်၍ ကြားပွဲစားများကိုသာ
အားကိုးအလေးထားပြုခြင်းဖြင့် ကုန်ကျမှု ၅၀ ရာခိုင်နှုန်းခန့်
ပိုမိုသဖြင့် နှစ်စဉ်သက်တမ်းတိုးခြင်းက
တရားဝင်မှတ်ပုံတင်လိုသည့် ဆန္ဒ အား လျော့ပါးစေသည်။
၂၀၀၆ခုနှစ် ပြည်ပအလုပ်သမားများ မှတ်ပုံတင်သည့် ဦးရေသည်
ခုနစ်သိန်းခန့်ရှိသော်လည်း ၂၀၀၇ခုနှစ် ဇွန်လ ၃၀ရက်အထိ
မှတ်ပုံတင်သည့်ဦးရေမှာ ငါးသိန်း ခန့် ရှိသဖြင့် သိသိသာသာ
မှတ်ပုံတင်ပြီး လုပ်ကိုင်လိုသည့် ဆန္ဒမရှိကြောင်း
တွေ့လာရသည်။
ထိုင်းနိုင်ငံအနေဖြင့်လည်း ၂၀၀၄ခုနှစ်မှစ၍
တရားဝင်ဖြစ်ရန် မှတ်ပုံတင်သည့်လုပ်ငန်း စဉ်ကို
ဆောင်ရွက်နေသော်လည်း တရားမ၀င် သွားရောက်အလုပ်လုပ်ကိုင်သည့်
အလုပ် သမားများအတွက် ကမကထ ဆောင်ရွက်ပေးခြင်း မရှိချေ။
ထိုအခြေအနေဆိုးများကြောင့် အချို့သော
ဝိသမလောဘသားအလုပ်ရှင်တို့သည်လည်း ထိုင်းလူ့အဖွဲ့အစည်းမှ
ဝိုင်းပယ်ထား သော တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများကို
ဈေးပေါပေါဖြင့် ငှားရမ်းကာ အမြတ်ထုတ် ကြသည်။ ဤနည်းဖြင့်
အလုပ်သမားများ လုပ်ခနှင့် နေထိုင်မှုအဆင့်အတန်းများကို
ညှိနှိုင်း ဆောင်ရွက်နိုင်မှု ကင်းဝေးစေသည်။ အကြောင်းမှာ
တရားမ၀င် မလုပ်သမားများဖြစ်သည့် အတွက် မဆိုင်းမတွ
ပြည်နှင်ဒဏ်ကျရောက်နိုင်ခြင်းကြောင့် ဖြစ်သည်။
သို့သော် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများသည်
လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး နယ်ပယ်များ၌
စွန့်ပယ်ထားသော ရွှေ့ပြောင်းအလုပ်သမားများနှင့် မိသားစု ၁
ဒသမ ၅သန်း ခန့်ကို သတိပြုမိလာပြီး တစ်နိုင်ငံလုံး၌
တွေ့ရသော ကြက်၊ ငှက်တုပ်ကွေးရောဂါပျံ့နှံ့မှု၊ ထပ်မံ
ပေါ်ပေါက်နိုင်သော ဆူနာမီ
သဘာဝဘေးအန္တရာယ်ကျရောက်နိုင်မှုတို့အား ကာကွယ်ဖြေရှင်း
ရန်မှာ အစိုးရ၏ တာဝန်ဖြစ်သကဲ့သို့
ထိုရွှေ့ပြောင်းအလုပ်သမားများ၏ ရပိုင်ခွင့်များကို ဆောင်
ရွက်ပေးရန်လည်း တာဝန်ရှိသည်ဟု ကျယ်ပြန့်စွာ
သဘောပေါက်လာကြသည်။ အလားတူ ၂၀၀၄ခုနှစ် ဒီဇင်ဘာ ဆူနာမီ
သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့ကြသည့် မိသားစုဝင်
များအတွက် အခွင့်အရေးတောင်းဆိုမှု၊
လုပ်ငန်းခွင်နယ်ပယ်များတွင် သွားလာကန့်သတ်ထိန်း ချုပ်မှု၊
တရားဝင် မှတ်ပုံတင်ကြေးများနှင့် အခြားအာမခံကြေးများကို
များပြားစွာ ကောက်ခံမှု စသည်တို့ကိုပါ တာဝန်ရှိသည့်
အဖွဲ့အစည်းက ထည့်သွင်းစဉ်းစားကြရန် လိုအပ်လျက်ရှိသည်။
နောက်အရေးကြီးဆုံးအချက်တစ်ချက်မှာ
ထိုင်းအစိုးရအနေဖြင့် လူမှောင်ခိုဂိုဏ်းများ နှင့်
လျှို့ဝှက်စွာ ဆက်နွှယ်ပတ်သက်နေသည့် အကောက်ခွန်ဝန်ထမ်းများ၊
ရဲများ၊ တာဝန်ရှိ သည့် အစိုးရ၀န်ထမ်းများ၏
အဂတိလိုက်စားမှုကို ထိရောက်စွာ တိုက်ဖျက်ရေးပင်ဖြစ်သည်။
ထိုင်းအစိုးရအနေဖြင့် ပြည်ပမှ
ရွှေ့ပြောင်းအလုပ်သမားများအပေါ် ယဉ်ကျေးသိမ်မွေ့ပျူငှာစွာ
ဆက်ဆံဆောင်ရွက်ခြင်းဖြင့်လည်း
အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုချစ်ကြည်ရင်းနှီးမှုကို
အထောက် အကူပြုမည် ဖြစ်သည်။
ထို့ကြောင့် ထိုင်းနိုင်ငံသည် မြန်မာ
ရွှေ့ပြောင်းအလုပ်သမားများအတွက် ရပိုင်ခွင့်အခွင့်
အရေးများ၊ ဆောင်ရွက်ပေးရမည့်ဝတ္တရားများကို ထိုင်းအစိုးရ၊
လုပ်ငန်းရှင်များနှင့် ရွှေ့ ပြောင်း အလုပ်သမားများ
ပူးပေါင်းသတင်းဖလှယ်ကာ ယုံကြည်မှုတည်ဆောက်ပြီး
ပိုမိုပွင့်လင်းသည့် စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့်
ရွှေ့ပြောင်းအလုပ်သမားများအတွက် စီးပွားရေးအကျိုး
များရရှိပြီး ယင်းမိသားစုများ၏
လူ့အခွင့်အရေးအားစောင့်ရှောက်ခြင်းဖြင့် နိုင်ငံတကာမှ
သတ်မှတ်ထား သည့် စံနှုန်းမီ အလုပ်သမားများ
အခွင့်အရေးများအား ရရှိမည်ဖြစ်ပါသည်။
ဝင်းနိုင်ထွန်း
|
Source: |
Flower News |
|
Category: |
Most Popular
Articles |
|
Action: |
Printable
Version |
Mail This |
Add favorite |
|